တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း … (27.5.2021 မှ 2.6.2021 အထိ)

တနင်္ဂနွေ

ဒီအပတ်ထဲ အဘက်ဘက်က စိတ်ဓာတ်ခွန်အားတွေရလာတတ်ပါတယ်။ လိုချင်နေတဲ့အကူအညီအထောက် အပံ့တွေလဲ ရလာတတ်ပါတယ်။ လူငယ်များ လူကြီးမိဘတွေရဲ့ လမ်းပြမှုတွေကို ရလွယ်ပါလိမ့်မယ်။ အလုပ်ကြောင့် စိတ်ညစ်နေရသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရလာတတ်ပါတယ်။ ဌာနဆိုင်ရာကိစ္စတွေ၊ ရုံးကိစ္စတွေ လိုက်လံဆောင်ရွက်လို့ကောင်းတဲ့ ကာလတစ်ခုလဲဖြစ်ပါတယ်။

အားနည်းချက်က ရန်များမယ်။အတိုက် အခိုက်များမယ်။မနာလိုသူပေါများတတ်ပါတယ်။စားဝတ်နေရေးအတွက် ပူပန်နေရသူများထောက်ပံ့သူတွေပေါ်လာ တတ်ပါတယ်။ ဆရာပုံစံအမိန်ပေးတာမျိုးကိုရှောင်ပြီး၊

လမ်းပြပေးသူ၊ကူညီပေးသူအဖြစ်နဲ့ သာနေထိုင်ခြင်းဖြင့် လူချစ်လူခင်များလာတတ်ပါတယ်။ ကျန်းမာရေးအားကောင်းနေပါတယ်။ အိပ်ရေးဝဝသာအိပ်စက်နိုင် ဖို့ အားစိုက် ပါ။ အချစ်ရေးမှာ တိုးတတ်မှုတွေရောထွေးနေတတ်ပါတယ်။

အနာဂတ်မဲ့နေတဲ့ချစ်သူ၊ပေါ့ပေါ့နေတတ်တဲ့ချစ်သူကို ရထားသူဆို လမ်းခွဲချင်စိတ်တွေပေါ်လာတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိပေမဲ့ အိမ်ထောင်ဘက် ကျန်းမာရေး အားနည်းမှုကြောင့် အရာရာကိုယ့်လက်ကိုယ့်ခြေလုပ်နေရတတ်ပါတယ်။ ပညာရှာနေသူများ အကြီး အကဲဆရာ သမားတွေရဲ့ လမ်းပြတဲ့ ပညာရေးက မိမိအတွက်သင့်တော်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/5/8 /အထူးဟော ကံမြင့်မားနေမယ်။ /ယတြာ ကြက်သွန်ကြော်ဘုရားကပ်လှူပါ

တနင်္လာ

မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ဆုံဆည်းရတတ်ပါတယ်။ မိသားစုထမင်းဝိုင်းလူစုံမဲ့ကာလပါပဲ။ ရပ်ဝေးကသားသမီးတွေအိမ်ရောက်လာတတ်ပါတယ်။ ထီကံကောင်းနေတဲ့အတွက် စနေသားသမီးတွေနှင့် ထီစပ်ထိုးစေ ချင်ပါတယ်။

မြုပ်နေတဲ့ငွေတွေပြန်ပေါ်လာတတ်ပါတယ်။ လက်လွန်ထားတဲ့ငွေတွေပြန်ရတတ်ပါတယ်။ လူမှုရေး ကိစ္စများ၊ နားဖောက်တဲ့ကိစ္စများ၊ ကြားကညှိနှိုင်းဆောင်ရွက်ရတဲ့ကိစ္စများ မိမိက ဦးဆောင်ပါကအရာရာအဆင်ပြေ ချောမွေ့နိုင်ပါတယ်။

အထိုင်စီးပွားများ တိုးတတ်လာတတ်ပါတယ်။ သင်ကြားရေးနဲ့ပတ်သက်ပြီးအသက်မွေးတဲ့ သူများ သင်တန်းသစ်တွေစတာ၊ကျောင်းအသစ်တွေစဖွင့်တာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ အကြွေးကိစ္စကြောင့် ခေါင်းပူနေရသူများ ကူညီပေးမဲ့သူတွေပေါ်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ပူစရာမရှိသေးပါဘူး။

ရာသီ ဉတု ပူပြင်းတယ်ဆိုပြီး ရေကိုစိမ်ချိုးတာမျိုးတွေရှောင်ပါ။အချစ်ရေးအတွက် စိတ်ချမ်းသာရမယ်။ လက်ထပ်ထိမ်း မြားဖို့ စီစဉ်ဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။ ချစ်သူဆီကလိုချင်တဲ့အဖြေတွေရလာတတ်ပါ တယ်။

အိမ်ထောင်ရေးမှာတော့ တစ်ယောက်တစ်ပေါက်နဲ့ညှိနှိုင်းရ ခက်ခဲနေတတ်ပါတယ်။ ပညာရေးအတွက် စိတ်အေး ရမဲ့ကာလလဲဖြစ်ပါတယ်။အကျိုးပေးဂဏန်း ၂/၄/၈/အထူးဟော ကူညီဖေးမမဲ့သူပေါများနေတတ်ပါတယ်။/ယတြာ….ကြက်သားကြော်နဲ့ ဘုရားရှင်အားဆွမ်းကပ်ပါ။

အင်္ဂါ

ကံမညံ့ပေမဲ့ဒီကာလစိတ်ပူပန်ရတာတွေများနေတတ်ပါတယ်။ ဟိုလူအတွက်စိတ်ပူရ၊ဒီလူအတွက်ဆိုတာမျိုး တွေကြုံနေရတတ်ပါတယ်။ စီးပွားရေးကတော့ ရရစားစားကာလပါပဲ။ ရောင့်ရဲတင်းတိမ်တတ်ဖို့လိုပါတယ်။ အဲလို မဟုတ်ဘဲ အချီကြီး အပွကြီးကြံချင်ရင်တော့ အဆုံးအရှုံးများနိုင်ပါတယ်။

လောင်းကစားဝါသနာပါသူများ ဒီအတော အတွင်း လောင်းကစားမလုပ်မိအောင်ထိန်းဖို့လိုပါတယ်။ စက်ပစ္စည်းတွေခြူခြာနေရင်တော့ မှေးသုံးပါ။ပြင်လိုက်မှ အလုံးစုံအသစ်လဲလိုက်ရပြီးငွေပိုကုန်သွားနိုင်လို့ပါပဲ။ ခရီးတိုလေးတွေသွားလို့ကောင်းပေမဲ့..မှန်းထားသည်ထက် ကုန်ကျစရိတ်ပိုများနေတတ်ပါတယ်။

ကျန်းမာရေးကိုတော့ အရမ်းမဆိုးပေမဲ့ ဆီးရောဂါတွေ၊ဆေးမှား၊အစားမှားတာ တွေသတိထားရလိမ့်မယ်။ လုပ်စရာရှိတာ ကိုယ်တိုင်ကိုယ်ကျသာလုပ်ပါ။ သူများခိုင်းရင် စိတ်တိုင်းမကျ၊တစ်ခါ တည်းနဲ့မပြီးဘဲနောက်က ကိုယ်ကလိုက်လုပ်နေရတတ်ပါတယ်။ အချစ်ရေးကတော့ စိတ်ချမ်းသာဖို့များပါတယ်။

မထင်မှတ်တဲ့နေရာကနေ ဖူးစာဖက်ပေါ်လာတတ်ပါတယ်။ အောင်သွယ်ကြောင့်ချစ်သူရည်းစားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့စီးပွားရေးကိစ္စတိုင်ပင်လို့ရပါတယ်။ အတူတူရှေ့ဆက်လို့ရမဲ့ကာလပါပဲ။ ပညာရေးမှာတော့ မိမိကိုယ်တိုင်ကသင်လိုစိတ်နည်းပြီးတော့စိတ်ကုန်၊စိတ်ပျက်နေမိတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၁/၈ /အထူးဟော ကံအင်အားနည်းနေမယ်/ယတြာ အောက်လက်ငယ်သားတွေကိုတက်နိုင်သလောက်ထောက်ပံ့ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီအပတ်အတွင်း လုပ်ငန်းပြိုင်တွေပေါလာတတ်ပါတယ်။အရာရာသတိနဲ့ယှဉ်ပြီးဆောင်ရွက်ဖို့လိုပါတယ်။ ခြေတစ်လှမ်းမှားတာနဲ့ ကိုယ့်နေရာဝင်ယူသွားမဲ့သူတွေရှိနေတတ်ပါတယ်။ ငွေရှာလို့ကောင်းပေမဲ့ ငွေကြေးအကုန် အကျတွေများနေတတ်ပါတယ်။

ဝန်ထမ်းဆို ရာထူးတိုးတာမျိုးတွေ၊နေရာကောင်းရတာမျိုးတွေကြုံရတတ်ပါတယ်။ လူငယ်များ လူကြီးမိဘတွေဆီက တန်ဖိုးထားစရာလက်ဆောင်ပစ္စည်းတွေရလာတတ်ပါတယ်။ဘာလုပ်လုပ် ကြို တင် ကြံစည်လုပ်တာထက် ဖြစ်လာသမျှကို မီးစင်ပြီးကတာက ပိုကောင်းပါတယ်။

လူမှုရေးကိစ္စတွေမှာ ကြားဝင်တာ မျိုးတွေမလုပ်ပါနဲ့။ ကိုယ်ပါလာရင်ပိုဆိုးလာတတ်ပါတယ်။ တရားရှာသူများတရားရနိုင်ပါတယ်။ တရားနာသူများ တရားသိလွယ်တဲ့ကာလပါပဲ။အချစ်ရေးအတွက် ခေါင်းထဲ မထည့်တာနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ချစ်သူကိုလျစ် လျူရှုမိနေတတ်ပါတယ်။

ကျန်းမာရေးကောင်းပေမဲ့ အညောင်း မိတာ၊ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေကြုံ နေ ရတတ်ပါတယ်။ အိမ်ထောင်ရေးအဆင်ပြေနေသလို အိမ်ထောင်ဘက်ခရီးများနေရတတ်ပါတယ်။ပညာရေး မှာ တော့ အမိအဘတွေရဲ့စကားကို နားထောင်ပြီး တော့ ဆောင် ရွက်စေချင်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၇ /အထူးဟော အကြံအစည်တွေနှောင့်နှေးနေတတ်ပါတယ်။ယတြာ အကြော်စုံ ငါးမျိုး၅မျိုးဘုရားကပ်လှူပါ

ကြာသပတေး

လုပ်ငန်းစီးပွားတွေနဲ့ပတ်သက်ပြီး အဘက်ဘက်က တိုးတတ်လာဖွယ်ရှိနေပါတယ်။ဝန်ထမ်းများရာထူးတိုး ၊ နေရာကောင်းရခြင်းများကြုံရတတ်ပါတယ်။ စပ်တူအလုပ်တွေရှယ်ယာအလုပ်တွေအားနည်းလာတတ်ပါတယ်။ လက်ကားစီးပွားရေးများ၊စပ်တူရှယ်ယာအလုပ်များအထူးကောင်းပါတယ်။ စိတ်တူ၊ကိုယ်တူ မိတ်ဆွေကောင်းတွေ ရလာတတ်ပါတယ်။

ငွေကြေးနဲ့ပတ်သက်ပြီးရှာဖွေရလွယ်ကူတတ်ပါတယ်။ စိတ်ကူးအယူအဆအသစ်တွေကို လက် တွေ့အကောင်အထည်ဖော်ကြည့်ပါ။အောင်မြင်မှုလမ်းကိုရပါလိမ့်မယ်။ ဆရာသမား၊လူကြီးမိဘတွေဆီကအကြံ ဉာဏ်ကောင်းတွေရလာတတ်ပါတယ်။

လိုအပ်သည်ထက် ပိုမိုပြီးတော့ငွေကြေးနဲ့ဆက်စပ်တဲ့ အလုပ်စီးပွားတွေ ကောင်းနေတတ်ပါတယ်။ပြန့်ကျဲနေတဲ့လုပ်ငန်းတွေပြန်စုစည်းလို့ကောင်းတဲ့ကာလပါ။ဘာလုပ်လုပ် ရေရှည်ကို ကြည့်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။

အချစ်ရေးကံ အားကောင်းနေချိန်ပါပဲ။ချစ်သူသစ်တွေ၊ ရည်းစားသစ်တွေရ လွယ်ပါတယ်။ စိတ်ဆတ်နေတဲ့ ချစ်သူကိုတော့ အနည်းငယ်သည်းခံတတ်ဖို့လိုပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးကံ အားနည်းနေချိန်ပါပဲ။ပညာရေးမှာတော့ သင်ယူလိုစိတ်ထက် စီးပွားရှာလိုစိတ်သာများနေ တတ်ပါ တယ်။

အကျိုးပေးဂဏန်း ၂/ဝ/၆ /အထူးဟော စီးပွားရေးမှာ လိမ္မာပါးနပ်မှုရှိလေ အခွင့်အရေးရလေပါပဲ.။ /ယတြာ ကန်စွန်းရွက်ကြော်နှင့် ဘုရားရှင်အားဆွမ်းကပ်လှူပါ

သောကြာ

စိတ်ဓာတ်အယူအဆတွေ၊အတွေးအခေါ်တွေမှားနေတတ်ပါတယ်။ ဇိမ်ကျကျနေခြင်းထက် ဒီကာလမှာအရာ ရာအနစ်နာခံနိုင်မှ ကံကောင်းလာပါလိမ့်မယ်။လိုချင်နေတဲ့ငွေကြေးတွေရဖို့ကြန့်ကြာနေတတ်ပါတယ်။ စကားကို မလိုအပ်ဘဲဟောင်ဖွာဟောင်ဖွာမလုပ်လိုက်ပါနဲ့။

အသံကြောင့်ဖားသေဆိုတာမျိုး ဖြစ်တတ်လို့ပါ။ ရန်သူမျိုးငါးပါး ဘေးကိုကြုံရလွယ်တဲ့နေ့ရက်တွေဖြစ်တာမို့ အရာရာသတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်ဖို့လိုပါတယ်။တတ်နိုင်သမျှ ဇိမ်ခံပစ္စည်းတွေမဝယ်သင့်တဲ့ကာလပါပဲ။

ဇိမ်ခံပစ္စည်းတွေဝယ်လိုက်ရင် အကျိုးမပေးချိန်မို့ အပျက်အစီးမြန်တတ် ပါတယ်။အိမ်ထောင်ရေးကံအားကောင်းပေမဲ့ မိသားစုဆွေမျိုးတွေကြောင့်လင်မယားချင်း စကားခွန်းကြီးခွန်းငယ် များရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူက မိမိအပေါ်စိတ်တိုင်းမကျတာတွေများနေရတတ်ပါတယ်။သူဆန္ဒ ကိုလဲ တတ်နိုင်သ၍နားလည်ပေးဖို့လိုပါတယ်။

ကျန်းမာရေးမှာတော့ အနည်းငယ်အားနည်းချက်ရှိပါတယ်။ရောဂါ ကြီးကြီးမားမားမရှိပေမဲ့ ခေါင်းမူးလိုက်၊ဗိုက်နာလိုက်နဲ့ တရှောင်ရှောင်ဖြစ်တတ်ပါတယ်။ပညာရေးကတော့ မိမိ အတွက်စိတ်ညစ်စရာများပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေရောက်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၅/၇ /အထူးဟော စိတ်ရှုပ်စရာတွေများနေတတ်ပါတယ်။ /ယတြာ ပေါင်မုန့်ကြော်ဘုရားကပ်လှူလိုက်ပါ

စနေ

ဒီတစ်ပတ်အတွင်းငွေရှာရလွယ်နေတတ်ပါတယ်။ ဒါပေမဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတာတွေကလဲ အလွန် များပါတယ်။ အိမ်ရှင်မတွေတောင်မှ အိမ်မှုကိစ္စတွေပုံနေတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်းဖိအားတွေ၊အတင်း အကြပ်ခိုင်းစေတာမျိုးတွေခံနေရတတ်ပါတယ်။ အမှုဟောင်း၊ပြဿနာဟောင်းတွေပေါ်လာတတ်ပါတယ်။ ရပ်ဝေးကအခက်အခဲဖြစ်နေတဲ့ ဆွေမျိုးတွေရောက်လာတတ်ပါတယ်။

လိင်မတူသူတွေရဲ့ လိမ်လည်လှည့်ဖြားခြင်းကိုခံရ တတ်ပါတယ်။ နွမ်းပါးသူတွေကို၊အခက်အခဲဖြစ်နေသူကို တတ်နိုင်သမျှကူညီပေးနေရတတ်ပါတယ်။ကံကောင်းတာ ကတော့ ရပ်ဝေးကချဲ့ထွင်ထားတဲ့အလုပ်တွေက အဆင်ပြေနေတတ်ပါတယ်။ ခရီးရှည်အားနည်းပေမဲ့ ခရီးတိုကံ ကောင်းနေချိန်ပါပဲ။

ကိုယ်ပိုင်အလုပ်များ ပြန်လည်စတင်နိုင်တာမျိုးတွေ့ရပါတယ်။ အိုးအိမ်နေရာထိုင်ခင်းကံအား ကောင်းနေချိန်မို့ အိုးအိမ်ဆောက်ခြင်း၊ပြုပြင်ခြင်းများစတင်လုပ်ဆောင်နိုင်မဲ့ကာလပါပဲ။

အချစ်ရေးမှာတော့ နွံအိုင် ထဲကကြာပန်းလိုပဲ..အဆိုးတွေထဲကကောင်းနေမဲ့အချိန်ပါပဲ။အိမ်ထောင်ရေးမှာတော့ သားသမီးနဲ့ဆက်နွယ်ပြီးလင် မယားချင်းစကားများရတတ်ပါတယ်။ ကျန်းမာရေးကတော့ တရှောင်ရှောင်ဖြစ်တတ်ပါတယ်။ ခြေထောက် အား နည်း ချိန်မို့ ခြေခေါက်လဲတာ၊သံဆူးတာ၊ခြေပွတ်တိုင်လည်တာမျိုးတွေဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၇/၂/၉ /အထူးဟော ကျန်းမာရေးအားနည်းနေမယ် /ယတြာ ပန်းသီးဘုရားကပ်လှူလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ) /0977 5555 695 /09 44 5555 695

Be the first to comment on "တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း … (27.5.2021 မှ 2.6.2021 အထိ)"

Leave a comment

Your email address will not be published.


*