Happy Sweet December Everyone 🌲🎉✨🎊
ပထမဆုံး ချမ်းချမ်း အရာအားလုံးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်🙏
ဒုတိယအနေနဲ့ အခုချိန်ထိ ဘဝမှာဘယ်နှကြိမ်ပဲ လဲကျခဲ့ပါစေ အမြဲအနားမှာစောင့်ရှောက်အားပေးခဲ့တဲ့အဖေနဲ့အမေ…
မိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုကျေးဇူးအရမ်းတင်ပါတယိ🙏
တတိယ အခု က အခု မှ စပြောမှာ ☺
ဘဝမှာ ပထမဆုံးသမီးလေး ဂ င်္ဂါကို ကိုယ် ဝ န်ဆောင်ပြီး ၆နှစ်ကျော်အကြာမှာ…..
အခုတော့ ဒုတိယအကြိမ် အဖြစ် နောက်ထပ် ရင် သွေး လေးကိုအောင်မြင်စွာနဲ့ ကိုယ် ဝ န်ဆောင်နိုင်ခဲ့ပါပြီ…🤗
C o v i d ကာလမှာသမီးလေး အထီးကျန်စွာနဲ့အိမ်ထဲမှာ ပျင်းနေတာ ကိုမြင်ရတာစိတ်မချမ်းသာခဲ့ဘူး..
အမြဲ တမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့..
အမေ့သမီးလေးတောင်းဆိုခဲ့တာ
ဒီနှစ်တော့…အဆိုးထဲကအကောင်းပါပဲ
Bankok women’s health hospital ကနေ ချမ်းချမ်းကို စေတနာအပြည့်နဲ့ အမျိုးသမီးကျန်းမာရေးစစ်ဆေးပေးဖို့
့မေတ္တာနဲ့ကမ်းလှမ်းလာလို့ နှစ်ယောက်သားတိုင်ပင်ပြီး
2020 မေလလောက်က ကျန်းမာရေးအတွက် သွားရောက်စစ်ဆေးပြီး ရောဂါရှာဖွေခြင်းတွေပြုလုပ်အပြီး
ရင်သွေးလေး တယောက်လောက်ယူချင်လို့ ကြိုးစားချင်တယ်ပြောခဲ့တယ်။
မီးယပ်သားဖွား ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင်ရဲ့ စေတနာနဲ့
အခု ဒုတိယ ကိုယ် ဝ န်ကို ဆောင်နိုင်ခဲ့ပါတယ် 😍
Bankok woman’s health hospital မှ တာဝန် ရှိသူများနဲ့ တကွ ပါမောက္ခဒေါက်တာဒေါ်သင်းသင်းအောင်
အခုလက်ရှိ တာဝန်ယူ ကြည့်ရူ့စောင့်ရှောက်ပေးနေတဲ့
ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်ကိုလဲ အထူးကျေးဇူးတင်ပါတယ်ရှင် 🙏
အမှန်အတိုင်းပြောရရင်…..
ကျမအ သ က်က နောက် ၃နှစ်လောက်ဆို ၃၅ နှစ်ပြည့်တော့မယ်
အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေး တယောက်လောက် လိုချင်မိတယ်
ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီးသားမို့ ယူဖြစ်ခဲ့တာပါ။
နောက်တခုက သမီးလေးလဲ အဖော်ရအောင် ပေါ့…
ကလေးမယူတာ ၆ နှစ်လောက်ခြားသွားတော့
အစစအရာရာ အကုန်လုံး အသစ်ကနေ ပြန်ပြီး ပြင်ဆင်ခဲ့ရပါတယ်။
မိခင်ယောက်ဖြစ်ဖို့အတွက်က ကျန်းမာဖို့က အရမ်း အရေးကြီးတဲ့အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။
ကံကောင်းစွာနဲ့ ….🤗
July လမှာ ကိုယ် ဝ န်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်…
ကျြန္မ မယုံနိုင္ခဲ့ဘူး …
သမီးလေးအတွက် အဖော်ရပြီ…
မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တခုပဲလေ
အထီးကျန်ဖို့ မွေးဖွားလာကြတာ မဟုတ်ဘူး
အဲ့တော့ ဘုရားကို ကျွန်မအားကိုးဆုတောင်းခဲ့တယ်…
ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေးရဖို့အတွက်
ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့
ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ🤗
ကျန်ခဲ့တဲ့ ၁ပတ်က ultra sound ရိုက်တော့ ၅ လရှိပြီ
ကျန်းကျန်းမာမာပဲတဲ့…
အိုး…ဘာလေးပဲရရပါ…
အဓိက က ခြေလက် အ င်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..
ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ…
ကျန်တာဘုရားပေးသလောက်ပေါ့..😇
ဘဝဆိုတာ…
တခါတလေမှာ စွန့်ပစ်ခြင်းခံရလို့…
ထားခဲ့ခြင်း ခံရလို့…
ဝမ်းနည်းခဲ့ရ ရင်တွေကွဲ ခဲ့ရပေမဲ့…
အချိန်တချိန်ချိန်မှာတော့…
ကိုယ့်ကိုချစ်မယ့်လူ တန်ဖိုးထားမယ့် လူကတော့ရှိနေစမြဲပါပဲ
Single parent ဘဝဆိုတာ
အမေအဖြစ်ရော အဖေတယောက်လိုပါ အစစအရာရာကိုယ်တိုင်ရုန်းကန်ခဲ့ရလို့ပင်ပန်းပေမဲ့
ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။
ဖူးစာကံဆိုတာပါ သလောက်ပဲဆုံကြရတာမို့
ဆုံစည်းခဲ့ကြရချိန်တွေ ပျော်စရာတွေကိုပဲ ဘဝတလျှောက်လုံး သယ်ဆောင်သွားဖို့ဆုံးဖြတ်ထားပါတယ်…
မိသားစု ဘဝလေး ပြိုကွဲခဲ့ရချိန်တွေ
နာ ကျင်ခဲ့ရချိန်တွေ အားလုံးကို အကောင်းမြင်စိတ်နဲ့ ကျော်ဖြတ်လာခဲ့တာ
အခုဆို အချိန်တောင်၃နှစ်ရှိခဲ့ပါပြီ။
အခုလက်ရှိဘဝမှာ ကိုယ့်ကို တန်ဖိုးထားပြီးချစ်ပေးတဲ့
ဗိုက်ထဲက ကလေးလေးရဲ့ ဖေဖေ Enrico ကိုလဲ
ကျေးဇူးအထူးတင်ပါတယ် 😘
လက်တွဲလာခဲ့တာ အချိန်၂နှစ် အတွင်း
positive အမြင်နဲ့ ဘဝကိုဖြတ်သန်းဖို့သင်ကြားပေးတဲ့အတွက်ရယ်
ကျွန်မရဲ့ အတိတ်တွေ နားလည်ပေးပြီး
ကျွန်မနဲ့ သမီးလေး ဂ င်္ဂါကို မိသားစုဝင် အဖြစ်သတ်မှတ် လက်ခံပေးတဲ့အတွက်ရယ်
တယောက်တည်းပင်ပန်း နေချိန်တွေမှာ
အစစအရာရာ နားလည်ခွင့်လွှတ်ဖေးမပေးလို့
အတိုင်းမသိဝမ်းသာမိရပါတယ်
ကျေးဇူးလဲတင်တယ်
သူ့ရဲ့ September လတုန်းက အသက် ၃၄ နှစ်ပြည့်မွေးနေ့မှာ
လက်ဆောင်ဘာပေးရမှန်းမသိဘူးလို့ ပြောတော့
အခုဗိုက်ထဲမှာရောက်နေတဲ့ဒီကလေးလေးဟာ ကျမတို့နှစ်ယောက်အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့
ဘာမှမလိုဘူး ကလေးနဲ့မိခင်ကျန်းမာဖို့အရေးကြီးတယ်ဆိုတဲ့…
သူ့စကားကြောင့်အရမ်းပျော်ခဲ့ရတယ် ☺
သမီးလေး ဂ င်္ဂါနဲ့ နောက်ထပ်ကလေးလေး နေဖို့အတွက်
ကျွန်မရဲ့ သန်လျင်အိမ်လေးကို နောက်ထပ်တိုးပြီး ကလေးတွေအတွက် အိပ်ခန်းရေချိုးခန်း အိမ်သာလေးတွေ ကြမ်းခင်းသစ်သားပါကေးလေးတွေ
အသံလုံ ခြင်မကိုက်အောင် ခြင်လုံစကာလေးတွေ
တံခါးလေးတွေကို
သူကိုယ်တိုင် အပင်ပန်းခံပြင်ပေးနေတာတွေ့ရတော့ အတိုင်းမသိကြည်နူးရပါတယ် 😇🤗
အတူတူ ဆေးတွေသုတ်ကြ..အိမ်သန့်ရှင်းရေးတွေလုပ်ကြ..
ကလေးတွေအတွက် ရေကူးကန်ကိုပြန်ပြင်နဲ့
မနားတမ်းလုပ်ခဲ့ကြတယ်
တခြားသူတွေအတွက် ဘယ်လိုခံစားရမယ်မသိပေမဲ့ ကျွန်မအတွက်တော့ မေတ္တာတရားဆိုတာ
တန်ဖိုးထား ကြည့်မြင်တတ်သူတွေအတွက်သာ အဖိုးမဖြတ်နိုင်ဘူးလို့ထင်ပါတယ်
အတိတ္ကအတိတ္ပါပဲ..
ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့ အနာဂတ်ကိုတော့
ကျွန်မကို တန်ဖိုးထားချစ်တဲ့သူတွေနဲ့
ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ကျွန်မ ချစ်တဲ့ ပရိသတ်အတွက် စကားလေးပါးရင်း
အားလုံး Happy Sweet December ပါနော်
ကျန်းမာပျော်ရွှင်ကြပါစေ 😇🙏
(ချမ်းရဲ့ ပရိသတ်များကို ချမ်းရဲ့ official page ကနေ ကိုယ်တိုင် အသိပေးပြီးဖြစ်လို့
media များ ချဲ့ကားရေးသားခြင်းနှင့် interview ထပ်မံ မေးမြန်းခြင်းများ မပြုလုပ်ဖို့ လေးစားစွာဖြင့် မေတ္တာရပ်ခံပါတယ်)
ချမ်း ချမ်း
Be the first to comment on "ချမ်းချမ်းရဲ့ ကိုယ်ဝန်၅လ ဘယ်သူနဲ့ရတာလဲ"