ပိုက်ဆံရဘို့ကိုဘဲ မကြည့်နဲ့အသေ အချာစစ်ကြည့်အုံး
အလှမ်းဝေးတဲ့ နယ်တချို့မှာ တရုတ်နယ်စပ်က ဝင်လာတဲ့ ကျပ်တစ်သောင်းတန်အတုနဲ့ အစစ်တွေရောပြီး အိမ်ခြံမြေ ကား ဆိုင်ကယ် နွားတို့ ဝက်တို့လို အိမ်မွေးတိရိစ္ဆာန် တွေပါမကျန် လိုက်ဝယ်နေကြတယ်လို့သိရပါတယ်…
တရုတ်နယ်စပ်က ဝင်လာတဲ့ တစ်သောင်းတန်တွေက ဘဏ်တွေကလွဲရင် အပြင်လူတွေ ခွဲခြားရခက်တာကြောင့် ဘဏ်လုပ်ငန်းတွေပြန်စနိုင်ခင်မှာ အခွင့်ကောင်းယူပြီိးလိုက်လိမ်ကြတာပါ…
အိမ်ခြံမြေ တွေထက် လက်လွှဲရောင်းလို့ရတဲ့ ကားဆိုင်ကယ် ရွှေ တို့လို အရာတွေကို ပိုပြီိးပစ်မှတ်ထားကြတယ်လို့သိရပါတယ်…
သိန်းရာချီတဲ့ အရောင်းအဝယ်တွေလုပ်မယ်ဆိုရင်တော့…
အကြံပေးချင်တာက …
တစ်သောင်းတန်အစားတခြားငွေစက္ကူတွေသာတောင်းပါ…ဒါမှမဟုတ် နောက်တနည်းကတော့ ငွေသားသွင်းရင် ရှိနေတဲ့ပမာဏအတိုင်း ငွေသားပြန်ထုတ်လို့ရတဲ့ Special Account တွေကို ဘဏ်တွေမှာ မြန်မာငွေ (၁၀) သိန်းနဲ့ဖွင့်လို့ရပါတယ်…
Special အကောင့်ဖွင့် အဲ့ထဲငွေလိုက်ထဲ့ခိုင်းပြီးမှ ဘဏ်ကနေ ငွေပြန်ထုတ်တာအကောင်းဆုံးပါ…
ငွေစက္ကူအတုမိရင် ကိုယ်ကပဲအရင်ရှင်းရမှာဖြစ်တာကြောင့် အလိမ်လဲခံရသေး အမှုလဲဖြစ်သေးဆိုတာမျိုး ကြုံရနိုင်ပါတယ်…
တိုင်းပြည်မတည်ငြိမ်တဲ့အချိန် တောကြောင်တွေရဲ့ ရန်ကလဲမသေးလှတာမို့ သတိအထူးထားကြစေလိုပါတယ်…
Source : Free Net Myanmar
Zawgyi
အကြံပေးချင်တာက …
Be the first to comment on "လတ်တလော ကြားနေရတဲ့ ၁ သောင်းတန်အတုနှင့် သတိပြုစရာအချက်များ"