သတင်း~AMK
———-
“ကြံ့သူတော်” တစ်ကောင်အား တောင်သူတစ်ဦး မှ တွေ့ရှိ၍တာဝန်ရှိသူများထံအပ်နှံ
တနင်္သာရီမြို့နယ်၊ အမှတ်၉ ကျေးရွာအုပ်စုအမှတ်၉ကျေးရွာအနီး(ဒေသအခေါ်) ဖောင်ဆိပ်ချောင်းဖျားတွင် ဥယျဉ်ခြံလုပ်ကိုင်နေသူတစ်ဦးတွင် ကြံ့သူတော်(ဒေသအခေါ်) တလာရှု့တောရိုင်းတိရိစ်ဆာန်တစ်ကောင်အား ဥယျဉ်ခြံအစပ်တွင်
လက်ကြိုးတန်းလန်းဖြင့် တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီး သစ်တောဌာနတာဝန်ရှိပုဂ္ဂိုလ်များထံသို့ သတင်းပို့ အကြောင်းကြားထားကြောင်းသိရှိရပါသည်။
အဆိုပါ “ကြံ့သူတော်” သည် အမြင့်ပေ ၃ပေခွဲ “အလျှား ၆ပေ၆လက်မ” ရှိကြောင်းသိရပါသည်။၎င်း၏ လက်တွင်ကြိုးသွတ်ကိုင်း မိထားတဲ့ဒဏ်ရာကြောင့်သွားလာနိုင်ခြင်းမရှိသေးဘဲ့ ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရပါသည်။
ဒေသခံများပြောကြားချက်အရ ကြံသူတော် သည်ဝါတွင်းကာလတွင် လူပုဂ္ဂိုလ်သီလများကဲ့သို့ ဝါတွင်း (၃)လတရားထိုင်သည်အနေဖြင့် အစာရှာစားခြင်းမရှိဘဲ့ မိမိအနီးပတ်ဝန်းကျင် ၁၀ပေ ပတ်လည်ခန့်သာ အစားစား၍ ဥပုဒ်သီလယူသည့် ရှားပါးတရိစ္ဆာန်တစ်ကောင် ဖြစ်ကြောင်းလေ့လာသိရှိရပါသည်။
သတင်း~AMK
ပြည်ထောင်စုမြန်မာ့အသံ
Be the first to comment on "ထူးခြားမူ့ရှိသည့် နမိတ်ဟု ဆိုရမည့် ဖြစ်ရပ်"