ထွက်ပြေးတိမ်းရှောင်နေရတဲ့ ညီမဖြစ်သူမအေးသောင်းကို အားမငယ်ဘူးလားလို့ မေးလိုက်တော့ ညီမဖြစ်သူရဲ့အဖြေကြောင့် ဆွံ့အသွားခဲ့ရတဲ့ နှင်းဝတ်ရည်သောင်း

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး အေးဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဒီကာလအတွင်း စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူများသာမက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ် အခုလိုမျိုး အမှန်တရားဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မအေးသောင်းကိုတော့ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို ထားကြတာ ဖြစ်ပါတယ်။

ဒီနေ့ကတော့ မအေးသောင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။

မွေးနေ့မှာတောင် မိသားစုနဲ့အတူ ရှိမနေရဘဲ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်နေကြရတဲ့ သူမကို ပရိသတ်တွေက စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

မအေးသောင်းကို ချစ်ခင်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းများလည်း သူတို့ရဲ့ လူမှုကွန်ယက်များတွင် မွေးနေ့ဆုတောင်းများ ရေးသားထားကြတာ ဖြစ်ပါတယ် မကြာသေးခင် နာရီပိုင်းလောက်က နှင်းဝတ်ရည်သောင်းရဲ့Facebook အကောင့်တွင် မအေးသောင်းရဲ့လတ်တလောအခြေအနေတွေကို ကြားသိရသလောက် ပြောပြလာတာဖြစ်ပါတယ်။

မအေးသောင်းတစ်ယော က် သူမရဲ့ မွေးနေ့ရက်မြတ်တွင် တတ်နိုင်သလောက် အလှူလေးတွေ ပြုလုပ်ခဲ့ကြောင်းကိုလည်း အေးဝတ်ရည်သောင်းက အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအတွက်မွေးနေ့အလှူသိန်း 50 လှူခဲ့ပါတယ် လို့သတင်းကြားပါတယ် ဓာတ်ပုံတွေကတော့ရတဲ့အချိန်တင်ပေးပါ့မယ် သူ့ပရိသတ်နဲ့သူငယ်ချင်းအမျိုးတွေရဲ့အလှူပါလို့ပြောပါတယ်တစ်ယောက်တည်းအားမငယ်ဘူးလားမေးတော့ သူ့ထက်အားနည်းတဲ့သူတွေအများကြီးကြောင့် သူအားမငယ်ပါဘူးလို့ပြောပါတယ်။

ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ပရိသတ်များကလည်း သူမ အဆင်ပြေကျန်းမာပါစေလို့ ဒီပို့စ်အောက်တွင် comment ရေးသားထားကြပါတယ် မအေးသောင်းတစ်ယောက် ဒီနေ့မှာ ကျရောက်တဲ့မွေးနေ့မှ စပြီး ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Be the first to comment on "ထွက်ပြေးတိမ်းရှောင်နေရတဲ့ ညီမဖြစ်သူမအေးသောင်းကို အားမငယ်ဘူးလားလို့ မေးလိုက်တော့ ညီမဖြစ်သူရဲ့အဖြေကြောင့် ဆွံ့အသွားခဲ့ရတဲ့ နှင်းဝတ်ရည်သောင်း"

Leave a comment

Your email address will not be published.


*