အိပ်နေရင်းနဲ့ အလွယ်တကူ ပြုလုပ်လို့ရတဲ့ ဝမ်းဗိုက်ကအဆီတွေကို ချေဖျက်ပေးမယ့် အသက်ရှုလေ့ကျင့်ခန်း .
အိပ်နေရင်းနဲ့ အလွယ်တကူ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းတစ်ခုကို မျှဝေပေးသွားပါမယ်။ စိတ်ကိုလည်း ငြိမ်သက်စေပြီးတော့ ဝမ်းဗိုက်ကို ချပ်ပေးမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။
Iron လို့ခေါ်တဲ့ ဒီနည်းစနစ်နဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ဝမ်းဗိုက်က ကြွက်သားတွေကို သန်မာလာစေမှာဖြစ်ပြီး
၁ လအတွင်း ဗိုက်သိသိသာသာ ချပ်စေမှာပါ။ ပုံမှန်ပြုလုပ်ဖို့တော့ မမေ့ပါနဲ့နော်။ တစ်နေ့ကို ၅ ကြိမ်လုပ်ပေးရမှာဖြစ်ပါတယ်။
မနက်စောစော မနက်စာမစားခင် လုပ်ပေးတာဟာ ပိုပြီးကောင်းမွန်ပါတယ်။ အစပိုင်းမှာ ခက်တယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ
ပိုပြီး အဆင်ပြေသွားမှာပါ။
၁။ အရင်ဆုံးကျော်လှဲလိုက်ပါ။ လက်ကို ဝမ်းဗိုက်ပေါ် တင်ထားတာဖြစ်ဖြစ် ဘေးချထားတာပဲဖြစ်ဖြစ်ရပါတယ်။
ကြွက်သားတွေကို သက်သောင့်သက်သာရှိစေဖို့ ဒူးကွေးပြီး ထောင်ထားပါ။ ပြီးရင် အသက်ပြင်းပြင်းရှုပြီး ဝမ်းဗိုက်ကို ချပ်နိုင်
သလောက် ချပ်ထားပေးပါ။
၂။ ပြီးရင် ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်ထိနေပေးပါ။ ပြီးရင် အသက်ရှုထုတ်ပြီး ဗိုက်ကို နဂိုအတိုင်းပြန်ထားလိုက်ပါ။
၃။ ပြီးရင် အသကနည်းနည်းပဲရှုပေးပြီးထုတ်ပေးပါ။ အဲဒီနောက် အသက်ကို ခပ်ပြင်းပြင်းထပ်ရှုပြီး ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်ထိ
ဗိုက်ကို ချပ်ထားပေးပါ။ ပြီးရင် အသက်ပြန်ရှုထုတ်ပေးပါ။
၄။ ပြီးရင် အသက်ဖြည်းဖြည်းရှုပြီးထုတ်ပေးပါ။ အဲဒီနောက် စောစောကလိုပဲ အသက်ပြင်းပြင်းပြန်ရှုပြီး ကိုယ်တတ်နိုင်သလောက် ဗိုက်ချပ်ထားပေးပါ။
ပြီးရင်ပြန်ရှုထုတ်ပါ။ တစ်နေ့ကို ၅ ကြိမ်လောက်လုပ်ပေးပြီး မနက်စာမစားခင် (သို့) ညအိပ်ယာမဝင်ခင်လုပ်ပေးသင့်ပါတယ်။
——
အိပ္ေနရင္းနဲ႔ အလြယ္တကူ ျပဳလုပ္လို႔ရတဲ့ ဝမ္းဗိုက္ကအဆီေတြကို ေခ်ဖ်က္ေပးမယ့္ အသက္ရႈေလ့က်င့္ခန္း .
အိပ္ေနရင္းနဲ႔ အလြယ္တကူ ျပဳလုပ္လို႔ရမယ့္ ေလ့က်င့္ခန္းတစ္ခုကို မွ်ေဝေပးသြားပါမယ္။ စိတ္ကိုလည္း ၿငိမ္သက္ေစၿပီးေတာ့
ဝမ္းဗိုက္ကို ခ်ပ္ေပးမယ့္ ေလ့က်င့္ခန္းျဖစ္ပါတယ္။
Iron လို႔ေခၚတဲ့ ဒီနည္းစနစ္နဲ႔ ေလ့က်င့္ခန္းလုပ္မယ္ဆိုရင္ေတာ့ ဝမ္းဗိုက္က ႂကြက္သားေတြကို သန္မာလာေစမွာျဖစ္ၿပီး
၁ လအတြင္း ဗိုက္သိသိသာသာ ခ်ပ္ေစမွာပါ။ ပုံမွန္ျပဳလုပ္ဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။ တစ္ေန႔ကို ၅ ႀကိမ္လုပ္ေပးရမွာျဖစ္ပါတယ္။
မနက္ေစာေစာ မနက္စာမစားခင္ လုပ္ေပးတာဟာ ပိုၿပီးေကာင္းမြန္ပါတယ္။ အစပိုင္းမွာ ခက္တယ္လို႔ ထင္ရေပမယ့္ ေနာက္ပိုင္းမွာ
ပိုၿပီး အဆင္ေျပသြားမွာပါ။
၁။ အရင္ဆုံးေက်ာ္လွဲလိုက္ပါ။ လက္ကို ဝမ္းဗိုက္ေပၚ တင္ထားတာျဖစ္ျဖစ္ ေဘးခ်ထားတာပဲျဖစ္ျဖစ္ရပါတယ္။
ႂကြက္သားေတြကို သက္ေသာင့္သက္သာရွိေစဖို႔ ဒူးေကြးၿပီး ေထာင္ထားပါ။ ၿပီးရင္ အသက္ျပင္းျပင္းရႈၿပီး ဝမ္းဗိုက္ကို ခ်ပ္ႏိုင္
သေလာက္ ခ်ပ္ထားေပးပါ။
၂။ ၿပီးရင္ ၁၀ စကၠန႔္ကေန ၁၅ စကၠန႔္ထိေနေပးပါ။ ၿပီးရင္ အသက္ရႈထုတ္ၿပီး ဗိုက္ကို နဂိုအတိုင္းျပန္ထားလိုက္ပါ။
၃။ ၿပီးရင္ အသကနည္းနည္းပဲရႈေပးၿပီးထုတ္ေပးပါ။ အဲဒီေနာက္ အသက္ကို ခပ္ျပင္းျပင္းထပ္ရႈၿပီး ၁၀ စကၠန႔္ကေန ၁၅ စကၠန႔္ထိ
ဗိုက္ကို ခ်ပ္ထားေပးပါ။ ၿပီးရင္ အသက္ျပန္ရႈထုတ္ေပးပါ။
၄။ ၿပီးရင္ အသက္ျဖည္းျဖည္းရႈၿပီးထုတ္ေပးပါ။ အဲဒီေနာက္ ေစာေစာကလိုပဲ အသက္ျပင္းျပင္းျပန္ရႈၿပီး ကိုယ္တတ္ႏိုင္သေလာက္ ဗိုက္ခ်ပ္ထားေပးပါ။
ၿပီးရင္ျပန္ရႈထုတ္ပါ။ တစ္ေန႔ကို ၅ ႀကိမ္ေလာက္လုပ္ေပးၿပီး မနက္စာမစားခင္ (သို႔) ညအိပ္ယာမဝင္ခင္လုပ္ေပးသင့္ပါတယ္။
MYSTYLE
Be the first to comment on "အိပ်နေရင်းနဲ့ အလွယ်တကူ ပြုလုပ်လို့ရတဲ့ ဝမ်းဗိုက်ကအဆီတွေကို ချေဖျက်ပေးမယ့် အသက်ရှုလေ့ကျင့်ခန်း"