လက်ရှိဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ်သည် ၃၆နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်ရှိလာနိုင်ပြီး၊ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
သို့သော် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးခြင်းကြောင့် မုန်တိုင်းငယ်ကို အဝါရောင် အဆင့်ဟု သတ်မှတ်ထားသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညင်းစွာရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ နောက်(၁၂)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic strom)အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်းအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့လည်းကောင်းရောက်ရှိနိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။
ယင်းအရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်သည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။
Burma Associated Press
———-
လက္ရွိျဖစ္ေပၚေနေသာ အားေကာင္းသည့္ မုန္တိုင္းငယ္သည္ ၃၆နာရီအတြင္း အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအျဖစ္သို႔ေရာက္ရွိလာႏိုင္ၿပီး၊ မုန္တိုင္းအရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလက ထုတ္ျပန္ထားသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးျခင္းေၾကာင့္ မုန္တိုင္းငယ္ကို အဝါေရာင္ အဆင့္ဟု သတ္မွတ္ထားသည္။
အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression) သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ျဖည္းညင္းစြာေ႐ြ႕လ်ားၿပီး၊ ပိုမိုအားေကာင္းလာကာ ေနာက္(၁၂)နာရီအတြင္းဆိုင္ကလုန္းမုန္တိုင္း (Cyclonic strom)အျဖစ္သို႔လည္းေကာင္း၊ ေနာက္(၃၆)နာရီအတြင္းအားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm)အျဖစ္သို႔လည္းေကာင္းေရာက္ရွိႏိုင္သည္ဟု မိုးဇလမွ ခန႔္မွန္းထားသည္။
ယင္းအရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၄၈)နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္း ေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ေနရာကြက္၍ မိုးႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ကာ၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းႀကီးမည္။
မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိ တိုက္ခတ္ႏိုင္သည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၃)ေပခန႔္ ရွိႏိုင္သည္။
အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္ အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ကမ္းေဝး ငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္းႀကိဳတင္သတိျပဳႏိုင္ပါရန္ မိုးဇလက အသိေပးႏႈိးေဆာ္ထားသည္။
Burma Associated Press
Be the first to comment on "၃၆ နာရီအတွင်း အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းတစ်လုံး ဖြစ်လာနိုင်.."