ေပ်ာက္ေဆးက မရွိေသး။ ကာကြယ္ေဆးက မၾကာမီ။ ဆိုေတာ့ ေျဖေဆး ေလးနဲ႔ ေစာင့္ၾကတာေပါ့ ။ အခုေတာ့ေျဖေဆးကိုေတြ႕ခဲ့ၿပီ။
(၁) ႏိုင္ငံေတာ္ ေျဖေဆး – ရွိရွိသမွ်ေသာ အရင္းအျမစ္တို႔ကို အစြမ္းကုန္သုံးၿပီး ပိတ္ခ်ီတစ္ခါ ၊ ဖြင့္ခ်ည္တစ္လွည့္ ။ ေကြၽးေမြးမပ်က္ ေဆာင္႐ြက္စီမံ ၿပီး ၾကဴနည္းေပါင္းစုံ ၊ စင္တာအမ်ိဳးမ်ိဳး နဲ႔ ျပည္သူတိုင္းကို ရင္ဝယ္သားပမာ သေဘာထား ေစာင့္ေရွာက္ခဲ့ပါတယ္။ အခုခ်ိန္က ႏိုင္ငံ့အရင္းအျမစ္တို႔ကို အနာဂါတ္အလို႔ငွာ ေရွ႕ေရး ေမွ်ာ္ေတြးရမွာမို႔ ။
ကိုယ့္အိမ္နီးခ်င္းေတြ နဲ႔ ယွဥ္လိုက္ရင္ ” ေစာင့္ေရွာက္မႈ ” အရာမွာ ေနာက္မက်န္ခဲ့ေပဘူးလို႔ “ေျဖ” မယ္ဆိုရင္ ” ေျဖသာ” တဲ့ အေျခအေနပါ။ တရားနဲ႔သာ ေျဖပါေရာ့ႏိုင္ငံေတာ္။
(၂) က်န္းမာေရးဝန္ထမ္းမ်ား ေျဖေဆး – ကိုဗစ္ႀကီးစ,ပါၿပီ ဆိုကတည္းက ဝန္ႀကီး မွသည္ ေအာက္ေျခက ျပည္သူ႔က်န္းမာေရးလုပ္သားအထိ ႏွစ္ေပါက္ေအာင္ စိတ္လည္းေထာင္း ၊ ကိုယ္လည္းေၾက လုပ္ခဲ့ၾကပါၿပီ။ လြဲတာေတြ ၊ေခ်ာ္တာေတြ ရွိခဲ့သလို စြမ္းႏိုင္၊ေဆာင္ႏိုင္ခဲ့တာေတြလည္း ရွိခဲ့ၾကပါၿပီ။
ျပည္သူေတြအေပၚမွာ “ကပ္ေဘး” ကာလတစ္ေလွ်ာက္ တာဝန္အေၾကဆုံး ေပးဆပ္ထမ္းေဆာင္ခဲ့ၾကပါၿပီ။ ဒီေတာ့ ” ေျဖ” မယ္ဆိုရင္ ” ေျဖသာ” တဲ့ အေျခအေနပါ။ တရားနဲ႔သာ ေျဖပါေရာ့ ဆရာ၊ဆရာမတို႔။
(၃) ျပည္သူ႔အတြက္ေျဖေဆး – အိမ္ထဲမွာေအာင့္ႏိုင္သေလာက္ ေအာင့္အည္းေပးခဲ့ၾကပါၿပီ။ လႉႏိုင္သေလာက္လည္း ကူညီလႉဒါန္း ပါဝင္ခဲ့ၾကၿပီးပါၿပီ။ ကူးစက္ခံ ၊ အသက္ဆုံးခံၿပီး က်န္တဲ့ ျပည္သူေတြ အတြက္ ကိန္းဂဏန္းတစ္ခုအျဖစ္ ျဖစ္ႏႈန္း၊ေသႏႈန္းေတြမွာပါဝင္ သက္ေသျပခဲ့ၿပီးပါၿပီ။
စည္းကမ္းမလိုက္နာႏိုင္ၾကသူေတြအတြက္ အသက္နဲ႔ ရင္းၿပီး ပညာေပးခဲ့ၾကတဲ့ ျပည္သူေတြအဖို႔ သူတို႔တာဝန္ေၾကခဲ့ၾကပါၿပီ။ Mask တပ္၊လက္ေဆး၊ ခပ္ခြာခြာေန။ တရားနဲ႔လည္း ေျဖႏိုင္ၾကပါၿပီ။
(၄) ၿပီးပါၿပီ ။ ကို ဗစ္ႀကီး ဤ မွာတြင္ ၿပီးပါၿပီ။
Nay Win
————–
ပျောက်ဆေးက မရှိသေး။ ကာကွယ်ဆေးက မကြာမီ။ ဆိုတော့ ဖြေဆေး လေးနဲ့ စောင့်ကြတာပေါ့ ။ အခုတော့ဖြေဆေးကိုတွေ့ခဲ့ပြီ။
(၁) နိုင်ငံတော် ဖြေဆေး – ရှိရှိသမျှသော အရင်းအမြစ်တို့ကို အစွမ်းကုန်သုံးပြီး ပိတ်ချီတစ်ခါ ၊ ဖွင့်ချည်တစ်လှည့် ။ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ ပြီး ကြူနည်းပေါင်းစုံ ၊ စင်တာအမျိုးမျိုး နဲ့ ပြည်သူတိုင်းကို ရင်ဝယ်သားပမာ သဘောထား စောင့်ရှောက်ခဲ့ပါတယ်။ အခုချိန်က နိုင်ငံ့အရင်းအမြစ်တို့ကို အနာဂါတ်အလို့ငှာ ရှေ့ရေး မျှော်တွေးရမှာမို့ ။
ကိုယ့်အိမ်နီးချင်းတွေ နဲ့ ယှဉ်လိုက်ရင် ” စောင့်ရှောက်မှု ” အရာမှာ နောက်မကျန်ခဲ့ပေဘူးလို့ “ဖြေ” မယ်ဆိုရင် ” ဖြေသာ” တဲ့ အခြေအနေပါ။ တရားနဲ့သာ ဖြေပါရော့နိုင်ငံတော်။
(၂) ကျန်းမာရေးဝန်ထမ်းများ ဖြေဆေး – ကိုဗစ်ကြီးစ,ပါပြီ ဆိုကတည်းက ဝန်ကြီး မှသည် အောက်ခြေက ပြည်သူ့ကျန်းမာရေးလုပ်သားအထိ နှစ်ပေါက်အောင် စိတ်လည်းထောင်း ၊ ကိုယ်လည်းကြေ လုပ်ခဲ့ကြပါပြီ။ လွဲတာတွေ ၊ချော်တာတွေ ရှိခဲ့သလို စွမ်းနိုင်၊ဆောင်နိုင်ခဲ့တာတွေလည်း ရှိခဲ့ကြပါပြီ။
ပြည်သူတွေအပေါ်မှာ “ကပ်ဘေး” ကာလတစ်လျှောက် တာဝန်အကြေဆုံး ပေးဆပ်ထမ်းဆောင်ခဲ့ကြပါပြီ။ ဒီတော့ ” ဖြေ” မယ်ဆိုရင် ” ဖြေသာ” တဲ့ အခြေအနေပါ။ တရားနဲ့သာ ဖြေပါရော့ ဆရာ၊ဆရာမတို့။
(၃) ပြည်သူ့အတွက်ဖြေဆေး – အိမ်ထဲမှာအောင့်နိုင်သလောက် အောင့်အည်းပေးခဲ့ကြပါပြီ။ လှူနိုင်သလောက်လည်း ကူညီလှူဒါန်း ပါဝင်ခဲ့ကြပြီးပါပြီ။ ကူးစက်ခံ ၊ အသက်ဆုံးခံပြီး ကျန်တဲ့ ပြည်သူတွေ အတွက် ကိန်းဂဏန်းတစ်ခုအဖြစ် ဖြစ်နှုန်း၊သေနှုန်းတွေမှာပါဝင် သက်သေပြခဲ့ပြီးပါပြီ။
စည်းကမ်းမလိုက်နာနိုင်ကြသူတွေအတွက် အသက်နဲ့ ရင်းပြီး ပညာပေးခဲ့ကြတဲ့ ပြည်သူတွေအဖို့ သူတို့တာဝန်ကြေခဲ့ကြပါပြီ။ Mask တပ်၊လက်ဆေး၊ ခပ်ခွာခွာနေ။ တရားနဲ့လည်း ဖြေနိုင်ကြပါပြီ။
(၄) ပြီးပါပြီ ။ ကို ဗစ်ကြီး ဤ မှာတွင် ပြီးပါပြီ။
Nay Win
Be the first to comment on "ဒီလို ေျဖေဆးမ်ိဳးသာ ရွိရင္ ကိုဗစ္ဆိုတာ ဒီေနရာမွာတင္ ၿပီးပါၿပီ"