တနင်္ဂနွေသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – ရည်မှန်းချက် ရည်ရွယ်ချက်များ တစ်ပိုင်းတစ်စ တွေ့ရပ်နေရာမှ ပြန်လာနိုးထလာလိမ့်မည်။ ဤလ ဒီဇင်ဘာလဝက်မှစ၍ စစရှိတာစပါ။ သွားစရာရှိတာတွေ သွားပါ။ မထင်မှတ်တဲ့ အရာတွေကအစ အောင်မြင်လာပါလိမ့်မည်။ ငွေလည်း ဝင်လာပါမည်။ အလုပ်လည်း အဆင်ပြေပါလိမ့်မည်။
အချစ်ရေး – အချစ်ရေးမှာ မရေမရာတွေ ဖြစ်နေမယ်။ အားပျက် အားလျှော့နေရာမှ အားတင်း အားတတ်မှုတွေ ရလာမယ်။ အစကောင်းဘို့လိုသည်။ အဆုံးထိအောင်မြင်ပါမည်။ ဖြစ်အောင် စပါ။ ကိုယ့်အတွက် မဟုတ်ဘဲ သူများအတွက် အတိုက်အခံတွေ ဖြစ်ရလိမ့်မည်။
ကျန်းမာရေး – ကျန်းမာရေးကတော့ ကောင်းပါတယ်။
ယတြာ – တနင်္ဂနွေနေ့မှာ ဘုရားကို အောင်သပြေ၉ညွှန့်လှူပါ။
တနင်္လာသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – ဤလမှာတော့ သင်သည် အတွေးထဲမှာတင် တဝဲလည်လည် ဖြစ်နေရတတ်ပါတယ်။ ကိုယ့်အရေး မိသားစုအရေး ရှေ့ရှေးတွေ တွေးပူနေရတတ်ပါတယ်။ အရာရာဟာ သင့်အတွက် မသေချာ မရေရာသလို ဖြစ်နေပြီး ငါ ဘာဆက်လုပ်ရမှာလဲလို့ လမ်းပျောက်နေသော သူတစ်ယောက်လို အားငယ် မိလာမှာပါ။ မစိုးရိမ်လိုက်ပါနှင့်။ အားမငယ်လိုက်ပါနှင့်။ သင်မုချအောင်မြင်တော့မှာ သင့်ဘ၀ တစ်လျှောက်လုံးအတွက် အလင်းရောင် သမ်းလာပါလိမ့်မည်။ ဤလ လယ်မှစ၍ စိတ်ချမ်းသာမှု လမ်းစတွေ ရလာပါလိမ့်မည်။ ထီထိုးပါ။ ထီပေါက်ခြင်း (သို့) ရစရာငွေရခြင်းတွေ ဖြစ်လာပြီး အလုပ်လည်း အဆင်ပြေလာပါလိမ့်မည်။ ခရီးယာယီ သွားဖြစ်ပါမည်။ ကိုယ်ပိုင်စီးပွားရေးလည်း တိုးချဲ့လုပ်ပါ။ အောင်မြင်ပါမည်။ အလုပ်ရာထူး တက်ပါမည်။ အလုပ်က မထွက်သင့်ပါ။ အလုပ်ရာထူး တက်ပါမည်။
အချစ်ရေး – အချစ်ရေး အိမ်ထောင်ရေး ပြန်လည် အဆင်ပြေလာပါမည်။ ချစ်သူတစ်ယောက် ပေါ်လာလိမ့်မည်။
ပညာရေး နှင့် ကျန်းမာရေး – စာမေးပွဲ အောင်ပါမည်။ မိခင် အဒေါ်ကြီး သို့မဟုတ် အသက်အရွယ်ကြီးသူတစ်ယောက်ရဲ့ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ပါ။
ယတြာမှာ တနင်္လာနေ့တွင် ထမင်းဖြူဖြူနှင့်အကြော်(၅)ခု ဘုရားကို ဆွမ်းကပ်ပါ။
အင်္ဂါသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – ငါသိ ငါတတ် ငါဆရာလုပ်ခြင်း လူရွေးပေါင်းခြင်း လူလေးစားလာအောင် နေတတ်ခြင်းက သင့်ရဲ့ ဝါဿနာပင် ဖြစ်ပါတယ်။ သို့သော် သင့်ကွယ်ရာမှာ သင့်အား မဟုတ်မမှန် လုပ်ကြံပြောဆိုမှုတွေ ပြုကြလိမ့်မည်။ အတိုက်အခံတွေလည်း ပြုကြလိမ့်မည်။ ဒါပေမယ့် သင့်ကံက ဤလကောင်းတာကြောင့် အောင်မြင်မှုအတွက် အထိပ်ရောက်နေပါလိမ့်မည်။ အလုပ်ရာထူးတက်ပါမည်။ အကြီးအကဲ၏ မြှောက်စားမှု ပံ့ပိုးမှု ကူညီမှု အားပေးမှုတွေ ရပါမည်။ လုပ်ငန်းနှစ်မျိုး လုပ်ရသလို ဟိုလည်းငါ ဒီလည်းငါ ဆိုတာကို ငါမပါ မပြီးသလောက် သင်အဆင်ပြေလာပါလိမ့်မည်။ သင်က စေတနာမှန်တာကြောင့် သင်ပြောသမျှ ပြီးမည်။ သင်လုပ်သမျှတွေ အောင်မြင်လာပါလိမ့်မည်။ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် သူများအတွက် ဆောင်ရွက်မှုများ ဤလ၏ လဝက်လောက်မှစ၍ မုချအောင်မြင်ပါလိမ့်မည်။ လုပ်ငန်းမှာ အတိုက်အခံရှိပါတယ်။ ဆင်ခြင်နားလည် ခွင့်လွှတ်ပေးလိုက်ပါ။
အချစ်ရေး – အချစ်ရေးက စွံပြီးရင်း စွံရင်းပဲ ဖြစ်မယ်။ သင့်ကို အားကိုးနေတဲ့ ချစ်သူရှိနေတယ်။ သတိထား မဆင်ခြင်ပါက ရလိမ့်မည်။ ခရီးထွက်ဖြစ်မည်။ ချစ်လက်ဆောင်တွေရမည်။
ကျန်းမာရေး – အထိအခိုက် အနာတရတွေ ဖြစ်ကိန်းရှိလို့ ဂရုစိုက်ပါ။
ယတြာမှာ အင်္ဂါနေ့မှာ နံနက်ပိုင်း သစ်သီး(၅)မျိုး ဘုရားလှူပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – ရစရာတွေရမည်။ ယူစရာတွေ ယူရမည်။ ပေးစရာတွေ ပေးရလိမ့်မည်။ စိတ်တွေလေမယ်။ တွေးပူစရာတွေ ပေါ်မယ်။ အလုပ်အဆင်ပြေမယ်။ ခရီးယာယီသွားရမည်။ သင့်ရည်ရွယ်ချက်တွေ ဤလ အလယ်လောက်မှစ၍ မုချအဆင်ပြေမည်။ ရာထူးတက် လစာတိုးမည်။ ငွေဝင်ကောင်းမည်။ ကြွေးရမည်။ မျှော်လင့်တာတွေ အဆင်ပြေမည်။ ရှုပ်စရာတွေ ရှင်းလို့ရမယ်။ စက်/ ယာဉ် ရွှေ/မြေတို့ ဝင်မယ်။ ကောင်း၏။ ကိုယ်ပိုင်စီးပွားရေးကောင်း၏။ အကြီးအကဲ မြှောက်စားမည်။ ထီ/မဲတွေ ပေါက်ကိန်းရှိ၍ ထိုးပါ။
အချစ်ရေး – အချစ်ရေးမှာ ကိုယ်ချစ်ရတဲ့သူက မသိချင် ဟန်ဆောင်နေပြီး ကိုယ်မချစ်နိုင်သောသူက ကိုယ့်အပေါ် ချစ်လာလိမ့်မည်။ မယူချင်လျှင် အားမနာနှင့် ဝေးဝေးရှောင်ပါ။ ကြောင်သူတော် ကြွက်သူခိုး မလုပ်နှင့်။ သင့်ကိုလေးစားအားကိုးနေရသူမှ သင့်ကို ချစ်လာလိမ့်မည်။ ခရီးအတူ သွားဖြစ်မည်။
ကျန်းမာရေး – ကျန်းမာရေး ဂရုစိုက်ပါ။ လေ/ဝမ်းရောဂါ အသေးအဖွဲလေး ဖြစ်တတ်တယ်။
ယတြာမှာ ဗုဒ္ဓဟူးနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ၁၉ညွှန့် ကပ်လှူပါ။
ကြာသပတေးသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – တွေးပူမနေနှင့်။ အားလုံး ဤလမှစ၍ အဆင်ပြေပါလိမ့်မည်။ တစ်နေရာစီ တစ်ယောက်စီ အလုပ်တစ်မျိုးစီ မိသားစု ခွဲနေရသလို ဖြစ်လာမည်။ စိုးရိမ်စရာလုံးဝမရှိပါ။ အားလုံး အဆင်ပြေလာလိမ့်မည်။ သင်တွေးပူနေသလို မဟုတ်ပါ။ သင်လုပ်ငန်းမှာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲမှုတွေ များခြင်းကြောင့်၎င်း မလိုသူမှ မမှန်စကားပြောမှုကြောင့်၎င်း စိတ်ရှုပ်ရပါလိမ့်မည်။ အလုပ်မှ ဆက်မလုပ်ချင်လောက်အောင် ဖြစ်ပါမည်။ ဆင်ခြင်ပါ။ စိုးရိမ်စရာမရှိပါ။ ဤလဝက်မှစ၍ သင်အောင်ပွဲခံရပါပြီ။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ အန္တရာယ်လုံးဝမရှိပါ။ ငွေဝင်ကောင်းလာပါလိမ့်မည်။ အလုပ်ရာထူးတက်ပါမည်။ လစာတိုးလာပါမည်။ ရည်ရွယ်ချက်တွေ များနေပါသည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်ပါမည်။
အချစ်ရေး – အချစ်ရေးမှာ အဆင်ပြေပါမည်။
ကျန်းမာရေး – ကျန်းမာရေး အနည်းငယ် ချူချာပါမည်။ စိုးရိမ်စရာမရှိပါ။
ယတြာမှာ ကြာသပတေးနေ့ နံနက်မှာ ဘုရားကို မုန့်(၅)မျိုး ဆွမ်းကပ်ပါ။
သောကြာသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား – ထင်ရာလည်း မြင်ရာလည်း မလုပ်နှင့်။ တစ်ဇွတ်ထိုး တစ်ယူသန်လည်း မလုပ်နှင့်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ လျှောက်ခဲ့သည့်လမ်း ဆက်လျှောက်မည့်လမ်း သုံးသပ်ပြီးမှ ဆုံးဖြတ်ပါ။ သင်လုပ်တာကို နှစ်သက်သူရှိသလို မနှစ်သက်သူတစ်ချို့ ရှိနေပါတယ်။ ရန်မြင်ပါတယ်။ ဂရုစိုက်ပါ။ အပေါင်းအသင်းမှားမည်။ ဂရုစိုက်ပါ။ သတိတရား လက်ကိုင်ထားပါ။ ဆန္ဒမစောသင့်ပါ။ ဤလ၏ ပထမပတ် ဒုတိယပတ်အတွင်း ဂရုစိုက်ရပါမည်။ ကား ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ အသွား အလာလည်း ဂရုစိုက်ပါ။ ခိုက်မိတတ်ပါသည်။ ငွေကြေးကိစ္စ ပစ္စည်းကိစ္စ ရှုပ်တတ်ပါသည်။ သို့သော် စာမေးပွဲအောင်မည်။ ရာထူးတက်မည်။ ငွေစုလိုက်ရပါမည်။ တတိယနှင့် စတုတ္တပတ်တို့မှာတော့ သင့်ကံကောင်းပါပြီ။
အချစ်ရေး – အချစ်ရေး အိမ်ထောင်ရေးမှာ အတိုက်အခံများနေသည်။ ရန်နှင့် အန္တရာယ်ရှိသည့် အလိမ် အကောက် အပျောက် အရှ များပါမည်။ အကြီးအကဲ အထင်လွဲပြီး ငယ်ရွယ်သူ တော်လှန်လိမ့်မည်။
ကျန်းမာရေး – ကျန်းမာရေးလည်း ဂရုစိုက်ပါ။
ယတြာမှာ သောကြာနေ့ နံနက်တွင် လမ်းသန့်ရှင်းရေးလုပ်ပါ။
စနေသားသမီးများအတွက်
အလုပ်အကိုင် နှင့် ငွေကြေးကံ အနေအထား ဤလမှာ စနေသားသမီးများ တစ်နေ့ရွှေ တစ်နေ့ငွေပါဘဲ။ ကျားကွက်ချသလို အကွက်ချတတ်လျှင် စားကွက်တွေ မုချရလာပါလိမ့်မည်။ သို့သော် ဆန္ဒမစောပါနှင့်။ လူယုံမထားပါနှင့်။ သူ့လူ ကိုယ့်ဘက်သား ဖြစ်နေတာတွေရှိနေတယ်။ သင်သတိထားမိအောင် ကြိုးစားပါ။ လုပ်ငန်းတစ်ချို့ ကွက်ကျော်ရိုက်ခံရလိမ့်မည်။ သင့်မိတ်ဆွေ (သို့မဟုတ်) သင့်အလုပ်တို့မှာ အုပ်စုကွဲနီုင်တယ်။ ကွယ်ရာက သွေးတိုးလှုံ့ဆော်သူ ရှိနေမည်။
ကျန်းမာရေး – ကျန်းမာရေး ကောင်းမည်။ သို့သော် အထိအခိုက် အနာတရဖြစ်တတ်၍ အသွား အလာ ဂရုစိုက်ပါ။ မုချဤလမှာ သင့်ရဲ့ ကွက်ကျော်မြင် စွန့်စားမှု့ကြောင့် အောင်မြင်မှု့ တိုးတက်မှု့ မုချရလာပါလိမ့်မည်။ ထီထိုးပါ။ ထီပေါက်ပါမည်။ ယာယီ ခရီး စဉ်များသွား ဖြစ်ပါမည်။ အလုပ်ရာထူးတက်မည်။ အောင်နိုင်သူ ဖြစ်မည်။ အဝေးမိတ်ဆွေ အကူအညီရမည်။
အချစ်ရေး – ချစ်သူထဲမှ လက်ထပ်ရန် ပြောလာမည်။ ယူလျှင် ကောင်းသည်။ နေအိမ်တွင် အလှူ မင်္ဂလာ တခုခု လုပ်ဖြစ်ပါမည်။
ယတြာ- စနေနေ့ နံနက်တွင် အိမ်ဘုရားမှာ အုန်းသီး ဆံ ၇ ဆံ ဘုရားလှူ၍ ဆုတောင်းပါ။
Dr. Tun Linn