EPCမှဝန်ထမ်းအမတစ်ဦး၏ ပြည်သူလူထူထံသို့ အကြံပြုလွှာ..
ဓာတ်အားသုံးစွဲသူပြည်သူများရှင်ယခုလမှစ၍မီတာခများလုံးဝမဆောင်ပါနဲ့အုံးနောက်4/5လအထိမဆောင်ကြပါနဲ့မီတာခဆောင်ဖို့ငွေရှိလည်းမဆောင်ပါနဲ့။
မီတာခဆောင်မည်ငွေကိုလိုအပ်တဲ့ဆန်/ဆီဝယ်ထားကြပါမီတာခမဆောင်လို့မီးမဖြတ်ပါဘူး။
ယခင်ကိုဗစ်ဖြစ်တုန်းကနေယခုအချိန်ထိမီတာခမဆောင်ရသေးသောအိမ်တွေရှိပါတယ်မီးလုံးဝမဖြတ်ပါ။
ယခုအချိန်လည်းရုံးမှမီတာခမဆောင်လို့မီးဖြတ်မည်ဟုလာပြောလျှင်အဆင်မပြေသေး၍မဆောင်နိုင်သေးကြောင်း
bankကငွေမထုတ်ပေးကြောင်းပြေလည်စွာပြောပါဘယ်သူမှဇွတ်မဖြတ်ပါဘူး။နောက်တစ်ခါလာပြောလည်းပထမအကြိမ်တိုင်း
ပြောလွှတ်ပါဇွတ်ဖြတ်မယ်ဘာညာဆိုလျှင်ဓာတ်ပုံရိုက်ပြီးလိုင်းပေါ်တင်မယ်ဘာညာနဲ့ခြိမ်းခြောက်လွှတ်ပါအဲလိုဆိုကြောက်ကြပါတယ်
မီတာခဘယ်နှစ်လရှိရှိဒဏ်ငွေက4000သာပေးရမှာပါ5လလွန်လည်း4000ပါ။6လလွန်လည်း4000ပါ။
ဘယ်အထက်လူကြီးမှလည်းရက်ကွက်ထဲလာပြီးမီးမဖြတ်ရဲပါရက်ကွက်ထဲကအိမ်တွေကိုလည်းမီတာမဆောင်ကြသေးရန်ပြောပေးပါ။
လတ်တလောအခွန်မဆောင်ခြင်းဖြင့်ငြိမ်းချမ်းစွာဆန္ဒပြကြပါမီးလုံးဝမဖြတ်ပါဘူးပြည်သူနဲ့အတူရှိနေမှာပါ။
မီတာမဆောင်လို့မီးဖြတ်ရင်ဖြတ်ပါစေ။မစိုးရိမ်ပါနဲ့။ရှင်းပြပါ့မယ်။အိမ်၁၀အိမ်ရှိရင်၊မီးအားက၁၀ရှိတယ်ထားပါ။
တစ်အိမ်ကို၁.ဝမီးအားရပါတယ်။အဲ့ဒီထဲကမှ၅အိမ်မဆောင်လို့မီးဖြတ်ရင်၊ကျန်တဲ့၅အိမ်မှာမီးအားက၂.ဝစီဖြစ်သွားပါလိမ့်မယ်။
၁၀အိမ်မှ၉အိမ်မဆောင်ရင်၊ကျန်တဲ့တစ်အိမ်က၁၀.ဝဖြစ်သွားပါလိမ့်မယ်။မီးအားက250Vဖြစ်သွားရင်တောင်၊အိမ်သုံးပစ္စည်းတွေလောင်တော့မှာပါ။
အဲ့တော့ကိုယ်တွေကမီးပဲပြတ်တာ၊Gen.lee တွေကပစ္စည်းတွေပါလောင်ပါလိမ့်မယ်။
၁၀အိမ်လုံးမဆောင်လို့အကုန်ဖြတ်ရင်၊EPCရုံးကြီးကြွပါလိမ့်မယ်။ဓါတ်အားတွေကိုထိမ်းထားလို့၊သိမ်းထားလို့မရပါဘူး။
ပြည်သူတွေအားလုံးမဆောင်လို့၊အကုန်လုံးကိုမီးဖြတ်ရင်၊လျှပ်စစ်မီးအလကားထိုင်သုံးနေတဲ့စစ်တပ်ရုံးတွေရော၊
အိမ်ယာတွေရော၊သူခိုးကြီးတွေရဲ့အိမ်တွေရောအကုန်လုံးဝါယာရှော့ဖြစ်ပြီးကုန်ပါလိမ့်မယ်။
———
Be the first to comment on "EPCမှဝန်ထမ်းအမတစ်ဦး၏ ပြည်သူလူထူထံသို့ အကြံပြုလွှာ.."
Leave a comment
Your email address will not be published.
*