၅၀၀၀ တန္ ေငြစကၠဴကို အြန္လိုင္းမွာ မီးရွို႔ျပလို႔ လင္မယားႏွစ္ေယာက္ေတာ့ အခ်ဳပ္ထဲ ေရာက္သြားၿပီ။ သူတို႔မသိတာက အဲဒီ စကၠဴပိုက္ဆံေတြဟာ သူတို႔အပိုင္မဟုတ္ဘူးဆိုတာပါပဲ။
ခင္ဗ်ားပိုက္ဆံအိတ္ထဲက ေငြစကၠဴေတြဟာ ခင္ဗ်ားမပိုင္ပါဘူး ဗဟိုဘဏ္ကေန ခင္ဗ်ားကို ခဏထုတ္ေပးထားတာပါ။ ခင္ဗ်ားပိုင္တာက အဲဒီေငြစကၠဴေတြက ေဖာ္ျပသတ္မွတ္ေပးထားတဲ့ ဖလွယ္နိုင္တဲ့ တန္ဖိုးကိုပဲ ပိုင္တာျဖစ္တယ္။
နိုင္ငံေတာ္ရဲ့ေငြေၾကးစနစ္ႀကီးထဲမွာ နိုင္ငံသားေတြက ပါဝင္ဆင္ႏြဲေနၾကတယ္။ ကုန္ပစၥည္းေတြ လုပ္အားေတြ အခ်င္းခ်င္း ဖလွယ္ၾကဖို႔ “ၾကားခံကိရိယာ” အျဖစ္ ေငြေၾကးကို နိုင္ငံေတာ္ကေန စိုက္ထုတ္ရိုက္ႏွိပ္ တန္ဖိုးသတ္မွတ္ေပးထားပါတယ္။ အဲဒီေငြစကၠဴေတြအားလုံးဟာ နိုင္ငံေတာ္အပိုင္ပါ။
ကာစီနိုေလာင္းကစား႐ုံတစ္ခုသေဘာနဲ႔ ေတြးၾကည့္ပါ။ ကစားလို႔ရတဲ့ ကူပြန္ေတြကို ကာစီနို႐ုံပိုင္ရွင္က ထုတ္လုပ္ထားတယ္။ ဒီ ကူပြန္ေတြကို ခင္ဗ်ားအသုံးျပဳေနေပမဲ့ ခင္ဗ်ားမပိုင္သလို ပဲ ခင္ဗ်ားမီးခံေသတၱာထဲက ေငြစကၠဴေတြ ကို ခင္ဗ်ားမပိုင္ဘူး။ သူတို႔ကေဖာ္ညႊန္းတဲ့ ဖလွယ္နိုင္စြမ္းတန္ဖိုးကိုပဲ ခင္ဗ်ားပိုင္တာ။ ဒီ ၂ ခု မတူတာကို ျမင္ရင္ သေဘာေပါက္မွာပါ။
ဒီလင္မယား ကံေကာင္းသြားတာက ျမန္မာျပည္မွာမို႔ ေထာင္ ၂ ႏွစ္ပဲက်နိုင္တာ။ အေမရိကန္ မွာဆိုရင္ ၁ ေဒၚလာတန္ကို မီးရွို႔ဖ်က္ဆီးျပရင္ေတာင္ ေထာင္ ၁၀ ႏွစ္ေလာက္ခ်လို႔ရတယ္။ နိုင္ငံေတာ္က ဘာလို႔ ဆတ္ဆတ္ထိမခံ ျဖစ္သလဲဆိုေတာ့ သမိုင္းေၾကာင္းရွိပါတယ္။ ဟိုအရင္ က ေငြစကၠဴရယ္လို႔ မရွိခင္က ဒဂၤါးေတြနဲ႔ ဖလွယ္ၾကရတာ။ တခ်ိဳ႕လူဆိုးေတြက ေငြဒဂၤါးေတြ ကို ဖဲ့ၾကတယ္ အစအနေတြကို ျပန္စုၿပီး တစ္ခါထပ္သုံးၾကျပန္ေတာ့ အစိုးရမွာ ျပႆနာတက္ခဲ့တယ္။ ဒါေၾကာင့္ ေငြေၾကးကို မဖ်က္ဆီးရ ဥပေဒကို ျပဌာန္းခဲ့ရတယ္။
ေနာက္တစ္ခ်က္က ေငြစကၠဴတစ္ရြက္တိုင္းမွာ ထုတ္လုပ္မွုစရိတ္ရွိပါတယ္။ ဥပမာ ၁ ေဒၚလာတန္ ေငြစကၠဴတစ္ရြက္ဟာ ၅ ဆင့္ခြဲေလာက္ က်ၿပီးေတာ့ ေဒၚလာ၁၀၀ တန္ဟာ ၁၄ ဆင့္ေလာက္ တန္ပါတယ္။ ဒါေတြကို မီးရွို႔ဖ်က္ဆီးတာဟာ တိုင္းျပည္ပိုင္ပစၥည္းကို ဖ်က္ဆီးေနတာပါပဲ။ လည္ပတ္ေနတဲ့ ေငြေၾကးေတြ ဆုံးရွုံးသြားရင္ ဗဟိုဘဏ္က ျပန္ရိုက္ရတဲ့ အခါမွာ ေငြကုန္ေၾကးက်ေတြ ျဖစ္လာေစပါတယ္။
အခုနက လင္မယားဟာ အိမ္ထဲမွာ ၅၀၀၀ မေျပာနဲ႔ ငါးသိန္းမီးရွိုလိုက္ရင္ေတာင္ လူသူမသိတာမို႔ ဘာမွ ျဖစ္မွာမဟုတ္ဘူး ဒါေပမဲ့ ဆိုရွယ္မီဒီယာမွာ ရွို႔ျပျခင္းဟာ “အတုျမင္အတတ္သင္” ျဖစ္ေစတယ္။ လူေတြလိုက္လုပ္ၾကရင္ ဆုံးရွုံးမွုကိုခံစားရမွာ က နိုင္ငံေတာ္ျဖစ္တယ္။ ဒါေၾကာင့္ ဒီလိုမ်ိဳး အေရးယူရပါတယ္။
နိုင္ငံေတာ္တစ္ခုမွာေနေနရတယ္ဆိုတာ ေမြးျမဴေရးၿခံမွာ ေနေနရသလိုပါပဲ။ ခင္ဗ်ား က အစားအစာေတြကို စားနိုင္တယ္ အစာထည့္တဲ့ ခြက္ေတြက ေတာ့ ၿခံရွင္ပိုင္တဲ့ ပစၥည္းေတြ ဆိုတာ အားလုံး မေမ့ၾကဖို႔လိုပါတယ္။
Lynn Htet Swe
————–
၅၀၀၀ တန် ငွေစက္ကူကို အွန်လိုင်းမှာ မီးရှို့ပြလို့ လင်မယားနှစ်ယောက်တော့ အချုပ်ထဲ ရောက်သွားပြီ။ သူတို့မသိတာက အဲဒီ စက္ကူပိုက်ဆံတွေဟာ သူတို့အပိုင်မဟုတ်ဘူးဆိုတာပါပဲ။
ခင်ဗျားပိုက်ဆံအိတ်ထဲက ငွေစက္ကူတွေဟာ ခင်ဗျားမပိုင်ပါဘူး ဗဟိုဘဏ်ကနေ ခင်ဗျားကို ခဏထုတ်ပေးထားတာပါ။ ခင်ဗျားပိုင်တာက အဲဒီငွေစက္ကူတွေက ဖော်ပြသတ်မှတ်ပေးထားတဲ့ ဖလှယ်နိုင်တဲ့ တန်ဖိုးကိုပဲ ပိုင်တာဖြစ်တယ်။
နိုင်ငံတော်ရဲ့ငွေကြေးစနစ်ကြီးထဲမှာ နိုင်ငံသားတွေက ပါဝင်ဆင်နွဲနေကြတယ်။ ကုန်ပစ္စည်းတွေ လုပ်အားတွေ အချင်းချင်း ဖလှယ်ကြဖို့ “ကြားခံကိရိယာ” အဖြစ် ငွေကြေးကို နိုင်ငံတော်ကနေ စိုက်ထုတ်ရိုက်နှိပ် တန်ဖိုးသတ်မှတ်ပေးထားပါတယ်။ အဲဒီငွေစက္ကူတွေအားလုံးဟာ နိုင်ငံတော်အပိုင်ပါ။
ကာစီနိုလောင်းကစားရုံတစ်ခုသဘောနဲ့ တွေးကြည့်ပါ။ ကစားလို့ရတဲ့ ကူပွန်တွေကို ကာစီနိုရုံပိုင်ရှင်က ထုတ်လုပ်ထားတယ်။ ဒီ ကူပွန်တွေကို ခင်ဗျားအသုံးပြုနေပေမဲ့ ခင်ဗျားမပိုင်သလို ပဲ ခင်ဗျားမီးခံသေတ္တာထဲက ငွေစက္ကူတွေ ကို ခင်ဗျားမပိုင်ဘူး။ သူတို့ကဖော်ညွှန်းတဲ့ ဖလှယ်နိုင်စွမ်းတန်ဖိုးကိုပဲ ခင်ဗျားပိုင်တာ။ ဒီ ၂ ခု မတူတာကို မြင်ရင် သဘောပေါက်မှာပါ။
ဒီလင်မယား ကံကောင်းသွားတာက မြန်မာပြည်မှာမို့ ထောင် ၂ နှစ်ပဲကျနိုင်တာ။ အမေရိကန် မှာဆိုရင် ၁ ဒေါ်လာတန်ကို မီးရှို့ဖျက်ဆီးပြရင်တောင် ထောင် ၁၀ နှစ်လောက်ချလို့ရတယ်။ နိုင်ငံတော်က ဘာလို့ ဆတ်ဆတ်ထိမခံ ဖြစ်သလဲဆိုတော့ သမိုင်းကြောင်းရှိပါတယ်။ ဟိုအရင် က ငွေစက္ကူရယ်လို့ မရှိခင်က ဒင်္ဂါးတွေနဲ့ ဖလှယ်ကြရတာ။ တချို့လူဆိုးတွေက ငွေဒင်္ဂါးတွေ ကို ဖဲ့ကြတယ် အစအနတွေကို ပြန်စုပြီး တစ်ခါထပ်သုံးကြပြန်တော့ အစိုးရမှာ ပြဿနာတက်ခဲ့တယ်။ ဒါကြောင့် ငွေကြေးကို မဖျက်ဆီးရ ဥပဒေကို ပြဌာန်းခဲ့ရတယ်။
နောက်တစ်ချက်က ငွေစက္ကူတစ်ရွက်တိုင်းမှာ ထုတ်လုပ်မှုစရိတ်ရှိပါတယ်။ ဥပမာ ၁ ဒေါ်လာတန် ငွေစက္ကူတစ်ရွက်ဟာ ၅ ဆင့်ခွဲလောက် ကျပြီးတော့ ဒေါ်လာ၁၀၀ တန်ဟာ ၁၄ ဆင့်လောက် တန်ပါတယ်။ ဒါတွေကို မီးရှို့ဖျက်ဆီးတာဟာ တိုင်းပြည်ပိုင်ပစ္စည်းကို ဖျက်ဆီးနေတာပါပဲ။ လည်ပတ်နေတဲ့ ငွေကြေးတွေ ဆုံးရှုံးသွားရင် ဗဟိုဘဏ်က ပြန်ရိုက်ရတဲ့ အခါမှာ ငွေကုန်ကြေးကျတွေ ဖြစ်လာစေပါတယ်။
အခုနက လင်မယားဟာ အိမ်ထဲမှာ ၅၀၀၀ မပြောနဲ့ ငါးသိန်းမီးရှိုလိုက်ရင်တောင် လူသူမသိတာမို့ ဘာမှ ဖြစ်မှာမဟုတ်ဘူး ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ ရှို့ပြခြင်းဟာ “အတုမြင်အတတ်သင်” ဖြစ်စေတယ်။ လူတွေလိုက်လုပ်ကြရင် ဆုံးရှုံးမှုကိုခံစားရမှာ က နိုင်ငံတော်ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုး အရေးယူရပါတယ်။
နိုင်ငံတော်တစ်ခုမှာနေနေရတယ်ဆိုတာ မွေးမြူရေးခြံမှာ နေနေရသလိုပါပဲ။ ခင်ဗျား က အစားအစာတွေကို စားနိုင်တယ် အစာထည့်တဲ့ ခွက်တွေက တော့ ခြံရှင်ပိုင်တဲ့ ပစ္စည်းတွေ ဆိုတာ အားလုံး မမေ့ကြဖို့လိုပါတယ်။
Lynn Htet Swe
Be the first to comment on "ငါးေထာင္တန္ကို မီးရွို႔ျပတဲ့ လင္မယား ကို ဖမ္းဆီးရျခင္းရဲ့ ေနာက္ကြယ္"