လှပ၊ ရဲရင့်သော မြန်မာအလှမယ် သူဇာဝင့်လွင့်ဟာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်ရခဲ့ပြီး ယခုအခါ အမေရိကန်မှာ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်လုပ်ကိုင်သွားတော့မယ်လို့ သိရပါတယ်။
Miss Universe 2020 ပြိုင်ပွဲကြီးအပြီး တစ်ပတ်အကြာ မေ ၂၄ ရက်မှာ ကန်ဒီလို့လည်း သိကြတဲ့ သူဇာဝင့်လွင်ကို အင်ဒီယားနားပိုလစ္စရှိ ချင်းလူမျိုးတွေက ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
အင်ဒီယားနားရှိ မြန်မာအသိုင်းအဝိုင်းဟာ ကန်ဒီအတွက် ခိုလှုံခွင့်လျှောက်ထားမှုကို အတူလုပ်ကိုင်ဆောင်ရွက်ပေးခဲ့ပြီး နယူးယောက်စီတီးမှာ မော်ဒယ်တစ်ယောက်အဖြစ် သူမ နေထိုင်လုပ်ကိုင်နိုင်ဖို့ရာ ကူညီခဲ့ကြပါတယ်။
ကန္ဒီဟာ We Are JEM Model အေဂျင်စီမှာ မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်သွားမှာဖြစ်ကာ မကြာခင် နိုင်ငံတကာ ဖက်ရှင်ရှိုးပွဲတစ်ခုမှာ မြင်တွေ့ရမှာဖြစ်တယ်လို့ Myanmar Celebrity TV Club ဖေ့စ်ဘုတ်ပေ့ချ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီအတွက် ကန္ဒီဟာ ယခုအခါ လုံခြုံဘေးကင်းမှုရှိသွားပြီဖြစ်ကာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ နေရပ်မြန်မာနိုင်ငံမှာ နှိပ်စက်ညှင်းပန်းခံရမယ့်အရေးမှ ကင်းလွတ်သွားပြီလို့ဆိုနိုင်ပါတယ်။
ကန္ဒီဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ရှုတ်ချတဲ့ အနုပညာရှင်များနဲ့ လူပုဂ္ဂိုလ်များထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ သူမဟာ Miss Universe ပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်စဉ်က
မူလ စီစဉ်ထားတဲ့ အမျိုးသားရိုးရာဝတ်စုံ (National Costum) ပြိုင်ပွဲအမီ ရောက်ရှိမလာခဲ့တာကြောင့် အမေရိကန်ရောက် ချင်းလူမျိုးတွေက ဖန်တီးပေးခဲ့တဲ့ အမျိုးသားရိုးရာဝတ်စုံ(ချင်းရိုးရာဝတ်စုံ) နဲ့ ယှဉ်ပြိုင်ခဲ့ရကာ
အကောင်းဆုံး National Costum ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူမဟာ Miss Universe စင်မြင့်ထက်မှာ ယှဉ်ပြိုင်စဉ် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ Pray for Myanmar ဆိုတဲ့ စာတမ်းကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်ပါတယ်။Credit
———-
အေမရိကန္မွာ ခိုလႈံခြင့္ရရွိသြားၿပီတဲ့ ျမန္မာအလွမယ္ သူဇာဝင့္လြင္
လြပ၊ ရဲရင့္ေသာ ျမန္မာအလွမယ္ သူဇာဝင့္လြင့္ဟာ အေမရိကန္ျပည္ေထာင္စုမွာ ခိုလႈံခြင့္ရခဲ့ၿပီး ယခုအခါ အေမရိကန္မွာ ေမာ္ဒယ္တစ္ေယာက္အျဖစ္ ရပ္တည္လုပ္ကိုင္သြားေတာ့မယ္လို႔ သိရပါတယ္။
Miss Universe 2020 ၿပိဳင္ပြဲႀကီးအၿပီး တစ္ပတ္အၾကာ ေမ ၂၄ ရက္မွာ ကန္ဒီလို႔လည္း သိၾကတဲ့ သူဇာဝင့္လြင္ကို အင္ဒီယားနားပိုလစၥရွိ ခ်င္းလူမ်ိဳးေတြက ဂုဏ္ျပဳႀကိဳဆိုခဲ့ၾကပါတယ္။
အင္ဒီယားနားရွိ ျမန္မာအသိုင္းအဝိုင္းဟာ ကန္ဒီအတြက္ ခိုလႈံခြင့္ေလွ်ာက္ထားမႈကို အတူလုပ္ကိုင္ေဆာင္႐ြက္ေပးခဲ့ၿပီး နယူးေယာက္စီတီးမွာ ေမာ္ဒယ္တစ္ေယာက္အျဖစ္ သူမ ေနထိုင္လုပ္ကိုင္ႏိုင္ဖို႔ရာ ကူညီခဲ့ၾကပါတယ္။
ကႏၵီဟာ We Are JEM Model ေအဂ်င္စီမွာ ေမာ္ဒယ္တစ္ေယာက္အျဖစ္ လုပ္ကိုင္သြားမွာျဖစ္ကာ မၾကာခင္ ႏိုင္ငံတကာ ဖက္ရွင္ရႈိးပြဲတစ္ခုမွာ ျမင္ေတြ႕ရမွာျဖစ္တယ္လို႔ Myanmar Celebrity TV Club ေဖ့စ္ဘုတ္ေပ့ခ်္မွာ ေဖာ္ျပခဲ့ပါတယ္။
ဒီအတြက္ ကႏၵီဟာ ယခုအခါ လုံၿခဳံေဘးကင္းမႈရွိသြားၿပီျဖစ္ကာ ဖမ္းဝရမ္းထုတ္ခံထားရတဲ့ ေနရပ္ျမန္မာႏိုင္ငံမွာ ႏွိပ္စက္ညႇင္းပန္းခံရမယ့္အေရးမွ ကင္းလြတ္သြားၿပီလို႔ဆိုႏိုင္ပါတယ္။
ကႏၵီဟာ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာသိမ္းမႈကို ရႈတ္ခ်တဲ့ အႏုပညာရွင္မ်ားနဲ႔ လူပုဂၢိဳလ္မ်ားထဲမွာ တစ္ဦးအပါအဝင္ ျဖစ္ပါတယ္။ သူမဟာ Miss Universe ၿပိဳင္ပြဲႀကီးမွာ ယွဥ္ၿပိဳင္စဥ္က
မူလ စီစဥ္ထားတဲ့ အမ်ိဳးသား႐ိုးရာဝတ္စုံ (National Costum) ၿပိဳင္ပြဲအမီ ေရာက္ရွိမလာခဲ့တာေၾကာင့္ အေမရိကန္ေရာက္ ခ်င္းလူမ်ိဳးေတြက ဖန္တီးေပးခဲ့တဲ့ အမ်ိဳးသား႐ိုးရာဝတ္စုံ(ခ်င္း႐ိုးရာဝတ္စုံ) နဲ႔ ယွဥ္ၿပိဳင္ခဲ့ရကာ
အေကာင္းဆုံး National Costum ဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူမဟာ Miss Universe စင္ျမင့္ထက္မွာ ယွဥ္ၿပိဳင္စဥ္ ျမန္မာႏိုင္ငံအတြက္ ဆုေတာင္းေပးၾကဖို႔ Pray for Myanmar ဆိုတဲ့ စာတမ္းကိုင္ေဆာင္ကာ ဆႏၵထုတ္ေဖာ္ခဲ့သူျဖစ္ပါတယ္။Credit
Be the first to comment on "အမေရိကန်မှာ ခိုလှုံခွင့်ရရှိသွားပြီတဲ့ မြန်မာအလှမယ် သူဇာဝင့်လွင်"