မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လျက်ရှိနေတဲ့ အရေးကိစ္စတွေကို အကြောင်းအမျိုးမျိုးကြောင့် speak out မလုပ်နိုင်တဲ့ မြန်မာ cele တွေ အမြောက်အမြား ရှိနေကြပေမဲ့ မင်မင်တို့ အောက်မှာ ဖော်ပြပေးသွားမယ့် အနုပညာရှင်တွေကတော့ ကင်မ်ချီမြေမှာ နေထိုင်ကြပြီး ကိုယ့်ရဲ့နိုင်ငံ မဟုတ်ပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြည်သူလူထုအပေါ် ကိုယ်ချင်းစာတရားနဲ့ အားပေးမှုတွေကို ပြသပေးခဲ့ကြတဲ့ လေးစားဖွယ်ရာ စိတ်ထားပိုင်ရှင်လေးတွေ ဖြစ်ကြပါတယ်။
Jay Park
မြန်မာနိုင်ငံရဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်သူ Jay Park ကလည်း မြန်မာပြည်သူလူထုကို ဘေးကင်းလုံခြုံစေဖို့ သူ့ရဲ့ Instagram story မှာ ဆုတောင်းပေးခဲ့တဲ့အပြင် လက်ရှိ မြန်မာမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြားသော ကမ္ဘာအရပ်ရပ်က လူထုကိုပါ သိရှိနိုင်အောင် speak out လုပ်ပေးခဲ့တဲ့ လေးစားဖွယ်ရာ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။
Bobby
တောင်ကိုရီးယားရဲ့ အကျော်အမော် rapper တစ်ယောက်ဖြစ်တဲ့ Bobby ကလည်း သူ့ရဲ့ official twitter account ကနေပြီးတော့ မြန်မာ့အရေးကို စိတ်ပူအလေးထားကြောင်းတွေ ပြသသွားခဲ့ပါတယ်။ တော်ရုံကို active ဖြစ်ခဲ့တဲ့ rapper ကောင်လေးဟာ မြန်မာ့အရေးမှာတော့ စိတ်ပူလွန်းနေခဲ့ပြီး fan sign မှာလည်း မြန်မာနိုင်ငံက ပြည်သူတွေအတွက် စိတ်ပူပါကြောင်း အလေးအနက်ထား ပြောကြားသွားခဲ့ပါသေးတယ်။
JB
GOT7 အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ JB ဟာလည်း မြန်မာ့အရေးအတွက် သူ့ရဲ့ instagram live ကနေတစ်ဆင့် ဆုမွန်ကောင်းတောင်းပေးခဲ့သူပါ။ သူ့ရဲ့ ဆုတောင်းစကားလေးကြောင့် မင်မင်တို့ Ahgase လေးတွေ စိတ်ဓာတ်ခွန်အား ပြည့်ဝခဲ့ရပြီး နောက်လာမယ့် မနက်ဖြန်တွေကို အားအင်အသစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မြန်မာ့အရေးမှာ စိတ်ပူပေးခဲ့တဲ့ JB လေးကိုလည်း မေ့ထားလို့မရပါဘူးနော်။
Yesung
Super Junior မှ Yesung လေးဟာလည်း မြန်မာနိုင်ငံရဲ့ ပရိသတ်တွေအတွက် အလေးအနက်ထား စိတ်ပူပေးခဲ့သူပါ။ လတ်တလောမှ အားလုံးဟာ ခက်ခဲနေကြပေမဲ့ အနိုင်ရဖို့အတွက် စိတ်ခွန်အားရှိစေဖို့၊ အားတင်းထားဖို့ သူ့ရဲ့ twitter account ကနေတစ်ဆင့် မြန်မာလူထုအတွက် ပြောကြားပေးခဲ့သူလေးပါ။
Nam Tae Hyun
Winner နဲ့အတူ မြန်မာပရိသတ်တွေ အားပေးခဲ့ကြရတဲ့ အသည်းကျော် Nammie လေးဟာလည်း မြန်မာပြည်သူလူထုအတွက် အလေးအနက်ထား စိတ်ပူပေးခဲ့သူပါ။ သူ့ရဲ့ Instagram မှာ လက်သုံးချောင်းထောင်ပြီး caption ဟာလည်း မြန်မာပရိသတ်တွေအတွက် အားတက်စေခဲ့သလို Twitch live မှာလည်း ဂရုစိုက်ကြဖို့၊ ဘေးရန်ကင်းဖို့၊ အားတင်းထားဖို့ စကားလုံးလေးတွေနဲ့ ကိုယ်ချင်းစာတရား ပြသသွားခဲ့သူလေးပါ။
Suzy
Suzy လေးရဲ့ ကိုယ်ချင်းစာတရားဟာလည်း မြန်မာလူထုအတွက် သူမကို အားပေးရကျိုးနပ်စေခဲ့ပြီး စိတ်ခွန်အားတွေ ပြည့်ဝစေခဲ့ရပါတယ်။ မြန်မာရဲ့အကြောင်းတွေကို ကြားသိရတဲ့အတွက် ဝမ်းနည်းမိကြောင်း၊ အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်ကြောင်းနဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးပါကြောင်း အလေးအနက် ပြောကြားသွားခဲ့ပါတယ်။
Chanyeol
ဒီအခိုက်အတန့်လေးကတော့ L လေးတွေနဲ့ မြန်မာက K-Popper လေးတွေအတွက် ဝမ်းသာမျက်ရည်စို့ခဲ့ရတဲ့ အခိုက်အတန့်လေးပါ။ Save Myanmar hashtag လေးနဲ့အတူ Chanyeol ဟာ Nacific အတူ မြန်မာနိုင်ငံ ဘေးကင်းစေဖို့ ဆုမွန်ကောင်းတောင်းခဲ့တာပါ။ ဒါ့ကြောင့် Chanyeol လေးဟာလည်း မြန်မာ့အရေးမှာ L လေးတွေကို စိတ်မပျက်စေခဲ့ပဲ မွန်မြတ်ဖွယ် စိတ်ထားလေးကို ထပ်မံ ပြသနိုင်ခဲ့သူလေးပါ။
Credit : Cele-Bar , Photos
Be the first to comment on "မြန်မာ့အရေးအတွက် speak out လုပ်ပေးခဲ့ကြတဲ့ ကင်မ်ချီမြေက အနုပညာရှင်များ"