ကိုယ့်ထက်ဒုက္ခရောက်နေသူတွေ အများ​​ကြီးမို့ တတ်နိုင်သလောက်ကူညီပေးနေရတာ ပျော်တယ်ဆိုတဲ့ ထူးအယ်လင်း

အသံပါဝါကောင်းကောင်းနဲ့ ဂီတလောကမှာ စိုးမိုးခဲ့တဲ့ ထူးအယ်လင်းတစ်ယောက်ကတော့ ယနေ့အချိန်ထိ အောင်မြင်မှုတွေ ရယူနေဆဲဖြစ်ပါတယ်။သူရဲ့ ထွက်ရှိပြီးသီချင်းတိုင်းဟာလည်း ပရိတ်သတ်တွေ အားရနှစ်သက်ကြပါတယ်။ဂီတအနုပညာအလုပ်များလုပ်ရင်းနဲ့ နယ်လှည့်ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

လတ်တလောမှာလည်း ကချင်စစ်ဘေးရှောင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် လိုအပ်သောစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းတွေကို သွားရောက် လှူဒါန်းဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အသိမိတ်ဆွေနဲ့အတူ စုပေါင်းအလှူဒါနတွေပြုလုပ်လျက်ရှိပြီး သူရဲ့ အလှူဒါနတွေကို ပရိတ်သတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ လူမှုစာမျက်နှာမှ တစ်ဆင့် ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။ယနေ့မှာလည်း ဒုက္ခရောက်နေသူတွေ အားလုံးကို မည်သူ မည်ဝါ မခွဲခြားပဲ ကူညီတဲ့အကြောင်း ယခုလို ရေးသားဖော်ပြလာခဲ့ပါတယ်။

“ကိုယ့်ထက်ဒုက္ခရောက်နေသူတွေ အများကြီးရှိနေတာ မမေ့မလျော့ ဆင်ခြင်နေထိုင်ပြီး တတ်နိုင်သလောက် ကူညီပေးရရင်ကိုပဲ ပျော်ပါတယ်ဘယ်သူမို့ ဘယ်ဝါမို့ ဆို၍ အစွဲမထားပါဘူး …ဗုဒ္ဓတရားမှာ အစွဲချွတ်တဲ့ တရားတွေ အမြဲနာယူမှတ်သားပါတယ်။ တရားပေါက်သွားရင် တစ်ယောက်ပါးသွားမှာမို့ ပုထုဇဉ်ပီသစွာတော့နေထိုင်ပါတယ်…😁 မင်းရိုးရှင်းစွာ နေ ထိုင် လုပ်ကိုင်ပါ(မင်းရိုးသားပါ) လို့ ပြောနေမယ့် အစား ကိုယ့်စိတ် နှင့် ကိုယ့်ကိုတိုင်သာ ရိုးရှင်းစွာနေထိုင် လုပ်ကိုင် နိုင်ဖို့ ကြိုးစားပါတယ် …

စိတ်ထဲမှဖြစ်စေ နှုတ်အားဖြင့်ဖြစ်စေ ကောင်းမြတ်သည့်ကိစ္စတိုင်းအားမည်သူမည်ဝါဖြစ်နေပါစေ ချီးမွမ်းခြင်း ဆိုသည့် မင်္ဂလာတရားဖြင့် ကျေးဇူးတင် ချီးမွမ်းတတ်ပါတယ်။ မင်း ,, ငါ့မအဘူးများထင်နေလား ဟျောင့် လှသိန်း 😁ပုံတင်ချင်လိုချင်လို့ပါခင်ဗျာ 🙏” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ထူးအယ်လင်းတစ်ယောက် ပရဟိတလုပ်ငန်းတွေကို ဒီ့ထက်မက လုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။

Crd – YaungChi , Source : Htoo El Lynn’s Facebook

Be the first to comment on "ကိုယ့်ထက်ဒုက္ခရောက်နေသူတွေ အများ​​ကြီးမို့ တတ်နိုင်သလောက်ကူညီပေးနေရတာ ပျော်တယ်ဆိုတဲ့ ထူးအယ်လင်း"

Leave a comment

Your email address will not be published.


*