ရွှေဘိုဈေးမီးလောင်မှုအတွက် နစ်နာသူတွေကို ကူညီရန် လှူဒါန်းမူတွေ ပိုမိုပြုလုပ်ပေးကြဖို့ တိုက်တွန်းလာတဲ့ အိစိကွေး
ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိတ်သတ်တွေရဲ့ ချင်ခင်အားပေးမှုကို ရရှိခဲ့တဲ့ မင်းသားချောလေး အိစိကွေးတစ်ယောက်ကတော့ လက်ရှိကာလအချိန်ထိ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုလျော့သွားခြင်းမရှိပဲ ပို၍ ပို၍တိုးလာနေဆဲဖစ်ပါတယ်။
လက်ရှိစားဝတ်နေရေးခက်ခဲနေတဲ့ကာလတစ်လျောက် သူတတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေကိုကူညီလှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။မကြာသေးမီက မီးလောင်ပျက်စီးသွားခဲ့တဲ့ ရွှေဘိုမြို့မဈေးကြီးအတွင်းမှာ ဆုံးရှုံးနစ်နာသွားရတဲ့ ဈေးသူ/သားတွေကို သူကိုယ်တိုင် မတည်ပြီး သွားရောက်လှူဒါန်းမှာဖြစ်တဲ့ အတွက် လက်ရှိအချိန်ငွေအင်အားနည်းနေသေးတဲ့ အတွက် ပရိတ်သတ်တွေအနေနဲ့ ဆက်လက်လှူဒါန်းကြပေးဖို့ သူ့အနေနဲ့တောင်းဆိုလာခဲ့ပါတယ်။
” ရွှေဘိုအတွက် အလှူငွေတွေ
ထုတ်ဖို့ စောင့်နေပါတယ်
ဒီအတောအတွင်း လှူလို့ရပါသေးတယ်
အလှူအင်အားလည်း နည်းနေသေးတော့
ဝိုင်းပြီး အလှူခံပေးကြပါဦးနော်
ကျေးဇူးတင်ပါတယ် ဗျ” ရွှေဘိုဈေးအတွက် အလှူငွေတွေကို K pay – 09965180220မှ တစ်ဆင့် လှူဒါန်းနိုင်သလို Wave money – 09965180220မှလည်း လှူဒါန်းနိုင်တဲ့အကြောင်း သူရဲ့ လူမှုစာမျက်နှာကနေ အလှူခံတိုက်တွန်းထားပါတယ်။
Source : Eisi Kway
Be the first to comment on "ရွှေဘိုဈေးမီးလောင်မှုမှာ နစ်နာသူတွေကို ကူညီရန် လှူဒါန်းမူတွေ ပိုမိုပြုလုပ်ပေးကြဖို့ တိုက်တွန်းလာတဲ့ အိစိကွေး"