မြန်မာအာဏာရှင်လူတစ်စု အထိနာသွားစေလောက်မယ့် ခပ်ပြင်းပြင်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်

ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO International ဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ ၈.၅% ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီနှစ်တောအတွင်းမှာ ကိုရီးယားသဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းဟာ POSCO International ကအမြတ်ငွေဘီလီယံ ၂၀ဝ (ဒေါ်လာ ၁၆.၇ သန်း) ရရှိခဲ့ပါ တယ်။ ၂၀၂၀ ခုနှစ်မှာဆို အမြတ်အစွန်း၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။

ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်း မြန်မာနိုင်ငံအတွက် ပြည်တွင်းအခွန်ငွေတွေ ပေးဆောင်ရတာရှိပါတယ်။ ဒီအပေါ်မှာ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူးပါတီရဲ့လွှတ်တော်အမတ် ကင်မ်ယုံးမင်က “ POSCO International က မြန်မာနိုင်ငံအတွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါ” လို့ တောင်းဆိုလာခဲ့ပါတယ်။

ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်က ထပ်မံပြီး ” ဒီလောက်များတဲ့ငွေတွေကို အဆုံးရှုံးမခံနိုင်တဲ့POSCO ရဲ့ အနေအထားကိုလည်း ကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။ ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကိုမရပ်ခိုင်းပါဘူး။ အခုဆို အာဏာသိမ်းပြီးသုံးလကျော်ခဲ့ပြီ။ အရပ်သား (၈၀၀) ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ အခုရထားတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ခွဲဝေပေးဖို့ ခဏရပ်ဆိုင်းပေးပါ။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒီမိုကရေစီပန်းတိုင် အဆုံးအထိ လက်တွဲသွားမှာပါ။ ” ဟုဆိုကာ သူ့ရဲ့သဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ်။

ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစပြီး မြန်မာပြည်သူတွေဟာဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး အစစအရာရာကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုကူညီပေးကြတဲ့ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေက အမြဲကျေးဇူးတင်နေမှာပါ။

———

ကိုရီးယားဓာတ္ေငြ႕ေကာ္ပိုေရးရွင္းရဲ႕ POSCO International ဟာ ျမန္မာ့သဘာဝဓာတ္ေငြ႕ လုပ္ငန္းရဲ႕ ၈.၅% ကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဒီႏွစ္ေတာအတြင္းမွာ ကိုရီးယားသဘာဝဓာတ္ေငြ႕ ေကာ္ပိုေရးရွင္းဟာ POSCO International ကအျမတ္ေငြဘီလီယံ ၂၀ဝ (ေဒၚလာ ၁၆.၇ သန္း) ရရွိခဲ့ပါ တယ္။ ၂၀၂၀ ခုႏွစ္မွာဆို အျမတ္အစြန္း၃၀၅.၆ ဘီလီယံဝမ္ရရွိခဲ့ပါတယ္။

ဒီလိုဝင္ေငြေတြရရွိတဲ့အေပၚမွာ လည္း ျမန္မာႏိုင္ငံအတြက္ ျပည္တြင္းအခြန္ေငြေတြ ေပးေဆာင္ရတာရွိပါတယ္။ ဒီအေပၚမွာ ေတာင္ကိုရီးယားႏိုင္ငံ လက္ရွိအာဏာရ ေဒါဘူးေလာမင္းဂ်ဴးပါတီရဲ႕လႊတ္ေတာ္အမတ္ ကင္မ္ယုံးမင္က “ POSCO International က ျမန္မာႏိုင္ငံအတြက္ ဝင္ေငြခြန္ခြဲျခမ္းေပးေဝမႈကိုရပ္ဆိုင္းေပးပါ” လို႔ ေတာင္းဆိုလာခဲ့ပါတယ္။

ဒီေတာင္းဆိုမႈရဲ႕ေနာက္မွာပဲ လႊတ္ေတာ္အမတ္က ထပ္မံၿပီး ” ဒီေလာက္မ်ားတဲ့ေငြေတြကို အဆုံးရႈံးမခံႏိုင္တဲ့POSCO ရဲ႕ အေနအထားကိုလည္း ကြၽန္ေတာ္တို႔အျပည့္အဝနားလည္ပါတယ္။ ဒါေၾကာင့္ စီးပြါးေရးလုပ္ငန္းေတြကိုမရပ္ခိုင္းပါဘူး။ အခုဆို အာဏာသိမ္းၿပီးသုံးလေက်ာ္ခဲ့ၿပီ။ အရပ္သား (၈၀၀) ေက်ာ္က်ဆုံးခဲ့ရၿပီ။ ဒီလို မတရားတဲ့ျဖစ္ရပ္ေတြထပ္မျဖစ္ေစဖို႔ အခုရထားတဲ့ အျမတ္ေငြေတြကို ျမန္မာစစ္တပ္ကို ခြဲေဝေပးဖို႔ ခဏရပ္ဆိုင္းေပးပါ။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ ဒီမိုကေရစီပန္းတိုင္ အဆုံးအထိ လက္တြဲသြားမွာပါ။ ” ဟုဆိုကာ သူ႔ရဲ႕သေဘာထားအမွန္ကို အတိအလင္းေျပာၾကားခဲ့ပါတယ္။

ျပည္သူ႔အာဏာဟာျပည္သူ႔လက္ထဲမွာမရွိေတာ့တဲ့ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းကစၿပီး ျမန္မာျပည္သူေတြဟာဝမ္းနည္းပူေဆြးခဲ့ရပါတယ္။ ျမန္မာျပည္သူေတြကိုစာနာၿပီး အစစအရာရာကူညီေပးခဲ့တဲ့ ႏိုင္ငံေတြထဲမွာ ကိုရီးယားႏိုင္ငံလည္းပါဝင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ ရတဲ့ဖက္ကႀကိဳးစားၿပီးကူညီေပးေနတာ တကယ္ကိုေက်းဇူးတင္ဖို႔ေကာင္းပါတယ္။ စစ္အုပ္ခ်ဳပ္မႈေအာက္မွာ မလုံၿခဳံခဲ့ရတဲ့ဘဝေတြကို ကိုယ္ခ်င္းစာတဲ့စိတ္နဲ႔ အခုလိုကူညီေပးၾကတဲ့ကိုရီးယားႏိုင္ငံနဲ႔ ျပည္သူေတြကိုလည္း ျမန္မာျပည္သူေတြက အၿမဲေက်းဇူးတင္ေနမွာပါ။

Be the first to comment on "မြန်မာအာဏာရှင်လူတစ်စု အထိနာသွားစေလောက်မယ့် ခပ်ပြင်းပြင်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်"

Leave a comment

Your email address will not be published.


*