အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ သူငယ်ချင်းဆရာမလေးကို လက်ထိပ်ကြီးနဲ့ မြင်လိုက်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ ပြည်သူတစ်ဦး

ပြီးခဲ့တဲ့မေလ (၂၆)ရက်နေ့အထိ စာရင်းများအရ မြန်မာနိုင်ငံမှာ ကျဆုံးသူပေါင်း (၈၂၈)ဦးခန့်ရှိနေပြီဖြစ်ကြောင်းသိရပြီး အမှန်တကယ် ကျဆုံးသူအရေအတွက်မှာလက်ရှိစာရင်းထက်တောင်ပိုများနိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူပေါင်း (၅၄၄၁)ခန့်ရှိနေပြီဖြစ်ကြောင်းAAPPကထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ အခုလည်းပြည်သူတစ်ယောက်ကသူ့ရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမလေးတစ်ယောက်ဖမ်းဆီးခံလိုက်ရကြောင်းပြောပြထားတာဖြစ်ပါတယ်။ပြည်သူ့ဝန်ထမ်းအဖြစ်အမှန်တရားဘက်ကရပ်တည်ခဲ့တဲ့အဲ့ဒီကျောင်းဆရာမလေးကပြီးခဲ့တဲ့ရက်ပိုင်းကပဲဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းကိုလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်းလက်ထိပ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့ဆရာမလေးရဲ့ဓာတ်ပုံကိုတင်ထားတာတွေ့ရပါတယ်။

ဒီပုံကိုမျှဝေခဲ့တဲ့သူငယ်ချင်းဖြစ်သူကတော့ ဆရာမလေးအတွက် မျက်ရည်ကျမိကြောင်း၊အဲ့ဒီမျက်ရည်ကလည်းဂုဏ်ယူလို့ကျရတဲ့ မျက်ရည်ဖြစ်ကြောင်းကိုဝမ်းနည်းစွာနဲ့ ဖွင့်ဟပြောကြားထားတာ ဖြစ်ပါတယ်။

အဖြူအစိမ်းဝတ်တဲ့ဆရာမလေးခမျာအခုတော့အမှန်တရားအတွက်လက်ထိပ်ကြီးနဲ့ ရဲရဲဝင့်ဝင့်လမ်းလျှောက်နေရတာကိုမြင်ပြီးအားလုံးကစိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

ပြည်သူတွေကတော့တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေတာဝန်ကျေပွန်ခဲ့တဲ့ဆရာမလေးအတွက် ဂုဏ်ယူနေပြီးအမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ် ။

Be the first to comment on "အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ သူငယ်ချင်းဆရာမလေးကို လက်ထိပ်ကြီးနဲ့ မြင်လိုက်ရလို့ မျက်ရည်ကျမိကြောင်းပြောလာတဲ့ ပြည်သူတစ်ဦး"

Leave a comment

Your email address will not be published.


*