ဒန့်ဒလွန်ပင်ကို အသီးများများနဲ့ စီးပွားဖြစ်အောင် စိုက်ပျိုးနည်း..

ဒန့်ဒလွန်ပင်ကို အသီးများများနဲ့ စီးပွားဖြစ်အောင် စိုက်ပျိုးနည်း …. .

ဒန့်သလွန်ပင်ကို အိမ်ခြံဝင်းများတွင် စားသုံးသီးပင် အဖြစ် တစ်ပင်နှစ်ပင်ခန့် စိုက်ပျိုးကြသော်လည်း စနစ်တကျ စီးပွားဖြစ် စိုက်ပျိုးကြခြင်း မရှိကြသေးပါ။ဒန့်သလွန်ပင်ကို အကိုင်းဖြတ်၍လည်းကောင်း၊ အစေ့ တိုက်ရိုက်မြေချ၍လည်းကောင်း စိုက်ပျိုးလေ့ ရှိကြသည်။

(က) ကိုင်းဖြတ်စိုက်ပျိုးနည်း

အကိုင်းဖြတ်စိုက်ခြင်းကို မိုးဦးကျချိန်၊ ဇွန်လတွင် ဆောင်ရွက်ရသည်။ ဒန့်သ လွန်ပင်ကို တစ်ပင်နှင့်တစ်ပင် ပေ(၂၀) ခန့်ခြား၍ စိုက်ရပါမည်။ဒန့်သလွန် ပင်စိုက်မည့်နေရာကို (၃-၃-၃) ပေကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာ ဆတူခန့်ရော၍ ထည့်ရပါမည်။ထို့နောက် အချင်းတစ်လက်မ ခန့်အရှည်ရှိ တစ်နှစ်သား အဖျားကိုင်းများကို ဖြတ်၍ စိုက်ကျင်းတွင် စိုက်ရပါမည်။

စိုက်ကျင်းအတွင်းတွင် အနည်းဆုံး အနက်(၆) လက်မအထိ အကိုင်းကို မြှပ်စိုက်ရပါမည်။အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေလောင်းပေးရပါမည်။ ဒန့်သလွန်ပင်သည် အမြစ်ထွက်လွယ်သော အပင်ဖြစ် သဖြင့် မြေချစိုက်ထားသောအကိုင်းသည် စိုက်ပြီးတစ်ပတ်အတွင်း အမြစ်ထွက်ပြီး ရှင်သန်ဖြစ်ထွန်းနိုင် ပါသည်။ကိုင်းဖြတ်သည့် ဒန့်သလွန်(၂) နှစ်သားအပင်သည် စတင်သီးပွင့်နိုင်ပါသည်။ သို့ရာတွင် (၄) နှစ်သား၊ (၅) နှစ်သားရောက်မှ အသီးများများ သီးလေ့ ရှိသည်။

(ခ) အစေ့ကိုတိုက်ရိုက်ချစိုက်နည်း

ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချ၍လည်းရသည်။ ဒန့်သလွန်ပင်မှ မျိုးစေ့ ယူရန်အတွက်နွေ ကာလ (မတ်လ၊ဧပြီလ) များတွင် ကောင်းစွာ ရင့်မှည့်သော ဒန့်သလွန်သီး သည် ဖြူမွဲမွဲအရောင်ရှိပြီး ကောင်းစွာ ရင့်မာနေရာပါမည်။ဒန့်သလွန်သီးမှ အစေ့ယူပြီး မိုးဦးကျချိန်ဇွန်လတွင် မြေချစိုက်ပျိုးရပါမည်။စိုက်မည့်နေရာ ကို (၁-၁-၁) ပေ ကျင်းတူးပြီး မြေသားနှင့် နွားချေးဆွေး သို့မဟုတ် သစ်ရွက်ဆွေးမြေဆွေးဆတူရော၍ ထည့်ရပါမည်။ထို့နောက် ကျင်းအလယ်တွင် အစေ့ကို တစ်လက်မခန့် မြေမြှပ်၍ စိုက်ရပါမည်။စိုက်ချိန်တွင် မိုးမရွာပါက အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန်လိုသည်။ အစေ့စိုက်ပြီး တစ်ပတ်အကြာတွင် အပင် ပေါက်လာသည်။

အစေ့စိုက်အပင် တွင်လည်း တစ်ပင်နှင့်တစ်ပင်ပေ(၂၀) ခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၀၈) ပင်ဝင်မည် ဖြစ်သည်။ဒန့်သလွန်အစေ့စိုက်ပင်သည် ကိုင်းဖြတ်စိုက်သကဲ့သို့ပင် (၂) နှစ်သားတွင် စတင်ပွင့်သီးနိုင်ပြီး (၄) နှစ် (၅) နှစ်သားရောက်မှ အသီးဖြိုင်ဖြိုင်သီးလေ့ရှိပါ သည်။ကိုင်းဖြတ်စိုက်ပင်ထက် အစေ့စိုက်ပင်က အသီးပိုသီးလေ့ရှိသည်။ဒန့်သလွန်ပင်အကိုင်းကို မြေထုပ်စီးနည်းဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။မြေထုပ်စီး၍ စိုက်ခြင်းသည် ကိုင်းဖြတ်ဒစိုက်ခြင်းထက် အပင်ဖြစ်ထွန်းရန်ပို၍ သေချာပါသည်။သို့ရာတွင် ကိုင်းဖြတ်စိုက်နည်းဖြင့် လွယ်ကူစွာ စိုက်ပျိုးဖြစ် ထွန်းလျက်ရှိသဖြင့် မြေထုပ်စီးစိုက်ပျိုးခြင်းကို အသုံးပြုခြင်း မရှိချေ။

Source by – လယ်/ဆည်

———-

ဒန႔္ဒလြန္ပင္ကို အသီးမ်ားမ်ားနဲ႔ စီးပြားျဖစ္ေအာင္ စိုက္ပ်ိဳးနည္း …. .

ဒန႔္သလြန္ပင္ကို အိမ္ၿခံဝင္းမ်ားတြင္ စားသုံးသီးပင္ အျဖစ္ တစ္ပင္ႏွစ္ပင္ခန႔္ စိုက္ပ်ိဳးၾကေသာ္လည္း စနစ္တက် စီးပြားျဖစ္ စိုက္ပ်ိဳးၾကျခင္း မရွိၾကေသးပါ။ဒန႔္သလြန္ပင္ကို အကိုင္းျဖတ္၍လည္းေကာင္း၊ အေစ့ တိုက္႐ိုက္ေျမခ်၍လည္းေကာင္း စိုက္ပ်ိဳးေလ့ ရွိၾကသည္။

(က) ကိုင္းျဖတ္စိုက္ပ်ိဳးနည္း

အကိုင္းျဖတ္စိုက္ျခင္းကို မိုးဦးက်ခ်ိန္၊ ဇြန္လတြင္ ေဆာင္႐ြက္ရသည္။ ဒန႔္သ လြန္ပင္ကို တစ္ပင္ႏွင့္တစ္ပင္ ေပ(၂၀) ခန႔္ျခား၍ စိုက္ရပါမည္။ဒန႔္သလြန္ ပင္စိုက္မည့္ေနရာကို (၃-၃-၃) ေပက်င္းတူး၍ ေျမသားႏွင့္ ႏြားေခ်းေဆြး (သို႔မဟုတ္) သစ္႐ြက္ေဆြးေျမၾသဇာ ဆတူခန႔္ေရာ၍ ထည့္ရပါမည္။ထို႔ေနာက္ အခ်င္းတစ္လက္မ ခန႔္အရွည္ရွိ တစ္ႏွစ္သား အဖ်ားကိုင္းမ်ားကို ျဖတ္၍ စိုက္က်င္းတြင္ စိုက္ရပါမည္။

စိုက္က်င္းအတြင္းတြင္ အနည္းဆုံး အနက္(၆) လက္မအထိ အကိုင္းကို ျမႇပ္စိုက္ရပါမည္။အကိုင္းစိုက္ၿပီးေနာက္ မိုးမ႐ြာပါက အနည္းဆုံး တစ္ေန႔တစ္ႀကိမ္ ေရေလာင္းေပးရပါမည္။ ဒန႔္သလြန္ပင္သည္ အျမစ္ထြက္လြယ္ေသာ အပင္ျဖစ္ သျဖင့္ ေျမခ်စိုက္ထားေသာအကိုင္းသည္ စိုက္ၿပီးတစ္ပတ္အတြင္း အျမစ္ထြက္ၿပီး ရွင္သန္ျဖစ္ထြန္းႏိုင္ ပါသည္။ကိုင္းျဖတ္သည့္ ဒန႔္သလြန္(၂) ႏွစ္သားအပင္သည္ စတင္သီးပြင့္ႏိုင္ပါသည္။ သို႔ရာတြင္ (၄) ႏွစ္သား၊ (၅) ႏွစ္သားေရာက္မွ အသီးမ်ားမ်ား သီးေလ့ ရွိသည္။

(ခ) အေစ့ကိုတိုက္႐ိုက္ခ်စိုက္နည္း

ဒန႔္သလြန္ပင္ကို အေစ့တိုက္႐ိုက္ခ်၍လည္းရသည္။ ဒန႔္သလြန္ပင္မွ မ်ိဳးေစ့ ယူရန္အတြက္ေႏြ ကာလ (မတ္လ၊ဧၿပီလ) မ်ားတြင္ ေကာင္းစြာ ရင့္မွည့္ေသာ ဒန႔္သလြန္သီး သည္ ျဖဴမြဲမြဲအေရာင္ရွိၿပီး ေကာင္းစြာ ရင့္မာေနရာပါမည္။ဒန႔္သလြန္သီးမွ အေစ့ယူၿပီး မိုးဦးက်ခ်ိန္ဇြန္လတြင္ ေျမခ်စိုက္ပ်ိဳးရပါမည္။စိုက္မည့္ေနရာ ကို (၁-၁-၁) ေပ က်င္းတူးၿပီး ေျမသားႏွင့္ ႏြားေခ်းေဆြး သို႔မဟုတ္ သစ္႐ြက္ေဆြးေျမေဆြးဆတူေရာ၍ ထည့္ရပါမည္။ထို႔ေနာက္ က်င္းအလယ္တြင္ အေစ့ကို တစ္လက္မခန႔္ ေျမျမႇပ္၍ စိုက္ရပါမည္။စိုက္ခ်ိန္တြင္ မိုးမ႐ြာပါက အနည္းဆုံးတစ္ႀကိမ္ ေရေလာင္းေပးရန္လိုသည္။ အေစ့စိုက္ၿပီး တစ္ပတ္အၾကာတြင္ အပင္ ေပါက္လာသည္။

အေစ့စိုက္အပင္ တြင္လည္း တစ္ပင္ႏွင့္တစ္ပင္ေပ(၂၀) ျခား၍ စိုက္ျခင္းျဖင့္ တစ္ဧကတြင္ (၁၀၈) ပင္ဝင္မည္ ျဖစ္သည္။ဒန႔္သလြန္အေစ့စိုက္ပင္သည္ ကိုင္းျဖတ္စိုက္သကဲ့သို႔ပင္ (၂) ႏွစ္သားတြင္ စတင္ပြင့္သီးႏိုင္ၿပီး (၄) ႏွစ္ (၅) ႏွစ္သားေရာက္မွ အသီးၿဖိဳင္ၿဖိဳင္သီးေလ့ရွိပါ သည္။ကိုင္းျဖတ္စိုက္ပင္ထက္ အေစ့စိုက္ပင္က အသီးပိုသီးေလ့ရွိသည္။ဒန႔္သလြန္ပင္အကိုင္းကို ေျမထုပ္စီးနည္းျဖင့္လည္း စိုက္ပ်ိဳးႏိုင္ပါသည္။ေျမထုပ္စီး၍ စိုက္ျခင္းသည္ ကိုင္းျဖတ္ဒစိုက္ျခင္းထက္ အပင္ျဖစ္ထြန္းရန္ပို၍ ေသခ်ာပါသည္။သို႔ရာတြင္ ကိုင္းျဖတ္စိုက္နည္းျဖင့္ လြယ္ကူစြာ စိုက္ပ်ိဳးျဖစ္ ထြန္းလ်က္ရွိသျဖင့္ ေျမထုပ္စီးစိုက္ပ်ိဳးျခင္းကို အသုံးျပဳျခင္း မရွိေခ်။

Source by – လယ္/ဆည္

Be the first to comment on "ဒန့်ဒလွန်ပင်ကို အသီးများများနဲ့ စီးပွားဖြစ်အောင် စိုက်ပျိုးနည်း.."

Leave a comment

Your email address will not be published.


*