ဒေါ်လာ ၂ သန်းပေးမယ်ဆိုပြီး ရေပန်းစားနေတဲ့ FB ပေါ်က လိမ်နည်း အသစ်














Kyaw Min San CMT

————-

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ လိမ်နည်းအသစ် ကြောင့်ပရိသတ်တွေ အလိမ်မခံရအောင်လို့ သူတို့တွေ ဘယ်လိုလိမ်နေကြလဲ၊ လိမ်ပုံလိမ်နည်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

သူတို့တွေက ကျွန်တော်တို့တွေနဲ့ FB ပေါ်မှာ Fri ဖြစ်ထားပြီးမှညကျွန်တော့်တို့တွေကို လိမ်လို့ရမရအရင် chat ပါတယ်။ လူရိုးလူအေးလို့ထင်ရတဲ့သူဆိုရင်တော့ အနည်းငယ်ကြာမှ သူတို့ လိမ်နည်းကိုစတင်တာပါ။

ဖြစ်စဉ် တစ်ခုကတော့ ကျောက်တံခါးမြို့မှ အမည်မဖော်ပြလိုသူ ညီငယ်လေးတစ်ဦး ထံသို့ လူမှုကွန်ယက်ပေါ်တွင် (မိတ်ဆွေ Friend) ဖြစ်နေခဲ့သည့် နိုင်ငံကြီးတစ်နိုင်ငံမှဟုဆိုသူ ကင်စာဝေဒနာ ခံစားနေရသော အဖွားအိုတစ်ဦးမှ မိမိသည် ကင်စာဝေဒနာအား အပြင်းအထန်ခံစားနေရသူဖြစ်ပြီး နောက်ဆုံးအချိန်သို့ ရောက်နေပြီး ဖြစ်၍

၎င်းပိုင်ဆိုင်သော ငွေများအနက်မှ ဆေးကုသရန် အနည်းငယ်မျှသာခြံ၍ ကျန်ရှိသော အမေရိကန်ဒေါ်လာ(၂)သန်း အား အမည်မဖော်လိုသူညီငယ်လေး၏ နံမည် မှတ်ပုံတင်နံပါတ် ဖုန်းနံပါတ်တို့ဖြစ် လွှဲပို့ပေးထားပြီးဖြစ်ကြောင်း

တခြားနိုင်ငံနေရာဒေသ အသီးသီးတွင်လည်း မြောက်များစွာသောငွေများ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း အောက်ပုံမှာပါသောပစ္စည်းများအား လေယာဉ်ဖြစ် တင်ပို့ ပေးလိုက်ပြီး ဖြစ်ကြောင်း ငွေလွဲဖြစ် ပို့ပေးထားသော ဒေါ်လာ(၂)သန်းအား တချို့တဝက်အား သူ့အတွက်လှူဒါန်း ပေးရန်နှင့်ကျန်ငွေများအား ညီငယ်လေး၏ ဘဝအတွက်လိုအပ်သလိုအသုံးပြုရန် ပြောဆိုခဲ့သည်။

ထို့နောက် ဖုန်းတစ်လုံးမှ ညီငယ်လေးထံသို့ ဆက်သွယ်လာပြီး လေယာဉ်ကွင်းတွင် ညီငယ်လေး၏ နံမည် နေရပ်လိပ်စာ ဖုန်းနံပါတ်တို့ဖြစ် အဖွားအိုထံမှ ပို့ပေးလိုက်သော ပစ္စည်းပါဆယ်ထုပ် ရောက်ရှိနေပြီး ဖြစ်၍

လေယာဉ်ကွင်း ပါဆယ်ဌာနတွင် ထုတ်ယူရမည်ဖြစ်ပြီး ပစ္စည်းထုတ်ယူရန်အတွက် အခွန်ငွေ (၁၄)သိန်းကျပ်အား ပေးဆောင်ရမည်ဖြစ်၍ ယနေ့နို ဝင်ဘာလ(၂၃)ရက် နေ့လည် ၁၂နာရီ အချိန်ထက် နောက်မကျဘဲ

ပေးသွင်းရမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုသော အမျိုးသ္မီး ထံသို့ ငွေအားလွဲပေးရမည် ဖြစ်ကြောင်း ငွေလွဲပေးပြီးသည်နှင့် ပါဆယ်ပစ္စည်းထုတ်အား အိမ်တိုင်ရာရောက် ပို့ပေးလိုက်ပါမည်ဟု ပြောဆိုလာသဖြင့်

ညီငယ်လေးမှအမှန်တကယ် မိမိ၏ရှေ့ကံတရားများကြောင့် သူတော်ကောင်း အဖွားအိုမှ စေတ နာနှင့် ပေးသည်ဟု ထင်ကာငွေ (၁၄)သိန်းကျပ်အား အချိန်မှီ လွဲပေးရန်အတွက်

ဆွေမျိုးသားချင်းများ မိတ်ဆွေများထံမှ ခဏချေးယူခဲ့ပြီးဘဏ်သို့လာစဉ် အလားတူ တွေ့ကြုံခဲ့ရဘူးသူ တစ်ဦးနှင့်တွေ့ဆုံခဲ့၍ ထိုသူမှ ၎င်းထံ သို့လည်း ဤကဲ့သို့ဆက်သွယ်ခဲ့၍ ၎င်းမှအမှန်တကယ် ထင်မှတ်ပြီး ငွေလွဲပေးခဲ့ကြောင်း

ရှက်၍မည်သူ့ကိုမှ မပြောပြခဲ့ကြောင်း ရှင်းလင်းပြောပြခဲ့၍ အလားတူ ဖြစ်ရပ်မျိုးအားနောက်လူများ ဤကဲ့သို့ လှည့်ဖျားခြင်းမခံကြရစေရန် သတင်းမီဒီယာအဖွဲ့ထံသို့ ဖြစ်စဉ်များအား မှတ် တမ်းဓါတ်ပုံ

အပြန်အလှန် စာပို့ထားသောစာများ အသံဖိုင်များနှင့်အတူ အများပြည်သူများသိရှိစေရန် တင်ပြပေးပါဟု အကူအညီတောင်းဆိုလာပါသဖြစ် အကျင်းချုံး၍ တင်ပြပေးလိုက်ပါသည်။

ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးလည်း ဘယ်အရာကို မှလွယ်လွယ်မယုံကြပါရန်နှင့် အကယ် ၍အလားတူ ဖြစ်စဉ်မျိုး ကြုံလာပါက အရင်းနီးဆုံး မိတ်ဆွေ ဆရာသမားများထံ မှအကူအညီတောင်းကြဖို့ တိုက်တွန်းလိုက်ပါရစေ။ လူအချင်းချင်းလှည့်ပတ်ချင်း ကင်းရှင်းကြပါစေ။မူရင်းရေးသားသူ ခရက်ဒစ်။

Kyaw Min San CMT

Be the first to comment on "ဒေါ်လာ ၂ သန်းပေးမယ်ဆိုပြီး ရေပန်းစားနေတဲ့ FB ပေါ်က လိမ်နည်း အသစ်"

Leave a comment

Your email address will not be published.


*