ခင်ဗျားတို့ကတော့ပျော်လို့ပါးလို့ . . ကျန်းမာရေးဝန်ထမ်းတွေကတော့ ဘဝပျက်နေပြီ
ရှုပ်လိုက်တဲ့ Duty။
ညက
AS (၃) ယောက်
Nurse (၆)ယောက်
Worker (၂) ယောက်
စုစုပေါင်း (၁၅)ယောက်။
Some photo:::Credit
———-
ခင်ဗျားတို့တော့ပျော်လို့ပါးလို့ပေါ့။
ကျန်းမာရေးဝန်ထမ်းတွေကတော့ ဘဝပျက်နေပြီ။
ရှုပ်လိုက်တဲ့ Duty။
များလိုက်တယ့်လူနာဆိုတာ ခြေချစရာမရှိဘူး။ဘယ်လူနာစကြည့်ရမလဲ မသိတော့လောက်အောင်ကို မူးခြာနေတာပဲ။လူနာတွေများလွန်းလို့ ကျော်ခွသွားရတယ်ဆိုတာ အခုမှပဲကြုံဖူးတော့တယ်။ဖြစ်လိုက်တဲ့ ရန်ပွဲက တဂျိမ်းဂျိမ်း။ လာလိုက်တဲ့လူနာ ထိခိုက်ရှနာချည်းပဲ။လာတယ့်လူတချို့ Mask မပါ။ပါတော့လည်း တလွဲတပ်။
ညက
Emergency Physician (၄ )ယောက်
AS (၃) ယောက်
Nurse (၆)ယောက်
Worker (၂) ယောက်
စုစုပေါင်း (၁၅)ယောက်။
ဝန်ထမ်း အကုန်လုံး Exhausted ဖြစ်ရတဲ့ည။ငါတော့ ခြေနှစ်ဖက် လက်နှစ်ဖက်ပဲပါတယ်။နိုင်သလောက်ပဲလုပ်တော့မယ်လို့ ဆုံးဖြတ်ချက်ချရတဲ့ည။
ကိုဗစ် Duty တွေကြား မောပန်းနွမ်းနယ်နေသော ခြေကုန်လက်ပမ်းကျနေသော ကျန်းမာရေးဝန်ထမ်းတွေကို ထပ်မံ ပိုမိုပင်ပန်းစေသော လပြည့်ည။
ကိုဗစ်က ဆေးရုံမှာပဲဖြစ်ပြီး အပြင်မှာ မဖြစ်တော့တာလား????
အခုလိုညမျိုးမှာ ကိုဗစ်အကူးခံရလျှင် မတန်ဆုံးသော Duty ပဲ။
ခင်ဗျားတို့ပဲ အသက်ရှိတယ်ထင်နေကြလားဗျ။ကျန်းမာရေးဝန်ထမ်းတွေလည်း အသက်နဲ့ဗျ။
စည်းကမ်းမလိုက်နာတဲ့ လူတွေကြားထဲမယ် ကျန်းမာရေး ဝန်ထမ်း ဖြစ်ရတာလဲ အကုသိုလ်တမျိုးပဲ။
ဒီအတိုင်းဆိုလျှင်ဖြင့် သိပ်များ မကြာခင် ဝန်ထမ်းဘဝကို လက်ပြနှုတ်ဆက်ရတော့မည်။
Some photo:::Credit
Be the first to comment on "ခင်ဗျားတို့ကတော့ပျော်လို့ပါးလို့ . . ကျန်းမာရေးဝန်ထမ်းတွေကတော့ ဘဝပျက်နေပြီ"
Leave a comment
Your email address will not be published.
*