၁၃ နှစ်တာ ဖခင်စုဆောင်းထားတဲ့ ပန်းအိုးထဲက ပိုက်ဆံတွေရဲ့ အကြောင်းရင်း အမှန်

ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ ဒီအျဖစ္အပ်က္ေလးက တ႐ုတ္ႏိုင္ငံ Guangxi ျပည္နယ္မွာ ျဖစ္သြားခဲ့တဲ့ အျဖစ္ပ်က္ေလးပါ ။ ဒီအျဖစ္အပ်က္ကေတာ့ သမီးျဖစ္သူက မေတာ္တဆ အလွဆင္ထားတဲ့ ပန္းအိုးႀကီးကို တိုက္မိရာကေန ႐ုတ္တရက္ က်ကြဲသြားၿပီး ထိုပန္းအိုးႀကီးထဲက ေငြအေျမာက္အမ်ား ထြက္လာလို႔ အံ့အားသင့္သြားခဲ့ရတာပဲ ျဖစ္ပါတယ္။

သမီးျဖစ္သူကလည္း မနက္ခင္းတိုင္း အိမ္မႈကိစၥေတြ လုပ္ေနရင္းနဲ႔ အဆိုပါ အလွဆင္ထားတဲ့ ပန္းအိုးႀကီးကို မေတာ္တဆ တိုက္မိခဲ့တာပဲ ျဖစ္ပါတယ္။ သူတိုက္မိသြားတဲ့ အခ်ိန္မွာေတာ့ မိခင္ျဖစ္သူက အိပ္ရာထဲမွာ အိပ္ေနတဲ့အခ်ိန္ပဲရွိပါေသးတယ္။ ” ကြၽန္မ အိပ္ရာထဲမွာအိပ္ေနတုန္း ဧည့္ခန္းထဲက က်ယ္ေလာင္တဲ့ သမီး​ျဖစ္သူရဲ႕ အသံၾကားလိုက္တယ္။

အဲ့ဒါနဲ႔ အိပ္ရာကေန ခပ္ျမန္ျမန္ ​ထၿပီး သြားၾကည့္လိုက္ေတာ့ အလွဆင္ထားတဲ့ ပန္းအိုးက က်ကြဲေနၿပီး ပိုက္ဆံေတြလဲ ျပန္႔က်ဲေနတာ ေတြ႕ရေတာ့တာပါပဲ” ဆိုၿပီး မိခင္ျဖစ္သူက ေျပာပါတယ္။ အဲ့ဒီေနာက္ အလုပ္သြားေနတဲ့ ခင္ပြန္းသည္ဆီ ဒီအျဖစ္အပ်က္ကို စာ႐ိုက္ၿပီး Message ပို႔ခဲ့ပါတယ္။

ဒီသတင္းကို ၾကားၾကားျခင္း ခင္ပြန္းျဖစ္သူက အျမန္ေရာက္လာၿပီး သူ႔ပုံစံၾကည့္ရတာေတာ့ မ်က္ႏွာလည္း သိပ္ေကာင္းပုံ မေပၚပါဘူး။ ဒါကလည္း ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ဒီေငြေတြအေတာ္မ်ားမ်ားကို ၿပီးခဲ့တဲ့ ၂၀၀၆ ခုႏွစ္ ယခုေနေနၾကတဲ့ အိမ္ကို ဝယ္ၿပီးကတည္းက သမီးနဲ႔ မိန္းမ မသိေအာင္ ႀကိတ္ၿပီး တိတ္တိတ္ကေလး စုေဆာင္း ထားတာပဲျဖစ္ပါတယ္။

၁၃ႏွစ္တာ ကာလပတ္လုံး အသုံးစရိတ္ထဲက ေႁခြတာၿပီး စုေဆာင္းခဲ့တာပဲ ျဖစ္ပါတယ္။ ဇနီးျဖစ္သူကလည္း ပန္းအိုးထဲက ထြက္က်လာတဲ့ ေငြေတြကို ေရတြက္ၾကည့္လိုက္တဲ့အခါမွာေတာ့ ယြမ္ ၅၀၀၀ေလာက္ရွိပါတယ္။ ခင္ပြန္းျဖစ္သူက ဒီေငြေတြကို အျခားဘယ္ေနရာမွ အသုံးခ်ဖို႔အတြက္ စုထားခဲ့တာ မဟုတ္ပါဘူး။

မိသားစု စာဝတ္ေနေရး အဆင္ေျပဖို႔ရယ္၊ မက်န္းမာတဲ့အခါ ေဆးကုသစာရိတ္ လုပ္ဖို႔နဲ႔ ၊ သူကိုယ္တိုင္ကလည္း ပိုက္ဆံစုရတာ ဝါသနာပါတာေၾကာင့္ သုံးၿပီးလို႔ ပိုတဲ့ ပိုက္ဆံအစြန္းထြက္ေလးေတြကို အခုလို ပန္းအိုးထဲ ထည့္ၿပီး စုစုထားတာပဲျဖစ္ပါတယ္။

အခ်ိန္ေပးၿပီး ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ဒီစာေလးကို ဖတ္ရႈ႕ၿပီး ကိုယ္သုံးၿပီးလို႔ ပိုတဲ့ ပိုက္ဆံေလးေတြ ပမာဏနည္းေနလို႔ မသုံးျဖစ္ေသးတဲ့ ပိုက္ဆံအေႂကြေလးေတြကို အဖိုးအိုလိုပဲ စုစုထားရင္း ႏွစ္အနည္းငယ္အၾကာမွာ ဘယ္ေလာက္ထိ ျဖစ္သြားမယ္ဆိုတာ ဘယ္သူမွ မခန္႔မွန္းႏိုင္ပါဘူးေနာ္။

ဒီစာေလးဖတ္ရႈ႕ၿပီး ပိုက္ဆံအနည္းငယ္ေလး စုမိလာၾကရင္ကိုပဲ ေက်နပ္ပါၿပီေနာ္။ ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။

————-

၁၃ နှစ်တာ ဖခင်စုဆောင်းထားတဲ့ ပန်းအိုးထဲက ပိုက်ဆံတွေရဲ့ အကြောင်းရင်း အမှန်

ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဒီအဖြစ်အပျက်လေးက တရုတ်နိုင်ငံ Guangxi ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ အဖြစ်ပျက်လေးပါ ။ ဒီအဖြစ်အပျက်ကတော့ သမီးဖြစ်သူက မတော်တဆ အလှဆင်ထားတဲ့ ပန်းအိုးကြီးကို တိုက်မိရာကနေ ရုတ်တရက် ကျကွဲသွားပြီး ထိုပန်းအိုးကြီးထဲက ငွေအမြောက်အများ ထွက်လာလို့ အံ့အားသင့်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။

သမီးဖြစ်သူကလည်း မနက်ခင်းတိုင်း အိမ်မှုကိစ္စတွေ လုပ်နေရင်းနဲ့ အဆိုပါ အလှဆင်ထားတဲ့ ပန်းအိုးကြီးကို မတော်တဆ တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။ သူတိုက်မိသွားတဲ့ အချိန်မှာတော့ မိခင်ဖြစ်သူက အိပ်ရာထဲမှာ အိပ်နေတဲ့အချိန်ပဲရှိပါသေးတယ်။ ” ကျွန်မ အိပ်ရာထဲမှာအိပ်နေတုန်း ဧည့်ခန်းထဲက ကျယ်လောင်တဲ့ သမီး​ဖြစ်သူရဲ့ အသံကြားလိုက်တယ်။

အဲ့ဒါနဲ့ အိပ်ရာကနေ ခပ်မြန်မြန် ​ထပြီး သွားကြည့်လိုက်တော့ အလှဆင်ထားတဲ့ ပန်းအိုးက ကျကွဲနေပြီး ပိုက်ဆံတွေလဲ ပြန့်ကျဲနေတာ တွေ့ရတော့တာပါပဲ” ဆိုပြီး မိခင်ဖြစ်သူက ပြောပါတယ်။ အဲ့ဒီနောက် အလုပ်သွားနေတဲ့ ခင်ပွန်းသည်ဆီ ဒီအဖြစ်အပျက်ကို စာရိုက်ပြီး Message ပို့ခဲ့ပါတယ်။

ဒီသတင်းကို ကြားကြားခြင်း ခင်ပွန်းဖြစ်သူက အမြန်ရောက်လာပြီး သူ့ပုံစံကြည့်ရတာတော့ မျက်နှာလည်း သိပ်ကောင်းပုံ မပေါ်ပါဘူး။ ဒါကလည်း ဘာကြောင့်လဲဆိုတော့ သူဟာ ဒီငွေတွေအတော်များများကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ယခုနေနေကြတဲ့ အိမ်ကို ဝယ်ပြီးကတည်းက သမီးနဲ့ မိန်းမ မသိအောင် ကြိတ်ပြီး တိတ်တိတ်ကလေး စုဆောင်း ထားတာပဲဖြစ်ပါတယ်။

၁၃နှစ်တာ ကာလပတ်လုံး အသုံးစရိတ်ထဲက ခြွေတာပြီး စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဇနီးဖြစ်သူကလည်း ပန်းအိုးထဲက ထွက်ကျလာတဲ့ ငွေတွေကို ရေတွက်ကြည့်လိုက်တဲ့အခါမှာတော့ ယွမ် ၅၀၀၀လောက်ရှိပါတယ်။ ခင်ပွန်းဖြစ်သူက ဒီငွေတွေကို အခြားဘယ်နေရာမှ အသုံးချဖို့အတွက် စုထားခဲ့တာ မဟုတ်ပါဘူး။

မိသားစု စာဝတ်နေရေး အဆင်ပြေဖို့ရယ်၊ မကျန်းမာတဲ့အခါ ဆေးကုသစာရိတ် လုပ်ဖို့နဲ့ ၊ သူကိုယ်တိုင်ကလည်း ပိုက်ဆံစုရတာ ဝါသနာပါတာကြောင့် သုံးပြီးလို့ ပိုတဲ့ ပိုက်ဆံအစွန်းထွက်လေးတွေကို အခုလို ပန်းအိုးထဲ ထည့်ပြီး စုစုထားတာပဲဖြစ်ပါတယ်။

အချိန်ပေးပြီး ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကို ဖတ်ရှု့ပြီး ကိုယ်သုံးပြီးလို့ ပိုတဲ့ ပိုက်ဆံလေးတွေ ပမာဏနည်းနေလို့ မသုံးဖြစ်သေးတဲ့ ပိုက်ဆံအကြွေလေးတွေကို အဖိုးအိုလိုပဲ စုစုထားရင်း နှစ်အနည်းငယ်အကြာမှာ ဘယ်လောက်ထိ ဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူးနော်။

ဒီစာလေးဖတ်ရှု့ပြီး ပိုက်ဆံအနည်းငယ်လေး စုမိလာကြရင်ကိုပဲ ကျေနပ်ပါပြီနော်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Be the first to comment on "၁၃ နှစ်တာ ဖခင်စုဆောင်းထားတဲ့ ပန်းအိုးထဲက ပိုက်ဆံတွေရဲ့ အကြောင်းရင်း အမှန်"

Leave a comment

Your email address will not be published.


*