ဟသၤာတၿမိဳ႕ ေသာ္တာေအးရပ္ကြက္ထဲမွာ ညဘက္ဆို လူေတြဒုတ္ဓါးလက္နက္ေတြကိုင္ၿပီး ကင္းေစာင့္ေနၾကရတာ ဒီညဆို ၄ ရက္ရွိပါၿပီ။ သူတို႔ရဲ႕ ေျပာဆိုမႈအရ ကတုံးနဲ႔ လူလိုလို သရဲလိုလို တစ္ေယာက္က မိန္းခေလးေတြ ရွိတဲ့ အိမ္ေတြေပၚ တက္တယ္ ၊ လူေတြ႕လို႔ ဝိုင္းလိုက္ရင္ ေပ်ာက္သြားတယ္ဆိုၿပီး ထိတ္လန႔္ေနၾကတာပါ ။
ဒါေပမယ့္ ဒီကိစၥက သက္ေသျပဖို႔ ခက္ခဲေနၿပီး Delta News Agency က သူတက္ခဲ့တယ္ဆိုတဲ့ အိမ္ကို လိုက္စုံစမ္းရာမွာ ဘယ္သူ႔အိမ္ေပၚတက္တယ္ ၊ ဘယ္မိန္းခေလးကို ဘာလုပ္ခဲ့တယ္ဆိုၿပီး တိတိက်က် မေျပာႏိုင္ခဲ့ၾကပါဘူး ။
ၿမိဳ႕ေပၚက အမ်ားစုကလည္း အခုလို ေကာလာဟလမ်ိဳးက မၾကာခဏ ၾကားရတတ္ၿပီး ႏိုင္ငံေရးအကူးအေျပာင္းကာလေတြမွာ လူေတြကို ရည္႐ြယ္ခ်က္ရွိရွိ ေျခာက္လန႔္တာလို႔လည္း ယုံၾကည္ေနၾကပါတယ္ ။
Delta News Agency အေနနဲ႔ လက္တေလာ ျပသနာရဲ႕ ပကတိအေျခအေနကို စူးစမ္းၿပီး တင္ဆက္ထားပါတယ္
—————–
ဟင်္သာတမြို့ သော်တာအေးရပ်ကွက်ထဲမှာ ညဘက်ဆို လူတွေဒုတ်ဓါးလက်နက်တွေကိုင်ပြီး ကင်းစောင့်နေကြရတာ ဒီညဆို ၄ ရက်ရှိပါပြီ။ သူတို့ရဲ့ ပြောဆိုမှုအရ ကတုံးနဲ့ လူလိုလို သရဲလိုလို တစ်ယောက်က မိန်းခလေးတွေ ရှိတဲ့ အိမ်တွေပေါ် တက်တယ် ၊ လူတွေ့လို့ ဝိုင်းလိုက်ရင် ပျောက်သွားတယ်ဆိုပြီး ထိတ်လန့်နေကြတာပါ ။
ဒါပေမယ့် ဒီကိစ္စက သက်သေပြဖို့ ခက်ခဲနေပြီး Delta News Agency က သူတက်ခဲ့တယ်ဆိုတဲ့ အိမ်ကို လိုက်စုံစမ်းရာမှာ ဘယ်သူ့အိမ်ပေါ်တက်တယ် ၊ ဘယ်မိန်းခလေးကို ဘာလုပ်ခဲ့တယ်ဆိုပြီး တိတိကျကျ မပြောနိုင်ခဲ့ကြပါဘူး ။
မြို့ပေါ်က အများစုကလည်း အခုလို ကောလာဟလမျိုးက မကြာခဏ ကြားရတတ်ပြီး နိုင်ငံရေးအကူးအပြောင်းကာလတွေမှာ လူတွေကို ရည်ရွယ်ချက်ရှိရှိ ခြောက်လန့်တာလို့လည်း ယုံကြည်နေကြပါတယ် ။
Delta News Agency အနေနဲ့ လက်တလော ပြသနာရဲ့ ပကတိအခြေအနေကို စူးစမ်းပြီး တင်ဆက်ထားပါတယ်
Be the first to comment on "လူလိုလို သရဲလိုလို မိန်းခလေးရှိတဲ့ အိမ်တွေပေါ် တက်တတ်တဲ့ဟင်္သာတက နံမည်ကြီးနေတဲ့ ကတုံး"