ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်း ကောင်းမှုကုသိုလ်ပြုရင်း ပြည်သူတွေ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့တဲ့ ဘေဘီမောင်
ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ကတော့ ဇတ်ကားပေါင်းမြောက်များစွာ ပါဝင်သရုပ်ဆောင်ရိုက်ကူးထားပြီး ​ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။သူမအနေနဲ့ လက်ရှိအချိန်ခက်ခဲကာလမှာတော့ ကုသိုလ်ကောင်းမှုတွေပြုလုပ်ရင်း ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိပါတယ်။
ဘေဘီမောင် ကတော့ ယခုလိုစားဝတ်နေရေးခက်ခဲ​​ြကပ်တည်းနေတဲ့ ကာလမှာ မပြေလည်သူတွေကို တတ်နိုင်သ၍လှူဒါန်းကုသိုလ်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။သူမအနေနဲ့ မကြာသေးမီက အေးချမ်းတဲ့ ဝိပသနာတရားဓမ္မအားထုတ်ရန် တရားစခန်းတစ်ခုမှာ ကုသိုလ်ဒါနများပြုလုပ်ရင်း မြန်မာပြည်သူပြည်သားတွေ အေးချမ်းစေဖို့ရာ ဆုတောင်းမေတ္တာပို့သလျက်ရှိကြောင်း သူမရဲ့လူမှုစာမျက်နှာမှတစ်ဆင့် ဖော်ပြလာခဲ့ပါတယ်။
ယနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ညောင်ရေသွင်းပွဲတော်နေ့မှာတော့ ဘေဘီမောင်တစ်ယောက် ကုသိုလ်ကောင်းမှုပြုရင်း ယခုလိုဆုတောင်စကားခြွေလာခဲ့ပါတယ်
“”မင်္ဂလာနံနက်ခင်းပါ ယနေ့ ကဆုန်လပြည့် ဗုဒ္ဓ နေ့က စပြီး တိုင်းသူပြည်သားအားလုံး ယနေ့လပြည့်ညမှာသာတဲ့..လမင်းကြီးလို ပြည့်ဝကြပါစေ အေးချမ်းကြပါစေ အပြစ်ကင်းကြပါစေ.. လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ..မြန်မာတစ်ပြည်လုံး ငြိမ်းချမ်း သာယာရှိကြပါစေလို့မေတ္တာပို့ ဆုတောင်း ပေးပါတယ်….”ဆိုပြီး အေးချမ်းလှတဲ့ ပုံရိပ်တွေနဲ့ အတူ ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။
————–
Crd – YaungChi , Source – Baby Maung’s Facebook
Be the first to comment on "ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်း ကောင်းမှုကုသိုလ်ပြုရင်း ပြည်သူတွေ ကျန်းမာစေဖို့ ဆုတောင်းပေးခဲ့တဲ့ ဘေဘီမောင်"
Leave a comment
Your email address will not be published.
*