“NLD ပါတီဆိုတာဟာ လမ်းမပေါ်ပြုတ်ကျတဲ့ ကြက်ဥထုပ်ကို ကွန်တိန်နာက တက်အကြိပ်ခံရတဲ့ဘဝမျိုးရောက်သွားမယ်” လို့ပြောလာတဲ့ မင်းအုပ်စိုး

မတူရင် မတုကြပါနဲ့လားကွယ်

မတူရင် မတုနဲ့

ဆိုတဲ့စကားပုံက

ကျွန်တော်တို့ရဲ့မြန်မာပြည်မှာ

နှစ်ပေါင်းများစွာရှည်ကြာလာတဲ့အထိ

အခိုင်အမာရှိနေခဲ့တဲ့စကားပုံတစ်ခုပါ

နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်

အခ်ိုင်အမာ

ရှိနေတယ်ဆိုကတည်းက

အဲ့ဒီစကားပုံဟာ

ရာခိုင်နှုန်းပြည့်မှန်တဲ့အတွက်

မြန်မာနိုင်ငံကြီးမှာ

မွေးဖွာရှင်သန်

လူလားမြောက်လာကြတဲ့လူတွေအားလုံး

လက်ခံယုံကြည်လာခဲ့ကြတာပေါ့

မတူရင်မတုနဲ့ဆိုတဲ့စကားက

သိပ်အများကြီး

စဉ်းစားနေရမယ့်စကားမျိုး

ရှည်ရှည်ဝေးဝေး

တွေးနေရမယ့်စကားမျိုး

အနက်အဓိပ္ပာယ်ကိုခေါင်းစားခံပြီး

ကြံဆဖော်ထုတ်ရမယ့်စကားမျိုးမဟုတ်ပါဘူး

မတူရင်မတုနဲ့ဆိုတာ

ရိုးရိုးလေးပါဗျာ

မတူရင်မတုနဲ့ပေါ့

မတူတာကိုသွားတုရင်

ဘာဖြစ်တက်သလဲဆိုတာကို

အလွယ်ဆုံးနဲ့အတိုဆုံးပြောပြရရင်

အရာအားလုံးပျက်စီးတက်တာပေါ့ဗျာ…

အင်အားချင်းမတူတာကိုသွားတုရင်

အရည်အချင်း ချင်းမတူတာကိုသွားတုရင်

ခံနိုင်ရည် ခံနိုင်စွမ်းမတူတာကိုသွားတုရင်

တောင့်တင်းကြံ့ခိုင်သန်မာတာခြင်းမတူတာကိုသွားတုရင်

အတွေ့အကြုံခြင်းမတူတာကိုသွားတုရင်

တိုက်ရည်ခိုက်ရည်မတူတာခြင်းက်ိုသွားတုရင်

သွားတုကြတဲ့သူတွေပဲ

အလုံးစုံပျက်သုဉ်းခြင်းဆိုတဲ့

ဘူတာရုံအအိုအဟောင်းလေးထဲမှာ

တန်းစီပြီးတွဲထိုးထားကြရမှာပါ… ။

အခြားသောတိုင်းပြည်တွေရဲ့

နိုင်ငံရေးဖြစ်စဉ်ကိုတော့

အသေအချာအတိအကျမသိတာကြာင့်

ကျွန်တော် ရေးမပြတော့ပါဘူး

ကျွန်တော်တို့တိုင်းပြည်ရဲ့

နိုင်ငံရေးဖြစ်စဉ်အကြောင်းကတော့

အတိအကျအသေအချာသိတာကြောင့်

ရေးပြရဲပါတယ် ။

ကျွန်တော်တိုမြန်မာနိုင်ငံမှာ

ဒီမိုကရေစီစနစ်ထွန်းကားခဲ့တာ

ကျွန်တော်တို့တိုင်းပြည်ကြီး

ဒီမိုကရေစီတိုင်းပြည်တစ်ခုအဖြစ်

အသွင်ပြောင်းလဲလာခဲ့တာဟာ

ဘယ်ကောင်တွေ

ဘယ်ကောင်မတွေမှ

တိုက်ယူပေးခဲ့လို့ရခဲ့တာမဟုတ်ပါဘူး

ဗိုလ်ချုပ်ကြီးနေဝင်း

ပြန်ဖွင့်ပေးလိုက်တဲ့

ဒီမိုကရေစီလမ်းအူကြောင်းကို

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက

စနစ်တကျနဲ့ အချိန်ယူ လမ်းဖောက်ပေးခဲ့ပြီး

ဗိုလ်ချုပ်ကြီးသိန်းစိန်က

အဲ့ဒီလမ်းကြောင်းပေါ်မှာ

ပထမဦးဆုံးစမောင်းခဲ့ပြီးမှ

ကျွန်တော်တို့ရဲ့

မြန်မာနိုင်ငွတော်ကြီး

ဒီမိုကရေစီလမ်းကြောင်းပေါ်

 

တည်တည်ငြ်ိမ်ငြိမ်ဖြောင့်ဖြောင့်တန်းတန်း

စလျှောက်ခွင့်ရလာတာပါ…

ကျွန်တော်တို့ရဲ့

မြန်မာနိုင်ငံတော်ကြီး

ဒီမိုကရေစီနိုင်ငံတော်အဖြစ်

ရှင်သန်ပေါက်ဖွားခွင့်ရလာတာဟာ

ဒေါ်အောင်ဆန်းစုကြည်ကြောင့်

မဟုတ်သလို

တခြားသော

လက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့်လည်း

မဟုတ်ပါဘူး…

မြန်မာနိုင်ငံကြီး ဒီမိုကရေစီနိုင်ငံအဖြစ်

ပြောင်ရလဲတည်ရှိခွင့်ရလာတဲ့နေရာမှာ

အဓိကကျတဲ့

ပဲ့ကိုင်ရှင်တွေကိုပြောပါဆိုရင်

ဗိုလ်ချုပ်ကြီးနေဝင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့

မြန့်မာတပ်မတော်ပါပဲ

အဲ့ဒီစကားကို

မယုံကြည်ဘူးလက်မခံဘူးဆိုရင်လည်း

နေပြည်တော်အပါအဝင်

တိုင်းနဲ့ပြည်နဲ့အားလုံးမှာရှိနေကြတဲ့

ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ပတ်သတ်တဲ့

အဆောက်အဦးတွေကို

ဘယ်သူတွေက တည်ဆောက်ပေးခဲ့သွားသလဲဆိုတာ

လေ့လာကြည့်ရင်သိန်ိုင်ပါတယ်

ဒါကဥပမာတစ်ချက်ပဲပေးပြတာပါ

စာသိပ်ရှည်နေမဆိုးလို့

လိုရင်းကိုပဲတန်းပြောလိုက်ပါတော့မယ်

မြန်မာနိုင်ငံတော်ကြီးရဲ့ဖြစ်တည်မှုမှာ

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းကြောင်းမှာ

မြန်မာ့တပ်မတော်ကြီးရဲ့

ကူညီထောက်ပံ့ဝန်းရံပေးမှုတွေက

ထုထည်ကြီးကြီးနဲ့ကိုတည်ရှိခဲ့တာပါ…

အခုလက်ရှိအခြေနေမှာ

တပ်မတော်ကြီးကို မိုက်မိုက်ရိုင်းရိုင်းဆဲရမှ

အသက်ခြောက်ဆယ်ကျော်နေတဲ့

ကာကွယ်ရေးဦးစီးချုပ်ကြီးကို

မိုက်မိုက်ရိုင်းရိုင်းပြောလိုက်ရမှ

ရဲရဲနီတဲ့နိုင်ငံရေးသမားလို့

ရူးကြောင်ကြောင်နဲ့ သဘောပေါက်နေကြတဲ့

လူမျိုးတွေအတော့်ကိုများပါတယ်

တပ်မတော်ကြီးကို

ပြိုကွဲပျက်စီးသွားအောင်လည်း

နည်းမျိုးစုံနဲ့လုပ်ဆောင်နေကြပါတယ်…

ဟုတ်ကဲ့

ကျွန်တော်ပြောချင်တဲ့အချက်လာပါပြီ

မြန်မာတပ်မတော်ကြီးရဲ့

ကာကွယ်ရေးဦးစီးချုပ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို

ခင်ဗျားတို့အနေနဲ့

မုန်းတီးရွံရှာလွန်းလို့ဝိုင်းဆဲ့တာကြောင့်

အဆဲဒဏ်ပိပြီး

တပ်ချုပ်ကြီးသေသွားခဲ့ရင်တောင်

မြန်မာ့တပ်မတော်ကြီးက

ဘာတစ်ခုမှ

ယိမ်းယိုင်ပျက်စီးသွားမှာမဟုတ်ပါဘူး

 

တကယ်လို့များ

ဒေါ်အောင်ဆန်းစုကြည်သာ

အသက်ကြီးလာတာကြောင့်

လူကြီးရောဂါနဲ့သေဆုံးသွားခဲ့မယ်ဆိုရင်

NLDပါတီဆိုတာဟာ

လမ်းမပေါ်ပြုတ်ကျတဲ့ ကြက်ဥထုပ်ကို

ကွန်တိန်နာက တက်အကြိပ်ခံရတဲ့ဘဝမျိုး

တစ်ပတ်အတွင်း

ရောက်သွားလိမ့်မယ်ဆိုတာသေချာပါတယ်ဗျာ…

အဲ့ဒါကြောင့်မို့

တပ်ချုပ်ကြီးနဲ့တပ်မတော်ပေါ်မှာ

အဆဲပေါင်းစုံ

မိုက်ရိုင်းနည်းပေါင်းစုံနဲ့

ကမ်းကုန်နေကြတဲ့

ခင်ဗျားတို့တစ်တွေကိုပြောချင်တာက

မတူတဲ့အဖွဲ့အစည်းနှစ်ခုကို

တူနေသရောင်ရောင်စိတ်ကြီးဝင်ပြီး

မတုကြပါနဲ့လား

မတူရင်

မတုကြပါနဲ့လားဗျာ…. ။ ။

Source: မင်းအုပ်စိုး

 

Be the first to comment on "“NLD ပါတီဆိုတာဟာ လမ်းမပေါ်ပြုတ်ကျတဲ့ ကြက်ဥထုပ်ကို ကွန်တိန်နာက တက်အကြိပ်ခံရတဲ့ဘဝမျိုးရောက်သွားမယ်” လို့ပြောလာတဲ့ မင်းအုပ်စိုး"

Leave a comment

Your email address will not be published.


*