မနက္ျဖန္ ဒီဇင္ဘာလ ၄ ရက္ေန႔ မွာ စားေသာက္ဆိုင္နဲ႔ လက္ဖက္ရည္ဆိုင္မ်ား ျပန္ဖြင့္ခြင့္ေပးမယ္

စားေသာက္ဆိုင္နဲ႔ လက္ဖက္ရည္ဆိုင္ေတြ မနက္ျဖန္ ဒီဇင္ဘာလ ၄ ရက္ေန႔ ျပန္ဖြင့္ခြင့္ေပးမယ္

ေနျပည္ေတာ္နဲ႔ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ေတြရွိ Stay at Home သတ္မွတ္ထားျခင္းမရွိတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေဆးေဆာင္႐ြက္ၿပီး A အဆင့္ သတ္မွတ္ခံရတဲ့ စားေသာက္ဆိုင္နဲ႔ လက္ဖက္ရည္ဆိုင္ေတြကို မနက္ျဖန္ ဒီဇင္ဘာလ ၄ ရက္ေန႔က စတင္ၿပီး ျပန္လည္ဖြင့္လွစ္ခြင့္ေပးသြားမယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက “ဗဟိုေကာ္မတီကေတာ့ ၫႊန္ၾကားခ်က္လာၿပီ၊ ေနျပည္ေတာ္ေကာင္စီကလည္း မၾကာခင္ ဆိုင္ထိုင္စားေသာက္ခြင့္ ၫႊန္ၾကားခ်က္ထြက္ပါ့မယ္။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာ တစ္ႏိုင္ငံလုံးသေဘာ ၫႊန္ၾကားခ်က္ထဲမွာ ပါပါတယ္”လို႔ ေျပာပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ Stay at Home သတ္မွတ္ထားျခင္းမရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ကိုဗစ္-၁၉ ကာကြယ္၊ တားဆီးေရးဆိုင္ရာစံသတ္မွတ္ခ်က္ A အဆင့္နဲ႔ ကိုက္ညီၿပီး ဆိုင္ထိုင္စားေသာက္ခြင့္ျပဳႏိုင္တဲ့ ဆိုင္ ၈၀၁၇ ဆိုင္ရွိတယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းမွာ A အဆင့္သတ္မွတ္ခ်က္နဲ႔ ကိုက္ညီတဲ့ ဆိုင္ ၃၅၀ ေလာက္ရွိၿပီး သတ္မွတ္ခ်က္နဲ႔ မကိုက္ညီတဲ့ ဆိုင္ေတြအေနနဲ႔ လိုအပ္ခ်က္ေတြကို ျပန္လည္ျပင္ဆင္ၿပီး တင္ျပလာမယ္ဆိုရင္ ဖြင့္လွစ္ခြင့္ေပးသြားမယ္လို႔ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

————

နေပြည်တော်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေရှိ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ စစ်ဆေးဆောင်ရွက်ပြီး A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို မနက်ဖြန် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက “ဗဟိုကော်မတီကတော့ ညွှန်ကြားချက်လာပြီ၊ နေပြည်တော်ကောင်စီကလည်း မကြာခင် ဆိုင်ထိုင်စားသောက်ခွင့် ညွှန်ကြားချက်ထွက်ပါ့မယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ တစ်နိုင်ငံလုံးသဘော ညွှန်ကြားချက်ထဲမှာ ပါပါတယ်”လို့ ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ Stay at Home သတ်မှတ်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာစံသတ်မှတ်ချက် A အဆင့်နဲ့ ကိုက်ညီပြီး ဆိုင်ထိုင်စားသောက်ခွင့်ပြုနိုင်တဲ့ ဆိုင် ၈၀၁၇ ဆိုင်ရှိတယ်လို့ သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ A အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဆိုင် ၃၅၀ လောက်ရှိပြီး သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ ဆိုင်တွေအနေနဲ့ လိုအပ်ချက်တွေကို ပြန်လည်ပြင်ဆင်ပြီး တင်ပြလာမယ်ဆိုရင် ဖွင့်လှစ်ခွင့်ပေးသွားမယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

Be the first to comment on "မနက္ျဖန္ ဒီဇင္ဘာလ ၄ ရက္ေန႔ မွာ စားေသာက္ဆိုင္နဲ႔ လက္ဖက္ရည္ဆိုင္မ်ား ျပန္ဖြင့္ခြင့္ေပးမယ္"

Leave a comment

Your email address will not be published.


*