လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့လူထုလှုပ်ရှားမှုပွဲကြီးမှာဆိုရင် အပြစ်မဲ့တဲ့ပြည်သူတွေရဲ့အသက်များစွာ ပေးဆပ်ခံခဲ့ရပြီလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့အဖြစ်ဆိုးတွေကလည်း ပြည်သူတွေရဲ့ရင်ထဲမှာ အရမ်းကို ထိခိုက်ခံစားခဲ့ရတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့မေလ (၂၄) ရက်နေ့ကလည်း မိုးမောက်မြို့နယ်၊ ခါနန်ရပ်ကွက်အတွင်းကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။
အသက်ပေးသွားခဲ့ရတဲ့ကောင်လေးရဲ့နာမည်က မောင်ဖော်ခီအောင်ဒီးဖြစ်ပြီး အသက် (၁၄) နှစ်အရွယ်ရှိတဲ့ ကလေးတစ်ဦး ဖြစ်ပါတယ် ။ မောင်ဖော်ခီအောင်ဒီးက ကြက်ခြံမှာ အစာကျွေးနေတုန်း လက်နက်ကြီးထိမှန်ခဲ့တာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ် ။ အနာဂတ်ရဲ့မျိုးဆက်သစ်ကြယ်ပွင့်လေးတစ်ပွင့် ကို ဆုံးရှုံးလိုက်ရတဲ့အပေါ် ပြည်သူတွေကလည်း မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းခံစားခဲ့ရတာ ဖြစ်ပါတယ် ။
မောင်ဖော်ခီအောင်ဒီးရဲ့အသုဘရှု ဝတ်ပြုဆုတောင်းပွဲကိုတော့ ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လူ့လောကကြီးထဲက စောစီးစွာထွက်ခွာသွားခဲ့ရတဲ့ ဒီလူငယ်လေးအတွက် ပြည်သူတွေစိတ်မကောင်းဖြစ်ရသလို မိသားစုဝင်တွေခမျာမှာလည်း ရင်ကွဲမတက် ခံစားနေရရှာတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပြည်သူတွေကလည်း မောင်ဖော်ခီအောင်ဒီးရဲ့အဖြစ်ကို ကမ္ဘာကပါသိစေဖို့အတွက် စျာပနပွဲက ပုံရိပ်တွေကို Twitter မှာပါ မျှဝေခဲ့ကြတာ ဖြစ်ပါတယ် ။
———-
လူႀကီးလူငယ္၊ က်ားမမေ႐ြး ပါဝင္ေနတဲ့ ျမန္မာျပည္သူေတြရဲ႕လူထုလႈပ္ရွားမႈပြဲႀကီးမွာဆိုရင္ အျပစ္မဲ့တဲ့ျပည္သူေတြရဲ႕အသက္မ်ားစြာ ေပးဆပ္ခံခဲ့ရၿပီလည္း ျဖစ္ပါတယ္ ။ အထူးသျဖင့္ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြ ေသဆုံးခဲ့ရတဲ့အျဖစ္ဆိုးေတြကလည္း ျပည္သူေတြရဲ႕ရင္ထဲမွာ အရမ္းကို ထိခိုက္ခံစားခဲ့ရတာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ေမလ (၂၄) ရက္ေန႔ကလည္း မိုးေမာက္ၿမိဳ႕နယ္၊ ခါနန္ရပ္ကြက္အတြင္းကို လက္နက္ႀကီးက်ေရာက္ခဲ့တာေၾကာင့္ ကေလးငယ္တစ္ဦး အသက္ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္ ။
အသက္ေပးသြားခဲ့ရတဲ့ေကာင္ေလးရဲ႕နာမည္က ေမာင္ေဖာ္ခီေအာင္ဒီးျဖစ္ၿပီး အသက္ (၁၄) ႏွစ္အ႐ြယ္ရွိတဲ့ ကေလးတစ္ဦး ျဖစ္ပါတယ္ ။ ေမာင္ေဖာ္ခီေအာင္ဒီးက ၾကက္ၿခံမွာ အစာေကြၽးေနတုန္း လက္နက္ႀကီးထိမွန္ခဲ့တာေၾကာင့္ ေနရာမွာတင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္ ။ အနာဂတ္ရဲ႕မ်ိဳးဆက္သစ္ၾကယ္ပြင့္ေလးတစ္ပြင့္ ကို ဆုံးရႈံးလိုက္ရတဲ့အေပၚ ျပည္သူေတြကလည္း မိသားစုနဲ႔ထပ္တူထပ္မွ် ဝမ္းနည္းခံစားခဲ့ရတာ ျဖစ္ပါတယ္ ။
ေမာင္ေဖာ္ခီေအာင္ဒီးရဲ႕အသုဘရႈ ဝတ္ျပဳဆုေတာင္းပြဲကိုေတာ့ ၿပီးခဲ့တဲ့ ေမလ (၂၅) ရက္ေန႔မွာ က်င္းပျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။ ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႔ လူ႔ေလာကႀကီးထဲက ေစာစီးစြာထြက္ခြာသြားခဲ့ရတဲ့ ဒီလူငယ္ေလးအတြက္ ျပည္သူေတြစိတ္မေကာင္းျဖစ္ရသလို မိသားစုဝင္ေတြခမ်ာမွာလည္း ရင္ကြဲမတက္ ခံစားေနရရွာတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ျပည္သူေတြကလည္း ေမာင္ေဖာ္ခီေအာင္ဒီးရဲ႕အျဖစ္ကို ကမာၻကပါသိေစဖို႔အတြက္ စ်ာပနပြဲက ပုံရိပ္ေတြကို Twitter မွာပါ မွ်ေဝခဲ့ၾကတာ ျဖစ္ပါတယ္ ။
Source & Photo Credit-Original Uploader
Be the first to comment on "ကြက်စာကျွေးနေတုန်း ခြံထဲကို လက်နက်ကြီးကျခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ (၁၄) နှစ်အရွယ် ကလေးလေးရဲ့ ဝမ်းနည်းကြေကွဲစရာအဖြစ်"