ဟိုတယ္မႏၲေလး မန္ေနဂ်ာကို အေရးယူ

ဟိုတယ္မႏၲေလး မန္ေနဂ်ာကို သဘာဝေဘး/စီမံ ဥပေဒျဖင့္ အမႈဖြင့္အေရးယူ၊

တားျမစ္ခ်က္ မလိုက္နာဘဲ ဧည့္သည္ လက္ခံတည္းခိုခြင့္ျပဳရာမွ ေရာဂါကူးစက္ ျပန႔္ပြားေစသျဖင့္ အေရးယူျခင္းဟု တိုင္းဝန္ႀကီးခ်ဳပ္ေျပာ၊

ကုိဗစ္ ကာလ ဟိုတယ္မ်ား ယာယီပိတ္သိမ္းထားရန္ ၫႊန္ၾကားထားသည္ကို မလိုက္နာဘဲ ရန္ကုန္ျပန္ဧည့္သည္ လက္ခံတည္းခိုခြင့္ ျပဳခဲ့သည္ဟုဆိုကာ မႏၲေလးၿမိဳ႕ ရ၈လမ္းေပၚရွိ ဟိုတယ္မႏၲေလးမွ မန္ေနဂ်ာအမ်ိဳးသားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အေရးယူထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ သတင္းရရွိသည္။

“ဟိုတယ္မႏၲေလး၊ ကြၽန္ေတာ္တို႔ ပိတ္ထားတဲ့ၾကားက ရန္ကုန္လူ တည္းခံတယ္။ မိန္းကေလးေတြ ေတြ႕လိုက္တယ္။ ခုထက္ထိ အဝင္မခံဘူး။ Massage (အႏွိပ္ခန္း) ဖြင့္တာလား ဘာလား၊ မဟုတ္ပါဘူး ေျပာတယ္။ ဒါေပမယ့္ အဲ့ဒီမိန္းကေလးေတြကေန ကူးလိုက္တာ မႏၲေလး မဟာေအာင္ေျမဘက္ ျပန႔္သြားတယ္။ အဲ့ဒီဟာေတြၾက ကြၽန္ေတာ္တို႔ အေရးယူတယ္။ ဒါက မသိလို႔ မွားတာပါတို႔ ဘာတို႔ မလႊဲသာလို႔ လက္သင့္ခံဦး အေၾကာင္းလာမျပနဲ႔။ ဒါ ဥပေဒ ခ်ိဳးေဖာက္လို႔ သူ႔ဆီကေန ျပန႔္တာ။ အဲ့ဒါမ်ိဳးၾက ကြၽန္ေတာ္တို႔ ခြင့္မလႊတ္ပါဘူး။ အေရးယူပါတယ္” ဟု မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ၀န္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာသည္။

ယေန႔ က်င္းပသည့္ တိုင္းလႊတ္ေတာ္ အစည္းအေဝးအၿပီးတြင္ ကုိဗစ္ ေရာဂါ ကာကြယ္ေရးဆိုင္ရာ စည္းကမ္းသတ္မွတ္ခ်က္ မလိုက္နာသူမ်ားကို အေရးယူျခင္း ရွိ၊မရွိ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈအေပၚ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ျပန္လည္ေျဖၾကားရာတြင္ အထက္ပါအတိုင္း ေျပာျခင္းျဖစ္သည္။

ကုိဗစ္ ကာလ ဟိုတည္ႏွင့္ တည္းခိုခန္းမ်ား ယာယီပိတ္ထားရန္ ၫႊန္ၾကားခ်က္ကို လိုက္နာျခင္းမရွိဘဲ ရန္ကုန္ျပန္ ဧည့္သည္လက္ခံကာ ၎မွတဆင့္ ေရာဂါကူးစက္ ျပန႔္ပြားခဲ့သျဖင့္ ယင္းဟိုတယ္မွ မန္ေနဂ်ာဆိုသူ အမ်ိဳးသားကို ၿပီးခဲ့သည့္ ရက္ပိုင္းက မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္(၉) ရဲစခန္း၌ သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ျဖင့္ ဖမ္းဆီး အမႈဖြင့္ထားေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးက Mandalay In-depth News အား ေျပာသည္။

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ရ၈လမ္းေပၚရွိ ဟိုတယ္မႏၲေလးတြင္ လုပ္ကိုင္ေနသည့္ ၀န္ထမ္း(၁၀၀)ေက်ာ္အနက္ ၿပီးခဲ့သည့္ စက္တင္ဘာႏွင့္ ေအာက္တိုဘာလအတြင္း ၀န္ထမ္း(၃၀)ေက်ာ္ ကုိဗစ္ ေရာဂါ ကူးစက္ခံခဲ့ရေၾကာင္း၊ ထိုသို႔ ေရာဂါပိုး ကူးစက္ခံရသူ အမ်ားစုသည္ အသက္(၂၀)ေက်ာ္ႏွင့္ (၃၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း မဟာေအာင္ေျမၿမိဳ႕နယ္ ကုိဗစ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီက သတင္းထုတ္ျပန္ထားသည္။

ကုိဗစ္ ေရာဂါ ကူးစက္ျပန႔္ပြားမႈ ကာကြယ္ ထိန္းခ်ဳပ္ႏိုင္ေရး မႏၲေလးတိုင္းေဒသႀကီး အတြင္းရွိ ဟိုတယ္၊မိုတယ္ႏွင့္ တည္ခိုခန္းမ်ားအေနျဖင့္ ဧည့္သည္မ်ား လက္ခံတည္းခိုခြင့္ မျပဳဘဲ ယာယီပိတ္သိမ္းထားၾကရန္ႏွင့္ လိုက္နာျခင္းမရွိပါက တည္ဆဲဥပေဒအရ အေရးယူျခင္း ခံရမည္ျဖစ္ေၾကာင္း သက္ဆိုင္ရာ ဝန္ႀကီးဌာနႏွင့္ တိုင္းအစိုးရက အမိန႔္၊ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလဆန္းပိုင္းကလည္း မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံႏွင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ဟိုတယ္ႏွစ္လုံးကို ကုိဗစ္ ကာလ သက္ဆိုင္ရာဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ အမိန႔္၊ ၫႊန္ၾကား ခ်က္မ်ားအား လိုက္နာျခင္းမရွိဘဲ တရားမဝင္ ဖြင့္လွစ္လုပ္ကိုင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အဆိုပါ ဟိုတည္ႏွင့္ တည္းခိုခန္း ပိုင္ရွင္မ်ားကို သက္ဆိုင္ရာ ရဲစခန္းမ်ား၌ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ အမႈဖြင့္ အေရးယူခဲ့သည္ဟု ရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာၿမိဳ႕နယ္ ကုိဗစ္ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမ်ားမွ သတင္းရရွိသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း လူစုလူေဝးျဖစ္ေပၚႏိုင္သည့္ လူထုအပန္းေျဖေနရာမ်ား၊ ႏိုက္ကလပ္၊ ကာရာအိုေက/စင္တင္ေတးဂီတ၊ စတိတ္ရႈိးပြဲမ်ား၊ ဗြီဒီယို႐ုံမ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ ကိုယ္ကာယ ႀကံ့ခိုင္ေရးလုပ္ငန္း (GYM)၊ SPA အလွျပင္လုပ္ငန္း၊ ေဘာလုံးကြင္း၊ စကိတ္ကြင္း၊ ဟိုတယ္၊မိုတယ္မ်ားႏွင့္ တည္းခိုခန္း စသည္မ်ား အေနျဖင့္ ယာယီပိတ္သိမ္းထားရန္ႏွင့္ ပိတ္သိမ္းျခင္း မျပဳပါက တည္ဆဲ ဥပေဒအရ အေရးယူမည္ ျဖစ္ေၾကာင္း တိုင္းအစိုးရက ေၾကညာထားသည္။

ကုိဗစ္ ေရာဂါ ေပ်ာက္ကင္းသျဖင့္ ေဆး႐ုံမွ ဆင္းလာသည့္ ဟိုတယ္မႏၲေလး ၀န္ထမ္းအခ်ိဳ႕ကို ၿပီးခဲ့သည့္ ေအာက္တိုဘာလအတြင္းက ေတြ႕ရစဥ္/ Photo – မဏီစလ လူမႈကူညီေရးအသင္း

————-

ဟိုတယ်မန္တလေး မန်နေဂျာကို သဘာဝဘေး/စီမံ ဥပဒေဖြင့် အမှုဖွင့်အရေးယူ၊

တားမြစ်ချက် မလိုက်နာဘဲ ဧည့်သည် လက်ခံတည်းခိုခွင့်ပြုရာမှ ရောဂါကူးစက် ပြန့်ပွားစေသဖြင့် အရေးယူခြင်းဟု တိုင်းဝန်ကြီးချုပ်ပြော၊

ကိုဗစ် ကာလ ဟိုတယ်များ ယာယီပိတ်သိမ်းထားရန် ညွှန်ကြားထားသည်ကို မလိုက်နာဘဲ ရန်ကုန်ပြန်ဧည့်သည် လက်ခံတည်းခိုခွင့် ပြုခဲ့သည်ဟုဆိုကာ မန္တလေးမြို့ ရ၈လမ်းပေါ်ရှိ ဟိုတယ်မန္တလေးမှ မန်နေဂျာအမျိုးသားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

“ဟိုတယ်မန္တလေး၊ ကျွန်တော်တို့ ပိတ်ထားတဲ့ကြားက ရန်ကုန်လူ တည်းခံတယ်။ မိန်းကလေးတွေ တွေ့လိုက်တယ်။ ခုထက်ထိ အဝင်မခံဘူး။ Massage (အနှိပ်ခန်း) ဖွင့်တာလား ဘာလား၊ မဟုတ်ပါဘူး ပြောတယ်။ ဒါပေမယ့် အဲ့ဒီမိန်းကလေးတွေကနေ ကူးလိုက်တာ မန္တလေး မဟာအောင်မြေဘက် ပြန့်သွားတယ်။ အဲ့ဒီဟာတွေကြ ကျွန်တော်တို့ အရေးယူတယ်။ ဒါက မသိလို့ မှားတာပါတို့ ဘာတို့ မလွှဲသာလို့ လက်သင့်ခံဦး အကြောင်းလာမပြနဲ့။ ဒါ ဥပဒေ ချိုးဖောက်လို့ သူ့ဆီကနေ ပြန့်တာ။ အဲ့ဒါမျိုးကြ ကျွန်တော်တို့ ခွင့်မလွှတ်ပါဘူး။ အရေးယူပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယနေ့ ကျင်းပသည့် တိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ကိုဗစ် ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် မလိုက်နာသူများကို အရေးယူခြင်း ရှိ၊မရှိ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။

ကိုဗစ် ကာလ ဟိုတည်နှင့် တည်းခိုခန်းများ ယာယီပိတ်ထားရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ရန်ကုန်ပြန် ဧည့်သည်လက်ခံကာ ၎င်းမှတဆင့် ရောဂါကူးစက် ပြန့်ပွားခဲ့သဖြင့် ယင်းဟိုတယ်မှ မန်နေဂျာဆိုသူ အမျိုးသားကို ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၉) ရဲစခန်း၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးက Mandalay In-depth News အား ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရ၈လမ်းပေါ်ရှိ ဟိုတယ်မန္တလေးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း(၁၀၀)ကျော်အနက် ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ဝန်ထမ်း(၃၀)ကျော် ကိုဗစ် ရောဂါ ကူးစက်ခံခဲ့ရကြောင်း၊ ထိုသို့ ရောဂါပိုး ကူးစက်ခံရသူ အများစုသည် အသက်(၂၀)ကျော်နှင့် (၃၀)ကျော်အရွယ် အမျိုးသမီးများဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေး မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်၊မိုတယ်နှင့် တည်ခိုခန်းများအနေဖြင့် ဧည့်သည်များ လက်ခံတည်းခိုခွင့် မပြုဘဲ ယာယီပိတ်သိမ်းထားကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းအစိုးရက အမိန့်၊ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မန္တလေးမြို့ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်နှစ်လုံးကို ကိုဗစ် ကာလ သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြား ချက်များအား လိုက်နာခြင်းမရှိဘဲ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ဟိုတည်နှင့် တည်းခိုခန်း ပိုင်ရှင်များကို သက်ဆိုင်ရာ ရဲစခန်းများ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီများမှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ ကိုယ်ကာယ ကြံ့ခိုင်ရေးလုပ်ငန်း (GYM)၊ SPA အလှပြင်လုပ်ငန်း၊ ဘောလုံးကွင်း၊ စကိတ်ကွင်း၊ ဟိုတယ်၊မိုတယ်များနှင့် တည်းခိုခန်း စသည်များ အနေဖြင့် ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာထားသည်။

ကိုဗစ် ရောဂါ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းလာသည့် ဟိုတယ်မန္တလေး ဝန်ထမ်းအချို့ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက တွေ့ရစဉ်/ Photo – မဏီစလ လူမှုကူညီရေးအသင်း

Be the first to comment on "ဟိုတယ္မႏၲေလး မန္ေနဂ်ာကို အေရးယူ"

Leave a comment

Your email address will not be published.


*