စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်နဲ့ သတိထားရမယ့် ဆိုင်ကလုံး မုန်တိုင်း ရာစ် (Yaas)

လာမည့် ၂၀၂၁ မေလ ၂၅ ရက်နေ့ဟာ ကဆုန်လပြည့်အချိန်အခါ သမယဖြစ်သလို စူပါမွန်းဖြစ်မည့် အချိန့်နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ “ကဆုန်” ကို ပုဂံခေတ်မှာ “ကုဆုန်” ၊ “ခုဆုန်” စသည်ဖြင့် ရေးသားကြပါတယ်။ “ကု” ဆိုတာ ရေကို ခေါ်ပါတယ်။ “ဆုန်” ဆိုတာကတော့ သွန်းလောင်းခြင်း၊ စီးဆင်းစေခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ အဲ့ဒါကြောင့် ကဆုန်ရဲ့ အဓိပ္ပာယ်ဟာ “ရေသွန်းလောင်းခြင်း” လို့ ဆိုနိုင်ပါတယ်။

ပုဂံခေတ်ဦး ယဉ်ကျေးမှုမှာတော့ ပူပြင်းတဲ့ကဆုန်လမှာ သစ်ပင်ပန်းမန်များကို ရေသွန်းလောင်းခဲ့ကြပါတယ်။ ရှင်အရဟံ သာသနာပြုပြီးသည့်နောက်မှာတော့ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသော ဓလေ့ ဖြစ်လာခဲ့ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဘုရားအဖြစ်သိူ့ရောက်ရှိခြင်း နဲ့ ပရိနိဗ္ဗာန်ပြုခြင်း အစရှိသော နေ့ရက်များနဲ့ တိုက်ဆိုင်လို့နေပါတယ်။

အနောက်တိုင်းနက္ခတ်မှာတော့ ဒီလမင်းကြီးကို ပန်းမြိုင်လယ်က လမင်းကြီး (Full Flower Moon) လို့ ခေါ်ဆိုကြပါတယ်။ နွေဦးပန်းတွေ ဝေဝေဆာဆာ ပွင့်ဖူးချိန်မှာ တွေ့ရတဲ့ လမင်းကြီးလို့ ဆိုပါတယ်။ ဒီနှစ် လပြည့်ချိန်ဟာ လ ရဲ့ ပတ်လမ်းမှာ ကမ္ဘာနဲ့ အနီးဆုံးနေရာသို့ ရောက်ရှိနေချိန် (Perigee ) နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ အဲ့ဒါကြောင့် ပုံမှန်မြင်တွေ့နေကျ အရွယ်အစားထက် အနည်းငယ်ပိုကြီးသော လကို စူပါမွန်းလအဖြစ် ကျနော်တို့ မြင်တွေ့ကြရမှာဖြစ်ပါတယ်။

လမင်းတည်ရှိနေမည့် ကြယ်စုဟာ Scorpius လို့ခေါ်တဲ့ ဗြိစ္ဆာရာသီ ကြယ်စုများပဲဖြစ်ပါတယ်။ လ ပြည့်ညမှာ လ နှင့် ကမ္ဘာအကွာအဝေးဟာ မိုင်ပေါင်း ၂၂၂၀၀၀ မိုင်ခန့် ရှိနေမှာ ဖြစ်ပါတယ်။ လဟာ ညနေ ၅:၂၀ လောက်မှာ အရှေ့အရပ်မှစတင်ပေါ်ထွက်လာမှာဖြစ်ပြီး နောက်တနေ့ နံနက် ၅:၃၀ လောက်မှာ အနောက်အရပ်သို့ ပြန်ဝင်မှာဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့ညဦးပိုင်းမှာတော့ လအပြည့်ကြတ်ခြင်းဖြစ်စဉ်ကို ကျနော်တို့ မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။

စူပါမွန်းလပြည့် နဲ့ ရာစ် (Yaas) ဆိုင်ကလုံး မုန်တိုင်းမှ မိုးရွာသွန်းခြင်းများကြောင့် ကမ်းရိုးတန်း နှင့် မြစ်ဝကျွန်းပေါ် ဒေသများမှာဒီရေအတက်-အကျ ကရုပြုသင့်ပါတယ်။

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ)

———-

စူပါမြန္းျဖစ္မည့္ ကဆုန္လျပည့္နဲ႔ သတိထားရမယ့္ ဆိုင္ကလုံး မုန္တိုင္း ရာစ္ (Yaas)

လာမည့္ ၂၀၂၁ ေမလ ၂၅ ရက္ေန႔ဟာ ကဆုန္လျပည့္အခ်ိန္အခါ သမယျဖစ္သလို စူပါမြန္းျဖစ္မည့္ အခ်ိန႔္ႏွင့္လည္း တိုက္ဆိုင္လို႔ေနပါတယ္။ “ကဆုန္” ကို ပုဂံေခတ္မွာ “ကုဆုန္” ၊ “ခုဆုန္” စသည္ျဖင့္ ေရးသားၾကပါတယ္။ “ကု” ဆိုတာ ေရကို ေခၚပါတယ္။ “ဆုန္” ဆိုတာကေတာ့ သြန္းေလာင္းျခင္း၊ စီးဆင္းေစျခင္း လို႔ အဓိပၸာယ္ရပါတယ္။ အဲ့ဒါေၾကာင့္ ကဆုန္ရဲ႕ အဓိပၸာယ္ဟာ “ေရသြန္းေလာင္းျခင္း” လို႔ ဆိုႏိုင္ပါတယ္။

ပုဂံေခတ္ဦး ယဥ္ေက်းမႈမွာေတာ့ ပူျပင္းတဲ့ကဆုန္လမွာ သစ္ပင္ပန္းမန္မ်ားကို ေရသြန္းေလာင္းခဲ့ၾကပါတယ္။ ရွင္အရဟံ သာသနာျပဳၿပီးသည့္ေနာက္မွာေတာ့ ဗုဒၶဘာသာဝင္မ်ား အထြတ္အျမတ္ထားတဲ့ ေဗာဓိေညာင္ပင္ကို ေရသြန္းေလာင္းေသာ ဓေလ့ ျဖစ္လာခဲ့ပါတယ္။ ကဆုန္လျပည့္ေန႔ဟာ ဗုဒၶျမတ္စြာဘုရားရဲ႕ ဗ်ာဒိတ္ေတာ္ခံယူျခင္း၊ ဖြားျမင္ျခင္း၊ ဘုရားအျဖစ္သိူ႔ေရာက္ရွိျခင္း နဲ႔ ပရိနိဗၺာန္ျပဳျခင္း အစရွိေသာ ေန႔ရက္မ်ားနဲ႔ တိုက္ဆိုင္လို႔ေနပါတယ္။

အေနာက္တိုင္းနကၡတ္မွာေတာ့ ဒီလမင္းႀကီးကို ပန္းၿမိဳင္လယ္က လမင္းႀကီး (Full Flower Moon) လို႔ ေခၚဆိုၾကပါတယ္။ ေႏြဦးပန္းေတြ ေဝေဝဆာဆာ ပြင့္ဖူးခ်ိန္မွာ ေတြ႕ရတဲ့ လမင္းႀကီးလို႔ ဆိုပါတယ္။ ဒီႏွစ္ လျပည့္ခ်ိန္ဟာ လ ရဲ႕ ပတ္လမ္းမွာ ကမာၻနဲ႔ အနီးဆုံးေနရာသို႔ ေရာက္ရွိေနခ်ိန္ (Perigee ) ႏွင့္လည္း တိုက္ဆိုင္လို႔ေနပါတယ္။ အဲ့ဒါေၾကာင့္ ပုံမွန္ျမင္ေတြ႕ေနက် အ႐ြယ္အစားထက္ အနည္းငယ္ပိုႀကီးေသာ လကို စူပါမြန္းလအျဖစ္ က်ေနာ္တို႔ ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။

လမင္းတည္ရွိေနမည့္ ၾကယ္စုဟာ Scorpius လို႔ေခၚတဲ့ ၿဗိစာၦရာသီ ၾကယ္စုမ်ားပဲျဖစ္ပါတယ္။ လ ျပည့္ညမွာ လ ႏွင့္ ကမာၻအကြာအေဝးဟာ မိုင္ေပါင္း ၂၂၂၀၀၀ မိုင္ခန႔္ ရွိေနမွာ ျဖစ္ပါတယ္။ လဟာ ညေန ၅:၂၀ ေလာက္မွာ အေရွ႕အရပ္မွစတင္ေပၚထြက္လာမွာျဖစ္ၿပီး ေနာက္တေန႔ နံနက္ ၅:၃၀ ေလာက္မွာ အေနာက္အရပ္သို႔ ျပန္ဝင္မွာျဖစ္ပါတယ္။ ေမလ ၂၆ ရက္ေန႔ညဦးပိုင္းမွာေတာ့ လအျပည့္ၾကတ္ျခင္းျဖစ္စဥ္ကို က်ေနာ္တို႔ ျမင္ေတြ႕ၾကရဦးမွာ ျဖစ္ပါတယ္။

စူပါမြန္းလျပည့္ နဲ႔ ရာစ္ (Yaas) ဆိုင္ကလုံး မုန္တိုင္းမွ မိုး႐ြာသြန္းျခင္းမ်ားေၾကာင့္ ကမ္း႐ိုးတန္း ႏွင့္ ျမစ္ဝကြၽန္းေပၚ ေဒသမ်ားမွာဒီေရအတက္-အက် က႐ုျပဳသင့္ပါတယ္။

အနာဂတ္ပညာေရးအတြက္..သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)

Be the first to comment on "စူပါမွန်းဖြစ်မည့် ကဆုန်လပြည့်နဲ့ သတိထားရမယ့် ဆိုင်ကလုံး မုန်တိုင်း ရာစ် (Yaas)"

Leave a comment

Your email address will not be published.


*