ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီး မြနှင်းရည်လွင်ကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အားကြိုးမာန်တက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။
အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် လမ်းပေါ်ထွက်လှုပ်ရှားမှုတွေအပြင် အခြားလှုပ်ရှားမှုတွေမှာလည်းအင်တိုက်အားတိုက်နဲ့ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။
မြနှင်းရည်လွင်ကတော့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရကာ ကိုယ်တိုင်က ဘေးလွတ်ရာကို ရှောင်တိမ်းနေရပေမယ့်လည်း အမှန်တရားအတွက် တတ်နိုင်သလောက် ဆက်လက်ကြိုးစားနေသူလည်း ဖြစ်ပါတယ်..။
ပြည်သူတွေမှာ ပြည်သူတွေပဲရှိပြီး အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်ပြီး သူရဲကောင်းတွေက ဒီမိုကရေစီကို မြတ်နိုးတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။
ငါတို့မှာ ငါတို့ပဲရှိပေမယ့်
ငါတို့မှာ အမှန်တရားရှိတယ်
အမှန်တရားမှာ အနိုင်ပဲရှိတယ်
ဘုရင့်နောင်ဖောင်ဖျက်လိုက်တဲ့အချိန်မှာ
ငါတို့အားလုံးက သူရဲကောင်းတွေပဲဖြစ်တယ်
သူရဲကောင်းဆိုတာ ခုတ်ရင် ရှေ့ကပဲခုတ်တယ်
သူရဲကောင်းဆိုတာ သွေးကြွေးကိုသွေးကြွေးနဲ့ပဲဆပ်တယ်
သူရဲကောင်းဆိုတာ အချစ်ကြီးရင် အမျက်ကြီးတယ်
သူရဲကောင်းဆိုတာ လိုချင်တာကို ရအောင်ယူတယ်
ပြီးတော့သူရဲကောင်းဆိုတာ ဒီမိုကရေစီကို သိပ်မြတ်နိုးတယ်
အရေးတော်ပုံကြီးမှာ သွေးမအေး အားမလျော့သွားဘဲ အစွန်းကုန်ပါဝင်နေတဲ့ မြနှင်းရည်လွင်ရဲ့ စိတ်ဓာတ်ပြတ်သားမှုတွေကတော့ ပြည်သူတွေကို သဘောကျစေပါတယ်..။
Be the first to comment on "၅၀၅-ကဖြင့် အမှုဖွင့်ခံထားရသော်လည်း အမှန်တရားအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ် မြနှင်းရည်လွင်"