စစ်ဘေးရှောင် တောင်ပေါ်ဒေသလေးမှာ မီးမရှိတဲ့ကြားကနေ ထိခိုက်ဒဏ်ရာရနေတဲ့လူနာအတွက် ဆေးကုပေးနေတဲ့ ဆရာ၀န်မလေး

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ အလျောက်စစ်ဘေးရှောင်ပြည်သူတွေလည်းတစ်ဆထက် တစ်ဆတိုးပွားလာနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာလည်း အခက်အခဲဒုက္ခတွေများစွာကြုံတွေ့နေရပြီး အစားအသောက်၊ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိကြတဲ့အတွက် စစ်ဘေးရှောင်ရင်း အသက်သေဆုံးသွားကြရတဲ့ပြည်သူတွေလည်း ရှိလာနေတယ်လို့သိရပါတယ်။

အစားအသောက်နဲ့ဆေးဝါးလုံလုံလောက်လောက်မရရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြည်သူတို့ဘက်ကနေ တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ပေးနေကြတာပါ။ လှူဒါန်းသူတွေရှိနေပေမယ့်လည်း သွားလာရေးခက်ခဲမှုတွေနဲ့ ဆေးရုံ ဆေးခန်းမရှိတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဒုက္ခတွေတွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားကနေ စေတနာရှင်ဆရာ၀န်မလေးတစ်ယောက်ကတော့ စစ်ဘေးရှောင်ပြည်သူတွေဆီအရောက်သွားကာ ဆေးကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။

မကြာသေးခင်က သူမရဲ့ Facebookစာမျက်နှာမှာလည်း စစ်ဘေးရှောင်ဒေသကပြည်သူတစ်ယောက်ကို မီးမရှိတဲ့ကြားကနေ Operationပြုလုပ်ပေးနေတဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ထိုသူမှာ ဝါးရှသဖြင့် နှာခေါင်းပြတ်လုနီးပါးဖြစ်ခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုပေးခဲ့ရတာပါ။ အခုလိုမွန်မြတ်လှတဲ့ အဖြစ်အပျက်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

————-

တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားေနတဲ့ အေလ်ာက္စစ္ေဘးေရွာင္ျပည္သူေတြလည္းတစ္ဆထက္ တစ္ဆတိုးပြားလာေနၿပီး ေတာေတာင္ေတြထဲ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာျဖစ္ပါတယ္။ စစ္ေဘးေရွာင္ျပည္သူေတြမွာလည္း အခက္အခဲဒုကၡေတြမ်ားစြာႀကဳံေတြ႕ေနရၿပီး အစားအေသာက္၊ေဆးဝါးပစၥည္းေတြ လုံလုံေလာက္ေလာက္မရွိၾကတဲ့အတြက္ စစ္ေဘးေရွာင္ရင္း အသက္ေသဆုံးသြားၾကရတဲ့ျပည္သူေတြလည္း ရွိလာေနတယ္လို႔သိရပါတယ္။

အစားအေသာက္နဲ႔ေဆးဝါးလုံလုံေလာက္ေလာက္မရရွိတဲ့ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ျပည္သူတို႔ဘက္ကေန တတ္ႏိုင္သေ႐ြ႕လႉဒါန္းမႈေတြျပဳလုပ္ေပးေနၾကတာပါ။ လႉဒါန္းသူေတြရွိေနေပမယ့္လည္း သြားလာေရးခက္ခဲမႈေတြနဲ႔ ေဆး႐ုံ ေဆးခန္းမရွိတဲ့အတြက္ စစ္ေဘးေရွာင္ျပည္သူေတြအေနနဲ႔ ဒုကၡေတြေတြ႕ႀကဳံခံစားေနၾကရပါတယ္။ ဒီလိုအခက္အခဲေတြၾကားကေန ေစတနာရွင္ဆရာ၀န္မေလးတစ္ေယာက္ကေတာ့ စစ္ေဘးေရွာင္ျပည္သူေတြဆီအေရာက္သြားကာ ေဆးကုသမႈေတြျပဳလုပ္ေပးေနတာျဖစ္ပါတယ္။

မၾကာေသးခင္က သူမရဲ႕ Facebookစာမ်က္ႏွာမွာလည္း စစ္ေဘးေရွာင္ေဒသကျပည္သူတစ္ေယာက္ကို မီးမရွိတဲ့ၾကားကေန Operationျပဳလုပ္ေပးေနတဲ့ပုံေလးေတြကိုတင္ေပးလာခဲ့ပါတယ္။ ထိုသူမွာ ဝါးရွသျဖင့္ ႏွာေခါင္းျပတ္လုနီးပါးျဖစ္ခဲ့တာေၾကာင့္ အေရးေပၚေဆးကုသမႈေပးခဲ့ရတာပါ။ အခုလိုမြန္ျမတ္လွတဲ့ အျဖစ္အပ်က္ေလးကို ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

CRD : Myanmarload

Be the first to comment on "စစ်ဘေးရှောင် တောင်ပေါ်ဒေသလေးမှာ မီးမရှိတဲ့ကြားကနေ ထိခိုက်ဒဏ်ရာရနေတဲ့လူနာအတွက် ဆေးကုပေးနေတဲ့ ဆရာ၀န်မလေး"

Leave a comment

Your email address will not be published.


*