လူမသိသူမသိကျဆုံးသွားတဲ့ မောင်အောင်နိူင်ဝင်ရေးသားခဲ့သည့် စိတ်မကောင်းစရာ အမေ့အတွက်စာ

{"uid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1621750899369","source":"other","origin":"unknown","source_sid":"168D9ABC-E037-4F23-B30D-96AD2A4DED60_1621750899403"}

“အမေရေ သားပြန်မလာရင် မငိုနဲ့နော် သားတိုက်ပွဲကျသွားရင်လည်းအမေအားငယ်စရာမလိုဘူး အမေနားမှာသားတစ်ချိန်လုံးရှိနေမှာ အိမ်မှာနေထမင်းကိုမှန်မှန်စား ကျန်းမာရေးလည်းဂရုစိုက် ထမင်းစားဖို့လိုက်ခေါ်မနေရစေနဲ့ အလှူရှင်တွေလာလို့လှူခဲ့သည်ရှိသော် အဲ့ပိုက်ဆံတွေအားလုံးကိုCDMလုပ်နေတဲ့ဝန်ထမ်းတွေကိုလှူနော် အမေပိုက်ဆံနဲ့ပဲ သားရဲ့နောက်ဆုံးခရီးကိုစီစဉ်ပေးပါ အရေးတော်ပုံအောင်မှဖစ်မယ်အမေရေ သားသွားလိုက်ဦးမယ်ဆိုပြီး

“အရေးကြီးပီညီနောင်အပေါင်းတို့ သွေးစီးကာညီစေညီကြစို့“ဆိုတဲ့သီချင်းလေးကိုအိမ်ပေါ်မှာအော်လံလေးကိုင်ပီးခေါက်တုန့်ခေါက်ပြန်အော်ဆိုရင်အမေကိုမောင်နှမနှစ်ယောက်စနေခဲ့တာ အမမေကရယ်လိုမောလို့ပေါ့ အမေကလည်းသားနဲ့သမီးရယ်အမေမငိုပါဘူးသားတို့အတွက်ဂုဏ်ယူနေမှာပါအေ“တဲ့

မမရေ သားအတွက် အင်္ကျီလေးငှားပါဦး သေသွားခဲ့ရင်တောင်လှနေမှဖစ်မယ်ဆိုပီး အမကိုလည်းလှမ်းစနေတာ အချိန်ရှိတုန်းမမရေသွားကြမယ်ဆိုပီး မဆုံးခင် ပထမရက်မှာမောင်နှမနှစ်ယောက်အတူ အိမ်ကထွက်လာခဲ့ကြတယ် နောက်တစ်နေ့သူတစ်ယောက်တည်းအိမ်ကထွက်သွားတယ် သူထွက်သွားပီးမကြာဘူး ကျမလည်းနောက်ကလိုက်ပီးထွက်သွားရင်း သူဆီသွားမယ်ဆိုပီးဖုန်းဆက်တော့မကိုင်တော့ဘူး

ဖုန်းမကိုင်လို့ကျမလည်းကျမသူငယ်ချင်းတွေနဲ့လိုက်သွားပီးတစ်ခြားနေရာမှာ ဆန္ဒပြနေခဲ့တယ် တစ်ကယ်လို့သာသူဖုန်းကိုင်ခဲ့ရင်ကျမသူဆီရောက်သွားခဲ့ရင်သူသေမှာမဟုတ်ဘူးဘာပဲဖစ်ဖစ်မောင်လေးအတွက်မမရော မေမေပါဂုဏ်ယူပါတယ်

——–





Be the first to comment on "လူမသိသူမသိကျဆုံးသွားတဲ့ မောင်အောင်နိူင်ဝင်ရေးသားခဲ့သည့် စိတ်မကောင်းစရာ အမေ့အတွက်စာ"

Leave a comment

Your email address will not be published.


*