ကိုရီးယားရောက်ပြီး ပထမဆုံးအလုပ်လက်ခံရရှိတဲ့ ဝမ် ၁သိန်းကို မင်းတပ်အတွက် လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ

အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို အနုပညာရှင်ဆစ်ယောက်လည်းဖြစ်တဲ့ ဟန်နာယူရီကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အားကြိုးမာန်တက်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဟန်နာယူရီကတော့ လတ်တလောမှာ ပြည်ပကို ရောက်ရှိနေတာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး ရုပ်သံလိုင်းကနေ မြန်မာပြည်ရဲ့လတ်တလောအခြေအနေတွေကို ချပြနိုင်ခဲ့တာလည်း တွေ့ရပါတယ်..။

ဟန်နာယူရီကတော့ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်နေ အားဖြည့်ပါဝင်နေသလို ကိုရီးယားရောက်ပြီး ပထမဆုံးအလုပ်လက်ခံရရှိခဲ့တဲ့ ကိုရီးယားငွေ ဝမ် ၁သိန်း ကိုလည်း မင်းတပ်မြို့အတွက် ကူညီ လှူဒါန်းခဲ့ပြန်ပါတယ်..။

သူမရဲ့ အလှူလေးကို ပြောပြရင်း ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတာမို့ သွေးမအေးသွားဘဲ အားတင်းကာ ရသလောက် အတူတူကြိုးစားရုန်းထွက်ကြမယ့်အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

“ကျွန်မKorea ရောက်ပြီး ပထမဆုံးလက်ခံရရှိတဲ့ ရိုက်ကူးရေးကရတဲ့ ပိုက်ဆံ Korea won ၁ သိန်းကိုမင်းတပ်ကိုလှူဒါန်းလိုက်ပါပြီရှင်

အားလုံးသာဓုခေါ်နိုင်ပါတယ်

ရသလောက် ကြိုးစားပြီး အတူတူရုန်းကြမယ်နော်

အားတင်းထား

ငါတို့မှာငါတို့ရှိတယ် 💪🏻🤍🙏..” ဆိုပြီး တတ်နိုင်သလောက် ပါဝင်အားဖြည့်ခဲ့တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။

Credit to original writing

Be the first to comment on "ကိုရီးယားရောက်ပြီး ပထမဆုံးအလုပ်လက်ခံရရှိတဲ့ ဝမ် ၁သိန်းကို မင်းတပ်အတွက် လှူဒါန်းလိုက်တဲ့ ဟန်နာယူရီ"

Leave a comment

Your email address will not be published.


*