စစ်ဘေးရှောင်တိုင်းရင်းသားတွေရဲ့ လေးစားစရာကောင်းလွန်းတဲ့ အပြုအမူတစ်ခုကို ဂုဏ်ယူစွာနဲ့ဖွင့်ဟခဲ့တဲ့ဆရာဝန်မလေးတစ်ဦး

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1622107897750","source":"other","origin":"unknown"}

တိုင်းရင်းသားတွေဟာ တစ်ဘဝလုံးနီးပါး စစ်ဘေးရှောင်ရင်းဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ပြည်မကလူတွေဟာလက်ရှိအချိန်မှာတော့ တိုင်းရင်းသားတွေရဲ့ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကို ကိုယ်ချင်းစာပြီး တတ်နိုင်သမျှထောက်ပံ့မှုတွေလုပ်ပေးကြပါတယ်။ မန္တလေးက ပရဟိတဆရာဝန်မလေး ငြိမ်းငြိမ်းဟာ မန္တလေးမှာ စတင်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့စဉ်ကစပြီး ဒဏ်ရာရလူနာတွေကို ကုသပေးသလို လက်ရှိအချိန်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးဖို့ တိုင်းရင်းသားဒေသတွေကို သွားရောက်ပြီး ကိုယ်ကျိုးစွန့်ကာ ကူညီပေးနေခဲ့ပါတယ်။

ကိုယ်တတ်ထားတဲ့ပညာကို အကျိုးရှိရှိအသုံးချပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့သူမို့ ပြည်သူတွေရဲ့မေတ္တာကို အပြည့်အဝရထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေသာတဲ့အချိန် စစ်ရှောင်စခန်းချက်ပြုတ်ရေးအတွက် ထင်းစုဆောင်းတဲ့အချိန်မှာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို နားနားနေနေ နေခိုင်းခဲ့ပေမယ့် သူတို့လည်း ထမင်းစားနေတာကြောင့် ကူညီရမယ်ဆိုတဲ့ စကားလေးနဲ့ ဝိုင်းဝန်းကူညီခဲ့တဲ့ ကြည်နူးဖွယ်ပုံရိပ်တွေကို သူမရဲ့လူမှုကွန်ရက်မှာ ဝေမျှခဲ့ပါတယ်။

ဒီလိုစိတ်ထားဖြူစင်ပြီး အချောင်မခိုတတ်ဘဲ ကိုယ့်တာဝန်ကိုယ်သိတဲ့ လူတွေဟာ စစ်ဘေးရှောင်ဘဝနဲ့ ပြေးလွှားပုန်းအောင်းနေရတာ တွေးကြည့်ရင် ရင်နာစရာကောင်းလွန်း ပါတယ်။ မငြိမ်းနိုင်တဲ့ စစ်မီးဟာ နှစ်ပေါင်းများစွာကြာလာခဲ့ပြီဖြစ်ပြီး တိုင်းရင်းသားတွေဟာလည်း မြေစာပင်ဘဝကနေ မလွတ်မြောက်နိုင်သေးပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်လာရင်တော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အမှန်တကယ်ဖြစ်လာမယ်လို့ ပြည်သူတွေက ယုံကြည်နေကြပါတယ်။

——-

တိုင္းရင္းသားေတြဟာ တစ္ဘဝလုံးနီးပါး စစ္ေဘးေရွာင္ရင္းျဖတ္သန္းခဲ့ရတာျဖစ္ပါတယ္။ ျပည္မကလူေတြဟာလက္ရွိအခ်ိန္မွာေတာ့ တိုင္းရင္းသားေတြရဲ႕ ခက္ခဲစြာျဖတ္သန္းခဲ့ရတဲ့ ဘဝေတြကို ကိုယ္ခ်င္းစာၿပီး တတ္ႏိုင္သမွ်ေထာက္ပံ့မႈေတြလုပ္ေပးၾကပါတယ္။ မႏၲေလးက ပရဟိတဆရာဝန္မေလး ၿငိမ္းၿငိမ္းဟာ မႏၲေလးမွာ စတင္ပစ္ခတ္မႈေတြျဖစ္ပြားခဲ့စဥ္ကစၿပီး ဒဏ္ရာရလူနာေတြကို ကုသေပးသလို လက္ရွိအခ်ိန္မွာလည္း စစ္ေဘးေရွာင္ျပည္သူေတြ အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈေတြျပဳလုပ္ေပးဖို႔ တိုင္းရင္းသားေဒသေတြကို သြားေရာက္ၿပီး ကိုယ္က်ိဳးစြန႔္ကာ ကူညီေပးေနခဲ့ပါတယ္။

ကိုယ္တတ္ထားတဲ့ပညာကို အက်ိဳးရွိရွိအသုံးခ်ၿပီး အမ်ားအက်ိဳးအတြက္ ကိုယ္က်ိဳးစြန႔္တဲ့သူမို႔ ျပည္သူေတြရဲ႕ေမတၱာကို အျပည့္အဝရထားသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီေန႔မွာလည္း ေနသာတဲ့အခ်ိန္ စစ္ေရွာင္စခန္းခ်က္ျပဳတ္ေရးအတြက္ ထင္းစုေဆာင္းတဲ့အခ်ိန္မွာ ကေလးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို နားနားေနေန ေနခိုင္းခဲ့ေပမယ့္ သူတို႔လည္း ထမင္းစားေနတာေၾကာင့္ ကူညီရမယ္ဆိုတဲ့ စကားေလးနဲ႔ ဝိုင္းဝန္းကူညီခဲ့တဲ့ ၾကည္ႏူးဖြယ္ပုံရိပ္ေတြကို သူမရဲ႕လူမႈကြန္ရက္မွာ ေဝမွ်ခဲ့ပါတယ္။

ဒီလိုစိတ္ထားျဖဴစင္ၿပီး အေခ်ာင္မခိုတတ္ဘဲ ကိုယ့္တာဝန္ကိုယ္သိတဲ့ လူေတြဟာ စစ္ေဘးေရွာင္ဘဝနဲ႔ ေျပးလႊားပုန္းေအာင္းေနရတာ ေတြးၾကည့္ရင္ ရင္နာစရာေကာင္းလြန္း ပါတယ္။ မၿငိမ္းႏိုင္တဲ့ စစ္မီးဟာ ႏွစ္ေပါင္းမ်ားစြာၾကာလာခဲ့ၿပီျဖစ္ၿပီး တိုင္းရင္းသားေတြဟာလည္း ေျမစာပင္ဘဝကေန မလြတ္ေျမာက္ႏိုင္ေသးပါဘူး။ စစ္မွန္တဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚကိုေရာက္လာရင္ေတာ့ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးဟာ အမွန္တကယ္ျဖစ္လာမယ္လို႔ ျပည္သူေတြက ယုံၾကည္ေနၾကပါတယ္။

Be the first to comment on "စစ်ဘေးရှောင်တိုင်းရင်းသားတွေရဲ့ လေးစားစရာကောင်းလွန်းတဲ့ အပြုအမူတစ်ခုကို ဂုဏ်ယူစွာနဲ့ဖွင့်ဟခဲ့တဲ့ဆရာဝန်မလေးတစ်ဦး"

Leave a comment

Your email address will not be published.


*