ပရိတ်သတ်တွေက အဆိုတော်တစ်ယောက်အဖြစ်စတင်အသိအမှတ်ပြုခံလာရပြီဖြစ်တဲ့ မီးနိုတစ်ယောက်ကတော့ လက်ရှိအချိန်ကာလတစ်လျောက် ပရိတ်သတ်တွေနဲ့ တသားထဲရပ်တည်ပေးလျက်ရှိပြီး တစ်ဖတ်မှာလည်း လိုအပ်သူများကို ကူညီအလှူဒါနများပြုလျက်ပေးလျက်ရှိပါတယ်။သူကတော့ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းအလှူဒါနလေးတွေ ပြုလုပ်နေပါတယ်။
သူမတို့ သူငယ်ချင်းတစ်စုကတော့ ကိုယ်တိုင်တတ်နိုင်သ၍လှူဒါန်းကြသလို တစ်ဖဖက်မှာ စေတနာအလှူရှင်များနဲ့ချိတ်ဆက်ကာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ်။အန္တရာယ်တွေကြားထဲကနေ စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေကို တစ်ဆင့်ပြန်လည်လှူဒါန်းပေးရာကနေ စေတနာရှင်တွေလှူဒါန်းတဲ့ အဝတ်အစားများကို အိမ်အရောက်သွားမယူပေးနိုင်တဲ့ အတွက် ဝေဖန်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။
မီးနို တစ်ခုလောက်ပြောချင်လို့ပါ
ကိစ္စတစ်ခု ကိုကိုယ် တိုင်တာဝန်ယူနိုင်မှ ဒီအလုပ်ကိုလုပ်တယ် အဲ့လိုလူမျိုးကိုဘဲ နှစ်သက်တယ်
မီးနို အခု အလှူကို လုပ်တယ် ဆိုတာ ကိုယ် ချင်းစာတရားနဲ့
မေတ္တာ တရား ရှိ လို့ အခု လို အန္တာရာယ်တွေ ကြားက ဘုရားနဲ့အတူ မီးနို တို့ team တစ်ခု လုံး လုပ်ဆောင်နေကြတာ
အလှူရှင်တွေရော အားလုံးအားတတ်သရော ပါဝင်ကြတယ်
အလှူငွေအပြင် ကိုယ် ကာယ အတွက် အားဆေး တွေ အဝတ်စားတွေ လာပို့ကြတယ် နယ် ကနေ လည်း အားတတ်သရော ပါဝင်ကြတယ် ကျေးဇူးအများကြီးတင်ပါတယ်
ဒါပေမဲ့ တစ်ချို့သောလူတွေအတွက်တော့စိတ်မကောင်းဖြစ်မိတယ် မီးနို တို့ကိုယ် ကျိုးအတွက်တစ်ခုမှမပါဘူး
ပထမအချက် သိစေချင်ပါတယ်
ကျွန်မတို့ အားလုံးပင်ပန်းကြတာ ကျွန်မတို့ အသိဆုံးပါ
အဝတ်စားလာမယူတာနဲ့ ဘဲ အပြစ်မတင်စေချင်ပါဘူး
အပြစ်တင်စရာမလိုဘူး လည်းမြင်မိပါတယ်
နားလည်ပေးကြတဲ့ ချစ်ရတဲ့မောင်နှတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏
Credit – YaungChi
Be the first to comment on "လှူဒါန်းမှုတွေကြားမှာ လိုအပ်မှုလေးတစ်ခုအတွက်နဲ့ ဝေဖန်ကြတာ စိတ်မကောင်းဖြစ်မိကြောင်းပြောလာတဲ့ မီးနို.."