ယနေ့မှာ ကျရောက်တဲ့ မွေးနေ့အလှူအဖြစ် မှော်ဘီက အိမ်ခြေ(၁၀၀)ကျော်ကို စားသောက်ကုန်ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တဲ့ မမဆောင်း

အဆိုတော်သရုပ်ဆောင် တစ်ယောက်အနေနဲ့လူသိများပြီး ပရိတ်သတ်တွေက ချစ်စနိုးနဲ့ မမဆောင်းလို့ ခေါ်ကြတဲ့ ဆောင်အိန္ဒြေထွန်းတစ်ယောက်ကတော့ ရိုးသားပွင့်လင်းပြီး ဖော်ရွေတတ်တာကြောင့် အနုပညာရှင်မောင်နှမတေပါ ချစ်ခင်ကြပါတယ်။သူမကို အားပေးကြတဲ့ ပရိတ်သတ်တွေကို မကြာခဏဆိုသလို လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပြီး သူမရဲ့ facebookစာမျက်နှာကနေလည်း liveလွင့် ကံစမ်းမဲလေးတွေလည်း ဖောက်ပေးလေ့ရှိပါတယ်။

မမဆောင်းကတော့ ယနေ့မှာကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ သူမပြုလုပ်ခဲ့တဲ့ မွေးနေ့ကုသိုလ်အလှူဒါလေးတွေကို ပရိတ်သတ်ကြီးကိုမျှဝေလာခဲ့ပါတယ်။ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာ အလှူဒါနအဖြစ် မှော်ဘီကအိမ်ခြေ ၁၀၀ ကျော်ကို စားသောက်ကုန်ပစ္စည်းတွေ လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

သူမရဲ့မွေးနေ့လေးမှာ အခုလိုလှူဒါန်းမှုတွေပြုလုပ်နေတဲ့ မမဆောင်းကို ချစ်တဲ့ပရိတ်သတ်တွေကလည်း ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်ဆိုနေမယ်ဆိုတာအမှန်ပါပဲနော်.။

အခုလိုလှူးဒါန်းရတဲ့အကျိုးအားကြာင့် မမဆောင်းတစ်ယောက် နောင်လာမယ့်နေ့ရက်တွေမှာလည်း ဒီထက်မကလှူဒါန်းနိုင်ပြီးအောင်မြင်မှုတွေကိုလည်းဒီထက်မကပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ Happy Bitrhday မမဆောင်း ။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။

Credit : YaungChi , Source : မမ ဆောင်း’s Facebook

Be the first to comment on "ယနေ့မှာ ကျရောက်တဲ့ မွေးနေ့အလှူအဖြစ် မှော်ဘီက အိမ်ခြေ(၁၀၀)ကျော်ကို စားသောက်ကုန်ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တဲ့ မမဆောင်း"

Leave a comment

Your email address will not be published.


*