လက်ရှိအချိန်ကာလမှာ လိမ်လည်အလှူခံသူတွေကို သတိပေးစကားဆိုလာတဲ့ သရုပ်ဆောင်မေပန်းချီ
မော်ဒယ်မင်းသမီးချောလေး မေပန်းချီကတော့ ယခင်ဗွီဒီယိုလောက ကတည်းက အပြုံးလှလှလေးနဲ့မင်းသမီးမို့ ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကိုပိုင်ဆိုင်ရရှိခဲ့သူဖြစ်ပါတယ်။စိတ်သဘောထားပြည့်ဝသူလေးမို့ အနုပညာရှင်းအချင်းချင်းတွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားသလို ပရဟိတစိတ်ထားပြည့်ဝသူလေးမို့ ပရိတ်သတ်တွေကလည်း ချစ်ခင်အားပေးလျက်ရှိပါတယ်။
ယခုအချိန်စားဝတ်နေရေးခက်ခဲနေဆဲ ကာလမှာ အွန်လိုင်းကနေ လိမ်လည်ပြီး အလှူခံသူတွေကို အနေနဲ့ အမှန်တကယ်အဆင်မပြေသူတွေကို စာနာတတ်စေဖို့ သူမရဲ့ facebookစာမျက်နှာကနေတစ်ဆင့် သတိပေးပြောကြားလိုက်ပါတယ်။
“တချို့ နိုင်ငံရေးကိုခုတုံးလုပ်ပြီး အမြတ်ထုတ်နေကျတဲ့ မသမာသူတချို့ သိစေရန် တစ်နေ့တစ်နေ့ cb မှာ အလှူ လာခံတာ ဒုနဲ့ဒေးပါ မှန်မှန်ကန်ကန် သူလဲ ရှိသလို လိမ်တဲ့သူလဲ အရမ်းပေါပါတယ် တချို့ ကျတော့ သူများမိသားစုပုံ ယူသုံးပြီး အလှူခံတယ် တချို့ကျ ချို့တဲ့ တဲ့ လမ်းပေါ်က လူတွေပုံကို ယူသုံးပြီးအလှုခံတယ် တချို့က အမှန်အကန် အလှူခံပေးသလို တချို့ကျတော့လဲ ကိုယ်သာ လှူလိုက်တယ် ပိုက်ဆံက ကိုယ်လှူတဲ့ စီမရောက်လိုက်ဘူး ကိုယ်လှုလိုက်တဲ့ပိုက်ဆံနဲ့ သူတို့အခက်အခဲ ကိုဖြေရှင်းတယ်
အခုအချိန် အားလုံး ခက်ခဲပါတယ် နားလည်ပါတယ်။ကျွန်မဆိုလဲ အလှူငွေ ကောက်ထားပြီး အခြေအနေအကြောင်းကြောင်းကြောင့် သွားမလှူရသေးပေမဲ့ တစ်ကျပ်တပြားမှာ ကိုယ်ကျိုး အတွက်မသုံးပါဘူး။သူများ ဖြူဖြူ စင်စင် လှူထားတဲ့ ပိုက်ဆံ သုံးမိရင်အင်မတန်ငရဲကြီးပါတယ် ဗုဒ္ဓဘာသာ တွေ ဒါလေးတွေ သိထားစေချင်တယ်။
လူတိုင်းခက်ခဲတယ် အဆင်မပြေဖြစ်တာမှန်ပါတယ်။ ရိုးသားစွာ ပြောဆိုပြီး အကူအညီတောင်းပါ။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ကိုယ်အဆင်မပြေတာ ဒီနည်းနဲ့ဖြေရှင်းတာကိုရှောင်ပါ။ တစ်ချို့ အလှူရှင်တွေဟာလဲ ရှိလို့ လှူတာရှိသလို အဆင်မပြေတဲ့ကြာထဲက ဖဲ့လှူရတာလဲရှိပါတယ်။ကျွန်မတို့လဲ ရှိလို့လှူတာမဟုတ်ပါဘူး။ ဘာအလုပ်မှမရှိတဲ့အပြင် တစ်မိသားစုလုံး တာဝန်ထမ်းနေရတဲ့သူပါ။ တစ်ဘဝစံ မဖြစ်ကျပါစေနဲ့။”
———–
Crd : YaungChi
Be the first to comment on "လက်ရှိအချိန်ကာလမှာတောင် လိမ်လည်အလှူခံသူတွေကို သတိပေးစကားဆိုလာတဲ့ သရုပ်ဆောင်မေပန်းချီ"