ခိုင်နှင်းဝေကတော့ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ယနေ့တိုင် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုနေရတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။
ပရဟိတအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်းတတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်ကာ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
အခုလည်း (၁၇) ယောက်မြောက် ခြေတု အလှုလေးကို ပြုလုပ်ခဲ့ပြန်ပါတယ်။ ဘီးလင်း မြို့နယ်မှာနေထိုင်ပြီး ခြေတု လိုအပ်နေတဲ့ သားလေးကို လှူဒါန်းဖြစ်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” (၁၇) ယောက်မြောက် ခြေတု အလှုလေးပါရှင်…ဘီးလင်းမြို့နယ် တောင်စွန်းကပါ…သားငယ်လေး လိုအပ်နေသော ခြေတု လေးကို တတ်နိုင်တဲ့ဘက်က လှုဒါန်းရသော ဖြည့်ဆည်း ကုသိုလ် တို့အား ခုနှစ်ရက် သားသမီး များ အားလုံး ထပ်တူ ကုသိုလ် ပွားများ သာဓု ခေါ်ဆို နိုင်ကြပါစေရှင်.” လို့ ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း မေမေခိုင်နှင်းဝေလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။
————-
ခိုင္ႏွင္းေဝကေတာ့ ေကာင္းမြန္ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ယေန႔တိုင္ အႏုပညာေလာကမွာ ေနရာတစ္ခုကို အခိုင္အမာရရွိထား႐ုံသာမကပဲ အမ်ားက ေလးစားအခ်စ္ပိုေနရတဲ့ မင္းသမီးတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမက လက္ရွိမွာေတာ့ အႏုပညာလႈပ္ရွားမႈေတြကို ရပ္နားထားၿပီး ပရဟိတလုပ္ငန္းေတြကိုသာ ဦးစီးလုပ္ကိုင္ေနတာျဖစ္ပါတယ္။
ပရဟိတအလုပ္ေတြကို တစိုက္မတ္မတ္လုပ္ေဆာင္ေနတဲ့အျပင္ လိုအပ္ေနတဲ့ ျပည္သူေတြအတြက္လည္းတတ္နိုင္သေလာက္ အျမဲေဖးမကူညီတတ္တဲ့ သူမကေတာ့ အခုလိုအခ်ိန္မွာလည္း အားလုံးနဲ႔အတူ ရပ္တည္ကာ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ လႉဒါန္းမႈေတြကို ျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။
အခုလည္း (၁၇) ေယာက္ေျမာက္ ေျခတု အလႈေလးကို ျပဳလုပ္ခဲ့ျပန္ပါတယ္။ ဘီးလင္း ၿမိဳ႕နယ္မွာေနထိုင္ၿပီး ေျခတု လိုအပ္ေနတဲ့ သားေလးကို လႉဒါန္းျဖစ္ခဲ့တယ္လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ အလႉေလးနဲ႔ ပတ္သက္ၿပီးလည္း ” (၁၇) ေယာက္ေျမာက္ ေျခတု အလႈေလးပါရွင္…ဘီးလင္းၿမိဳ႕နယ္ ေတာင္စြန္းကပါ…သားငယ္ေလး လိုအပ္ေနေသာ ေျခတု ေလးကို တတ္နိုင္တဲ့ဘက္က လႈဒါန္းရေသာ ျဖည့္ဆည္း ကုသိုလ္ တို႔အား ခုႏွစ္ရက္ သားသမီး မ်ား အားလုံး ထပ္တူ ကုသိုလ္ ပြားမ်ား သာဓု ေခၚဆို နိုင္ၾကပါေစရွင္.” လို႔ ေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးရင္း ေမေမခိုင္ႏွင္းေဝလည္း ဒီထက္မက လႉဒါန္းနိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္။
Credit– Cele Zone
Photo – khine Hnin Wai
Be the first to comment on "ဘီးလင်းမြို့ကခြေတုလိုအပ်နေတဲ့ သားငယ်လေးအတွက် (၁၇) ယောက်မြောက်ခြေတုအလှူလေး ပြုလုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ"