လက်ရှိအချိန်မှာ ပြည်သူ့ဘက်တော်သားအနုပညာရှင်တွေဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်ရင်း ဒီမိုကရေစီတိုက်ပွဲကို ပြည်သူတွေနဲ့အတူ တိုက်နေခဲ့ပါတယ်။ အရင်ကလို အလှပုံလေးတွေတင်ပြီး ပွဲတက်ကာ ကျော့ကျော့မော့မော့လေးမနေနိုင်တော့ဘဲ အဆင်ပြေတဲ့နေရာတွေကိုပြောင်းရွှေ့ရင်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ သူတို့ဘဝတွေဟာလည်း တကယ်ကိုသနားစရာကောင်းပါတယ်။
ဦးခင်လှိုင်နဲ့ သဇင်ထူးမြင့်တို့သားအဖဟာ ဆန္ဒထုတ်ဖော်ပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သလို အလှူအတန်းတွေလည်းအများကြီးလုပ်ခဲ့တာကြောင့် လတ်တလောမှာတော့ နှစ်ယောက်လုံး ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရပါတယ်။
တိမ်းရှောင်နေရင်းလည်း သတင်းတွေကိုအဆက်မပြတ်တင်ပေးနေတဲ့ သဲဟာ သူမရဲ့ပရိသတ်တွေကိုလည်း သူမဘေးကင်းတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ သဲကိုချစ်ကြတဲ့ we love တွေဟာ သူတို့ရဲ့အချစ်တော်လေးကိုအလွမ်းပြေအဖြစ်နဲ့ fan page မှာ သဲရဲ့ပုံတွေကို တင်လေ့ရှိပါတယ်။
ဒီနေ့မှာတော့ သူမရဲ့အလှပုံအောက်မှာ ” သဲရဲ့ဖန် သဲကိုချစ်လို့ဆိုပေမယ့် အားလုံးဒီချိန်မှာ စိတ်ပင်ပန်းပြီး စိတ်ဆင်းရဲနေကြလို့ ပုံလေးတွေ မတင်ပါနဲ့လားဟင် သဲကိုယ်တိုင်အနူးညွတ်တောင်းဆိုတာပါ ပုံတွေတက်လာနေတာ သဲတို့တွက်လည်း အဆင်မပြေပါဘူးရှင် ” ဆိုပြီး သဲကမှတ်ချက်ဝင်ပေးခဲ့ပါတယ်။
Gen Z တစ်ယောက်ဖြစ်သလို ခံယူချက်နဲ့ပြတ်သားတဲ့စိတ်ဓာတ်ကြောင့်လည်း သူမရဲ့ပရိသတ်တွေက အချစ်ပိုခဲ့ရပါတယ်။ သူမရဲ့မှတ်ချက်အောက်မှာလည်း ထောက်ခံကြတဲ့မှတ်ချက်တွေအများအပြား ဝင်ပေးခဲ့ကြပါတယ်။
အလှပုံတွေမတင်လည်း ပြည်သူနဲ့အတူရပ်တည်တဲ့ ပြည်သူ့ဘက်တော်သား အနုပညာရှင်တွေကို ပြည်သူတွေက အသိအမှတ်ပြုချစ်ခင်လေးစားနေမှာ အသေအချာပါပဲ။ ရောက်တဲ့နေရာတိုင်းမှာဘေးကင်းပြီး အန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးပါတယ်သဲလေးရေ။
သတင်းအရင်းမြစ်: Thazin Htoo Myint’s FB Acc
Be the first to comment on "အားလုံးမပျော်နိုင်တဲ့အချိန်မှာ သူမအလှရဲ့ပုံတွေကိုမတင်ကြဖို့ we love တွေကို အနူးအညွတ်တောင်းပန်ခဲ့တဲ့ သဇင်ထူးမြင့်"