လူသားဟာလူသားမဆန်လေသောအခါ
လူအတော်များများကအပြုသဘောထက် ဝင်ဆွမ်းကြီးလောင်းလိုက်ရဆိုတဲ့စိတ်ဓာတ်ရှိတာတွေ့ရတယ်။
စပိန်ကမ်းခြေကိုရောက်လာတဲ့ ဆီနီဂေါနိုင်ငံက ဒုက္ခသည်တစ်ယောက်ကို အသက် ၂၀ အရွယ် ကြက်ခြေနီဗော်လန်တီယာမလေးက ဖက်လိုက်ပါတယ်။
ဒီကလေးမလေးရဲ့ ဖက်လိုက်ခြင်းဟာ ဒုက္ခအရမ်းရောက်ပြီးစိတ်ဓာတ်ကျနေသူတစ်ယောက်ကို humanity လို့ခေါ်တဲ့ လူသားဆန်စွာနဲ့ဖက်ပြီးနှစ်သိမ့်လိုက်ခြင်းပါ။
ဒါပေမယ့်ဒီပုံကို ကြက်ခြေနီအသင်းရဲ့ဆိုရှယ်မီဒီယာမှာတင်ပြီး နာရီပိုင်းအကြာမှာ ကြက်ခြေနီကလေးမလေးလူနာရေးရက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ မိုက်မိုက်ရိုင်းရိုင်းဝိုင်းပြောဝိုင်းစော်ကားကြတော့တာပဲ။
အဲ့ဒါကို သူ့ Friend list ထဲကလူအတော်များများက ပြန်မပြောကြပဲ လက်ပိုက်ကြည့်နေပါတယ်။
လူဆိုတဲ့အမျိုးက မတရားမှုမှန်သမျှကို “#ငါ့ကိုပြောနေတာမှမဟုတ်တာဆိုပြီး” လက်ပိုက်ကြည့်နေလေ့ရှိလို့ ယနေ့ကမ္ဘာကြီးမှာမတရားမှုတွေကြီးစိုးနေတာပါ။
လူသားဟာ လူသားမဆန်တော့တဲ့အခါမှာ တိရိစ္ဆာန်ကမှလူသားထက်ပိုသာပါသေးတယ်။
ဗော်လန်တီယာအနေနဲ့ လူသားတွေကောင်းကျိုးအတွက်လုပ်နေသူတွေဟာ support လိုအပ်ပါတယ်။ တစ်ချို့ဆယ်လီတွေလို ငွေရလို့လုပ်နေတာမဟုတ်ပါဘူး။
ပေးဆပ်မှုစိတ်ဓာတ်နဲ့အလုပ်လုပ်နေကြတာပါ။ အဲ့ဒီစိတ်ဓာတ်ကျသွားရင်သူလုပ်နေတဲ့ ဗော်လန်တီယာအလုပ်ကိုစွန့်လွှတ်သွားမှာပါ။
အခုလို ဆိုရှယ်မီဒီယာမှာဝိုင်းအစော်ကားခံရတဲ့အခါမှာ ကြက်ခြေနီကလေးမလေးလူနာရေးရက်ဟာ ဆိုရှယ်မီဒီယာကို private လုပ်ပြီး စိတ်ဓာတ်အကြီးအကျယ်ကျသွားပါတယ်။
စပိန်တီဗီသတင်းက အဲ့ဒီအကြောင်းကို တင်လိုက်တဲ့အခါမှာ လူသားဆန်တဲ့လူတွေဟာ သူ့အကောင့်မှာ သူ့ဘက်ကဝင်ဖိုက်ကြပါတယ်။
အဲ့လိုအပြန်အလှန်ဝင်ပြောကြ ဖိုက်ကြရင်းနဲ့ အစကများပြားတဲ့စော်ကားသူတွေကို ပြန်ဆော်တဲ့လူအုပ်ကြီးကပိုအင်အားများလာပါတယ်။
မတရားတဲ့ဘက်ကအရေးနိမ့်သွားပြီး ဥရောပတခွင်ကပါ ကြက်ခြေနီကလေးမလေးလူနာရေးရက်ဘက်ကဝင်ရပ်တည်အင်အားဖြည့်ကြပါတယ်။
ဝင်စော်ကားသူတွေရဲ့ သိက္ခာမြောင်းထဲရောက်သွားပြီး မတရားမှုကိုအားလုံးဝိုင်းတွန်းလှန်နိုင်ခဲ့ပါတယ်။
တကယ်တော့အသားအရောင်၊ လူမျိုး၊ဘာသာတွေဆိုတာဟာ အပြင်ပန်းသာဖြစ်ပြီး လူအရိုးစုတစ်ခုကနောက်အရိုးစုတစ်ခုကိုဖက်ပြီးနှစ်သိမ့်နေတာလို့ မြင်တတ်ကြဖို့ကအဓိကပါ။
ပရဟိတအများအတွက်လုပ်နေသူတွေကိုစော်ကားရင် လက်ပိုက်ကြည့်မနေကျပါနဲ့။
လက်ပိုက်ကြည့်နေရင်လူမဆန်တဲ့တိရိစ္ဆာန်အသိုင်းအဝိုင်းဖြစ်သွားလိမ့်မယ်။
Crd: Richard Myo Thant
Be the first to comment on "လူသားဟာ လူသားမဆန်လေသောအခါ…"