အားလုံးသိစေချင်လို့ တချို့ကလဲ အထင်မြင်လွဲနေကြတဲ့သူတွေရှိနေလို့ အမှန်တကယ်ဖြစ်နေတာလေးကို ကိုယ်ကိုယ်တိုင် မနေ့က ဆေးရုံရောက်သွားတော့မှ အန်တီ့ရဲ့ ခြေနေကို တွေ့လိုက်ရမှဘဲ ငါဆိုရင်ရော ဆိုတဲ့ အတွေးလေး ဝင်လာပြီး မိုးအတွက် အခုလိုလေး ကိုယ်ချင်းစာနားလည်ပြီး အားလုံးဘအမြင်လေးရှင်းစေချင်လို့ပါ
အနိတီက ဒီလို ကုတင်ပေါ်မှာဘဲ နေပြီး နိုင်ငံခြာစမှာ သွားသွားကုနေရတာတော့ ကြာပြီပေါ့နော်။ ဒါပေမယ့် တကယ် အရေးပေါ် ခြေနေ လူစောင့်ကြည့်နေရတဲ့ အနေအထား စပြီးဖြစ်တာကတော့ january, 2021 ကထဲကပါ ဒါ့ကြောင့် အဲ့ဒီလတွေ ရက်တွေကထဲက မိုးက အနုပညာ အလုပ်တွေဆိုရင်တောင် နယ်ကို ရက်ရှည်ခရီးထွက်ရမည့် အလုပ်ဆိုရင် တောင်မလုပ်နိုင်တော့ဘဲ အန်တီ့အနားမှာဘဲ အမြဲ စောင့်ကြည့်နေရတယ် ညဘက်ဆိုလဲ မိခင်ဖြစ်သူကနာကျင်ကိုက်ကဲနေတော့ ညီးတွားသံ ကြားရပြန်တော့လဲ မိုးလဲ ဘယ်အိပ်ပျော်မလဲ
နိုင်ငံခြား မှာ သွားကုနေကြကို ကိုဗစ် ဖြစ်တော့ ပြည်ပထွက်ခွင့်မရပြန်တော့ ထွက်မကုရပြန်ဘူး။ထွက်လို့ ရပြန်တော့လဲ အန်တီက နေရာ အရွေ့အပြောင်းလေးတောင် မခံနိုင်အောင်နာကျင်စွာ ခံစားနေရတော့ သွားလို့မရတော့ပြန်
မိုးအနေနဲ့ အပြင်ထွက်ပြန်ရင်လဲ ကိုဗစ်ရောဂါ သူ့ကိုကူးလာရင် အမေ့နားမှာ အမြဲနေရသူ ကိုယ်တိုင်ပြုစုနေရသူဆိုတော့ အမေ့ကို ပြန်ကူးမှာကြောက်နေရပြန်ရော
အခု နိုင်ငံရေး မှာ လဲ သူကိုယ်တိုင် ပထမ ပိုင်းမှာ ပြည်သူနဲ့အတူ ရပ်တည်ပြီး ပါဝင်ခဲ့ပါတယ်။တတ်အားသရွေ့လဲ speak out လုပ်ပေးခဲ့တာတွေရှိပါတယ်။နောက်ပိုင်း ဘာလို့ မလုပ်တာလဲလို့ ပြောရရင်တော့ ၅၀၅ ပြသနာပေါ့ ။
မိုးသာ ၅၀၅ အထုတ်ခံရရင် ဝရမ်းထုတ်လိုက်ပြီ ဆိုတာနဲ့ ပြေးရပြီလေ အာ့ဆို ဒီအမေ ကြီးကို ဘယ်သူပြုစုမှာလဲ သူကိုယ်တိုင် ပိုက်ဆံရှာ သူကိုာ်တိုင်ပြုစုနေရသူ သူသာ ဝရမ်းကိုရှောင်နေရပြီဆို ကျောက်ကပ် ခဏခဏ ဆေးနေရပြီး ဆေးရုံပေါ် ၃ လကြာအခုချိန်ထိလဲ ဆေးရုံ ၂ ခုပြောင်းနေရတဲ့ လူမမာ မိခင် အတွက် ဘယ်သူ ပိုက်ဆံ ရှာပေးမလဲ ဘယ်သူစီစဥ် ညွှန်ကြားမလဲ
ကုန်လိုက်တဲ့ ဆေးဖိုးတွေကလဲ မနည်းလှတော့ဘူးလေ ဒီပိုက်ဆံတွေ အတွက် ဒီလိုကာလမှာ မိုးကိုယ်တိုင် စီစဥ် လှုပ်ရှားနေရတာပါ
ကျွန်မလဲ ယော်ကျား မရှိတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်လို့ ကျွန်မ သူ့နေရာကနေ အိမ်ထောင်စု မိသားစု တစ်ခုလုံးအပြင် လူမမာ မိခင်ကြီး အတွက် ရုန်းကန်လှုပ်ရှားပြီး မိခင်အတွက် အားလုံးကို မျကိစိစုံမှိတ်ပြီး နေနေရတာပါ
ပြည်သူအတွက် ကွယ်ရာ မှာ အံကြိတ် မချိတင်ကဲ ဖြစ်နေရပေမယ့်လဲ သူမရှိရင် သူ့မိခင်အတွက် အဆင်မပြေမှာစိုးလို့ သူ့ခမျာ ပရိသတ်တချို့ရဲ့ အထင်မြင်လွဲခြင်းကို ခံနေရတာပါ
အားလုံးကို နားလည်ခွင့်လွှတ်ပေးကြပါ
နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်
မိုးကိုယ်တိုင်ကလဲ ပြည်သူနဲ့ တသားတည်း ရှိပါကြောင်း အထင်မြင်မလွဲပါနဲ့လို့ တင်ပြအပ်ပါတယ်
Be the first to comment on "ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦး ပြောပြတဲ့ မိုဟေကို မိခင်ရဲ့ကျန်းမာရေးအခြေအနေ"