တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း 20.5.2021 မှ 26.5.2021

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း အနည်းငယ်စိတ်ရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ လူကြီးမိဘတွေအတွက်ပူပန်ရမဲ့ ကာလတစ်ခုပါပဲ။ကျန်းမာရေးအားနည်းနေတဲ့မိဘတွေကို ဂရုစိုက်ပေးပါ။ စိတ်ကူးထားတာတွေ လက်တွေ့အကောင် အထည်မဖော်သင့်ပါဘူး။ ဖြစ်ချင်တာတွေဖြစ်လာဖို့အချိန်ယူစောင့်ဆိုင်းရပါလိမ့်မယ်။ ငွေကရှာရလွယ်နေရင် တောင်မှ အကုန်အကျတွေကလဲ အထူးများနေတတ်ပါတယ်။

တာဝန်ယူချင်စိတ်ပျောက်ပြီးတော့ ကိုယ်လွတ်ရုန်းချင် စိတ်တွေ များနေတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေလဲ မဖြစ်မနေမို့ သွားနေရတတ်ပါတယ်။ မင်းအစိုးရ၊ဉပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်တွေကို လုပ်ထားမိရင်တတ်နိုင်သလောက် သတိနဲ့နေထိုင် သွားလာပါ။ စီးပွားရေးနဲ့ပတ်သက် ပြီးလုပ်နေကျအလုပ်ကလွဲလို့ အသစ်လုပ်တာမျိုး၊ မလုပ်ဘူးတဲ့အလုပ်တွေ လုပ်တာမျိုးတွေအထူးရှောင်စေချင်ပါ တယ်။

ဒီကာလမှာ အိမ်ပြောင်း၊နေရာပြောင်းတွေလဲ ကြုံရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်တာ မျိုးတွေ၊ဒါမှမဟုတ် အိမ်ထောင်ဘက်က ခရီးလွန်နေတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ ချစ်သူက ကိုယ့်ကို ဂရုမစိုက်တာ၊ အချစ်လျော့နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ မိမိကျန်းမာရေးအတွက်တော့ အထူးစိတ်ပူဖို့မလိုသေးပါဘူး။ ပညာရေးအတွက် ရတက်မအေးဖြစ်ရတတ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၅
အထူးဟော အလုပ်ရှုပ်ပြီး စိတ်ညစ်စရာတွေများနေတတ်ပါတယ်။
ယတြာ ဆပ်ပြာမွှေး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။

တနင်္လာ

ဒီကာလမှာ စိုးရိမ်စရာရှိတာက မိသားစုဝင်တစ်ဦးတစ်ယောက်ဒုက္ခရောက်တာမျိုး၊ အလုပ်ပြုတ်တာမျိုးတွေ မြင်ရကြားရတတ်ပါတယ်။ အလုပ်တွေများနေတာကြောင့် ပိတ်ရက်တွေတောင် အနားမရဘဲ လုပ်နေရတတ်တဲ့ ကာလပါပဲ။ ကျန်းမာရေးကိုတော့ မပေါ့သင့်ပါဘူး။ ကူးစက်ရောဂါတွေဖြစ်လွယ်ပါတယ်။ လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သလောက်မသွားဘဲနေနိုင်ရင်ပိုကောင်းပါတယ်။

အလုပ်တွေ တိုးတတ်လာတဲ့ကာလဖြစ်တာမို့ အလုပ် အော်ဒါ တွေများလာတာ၊ဖောက်သည်သစ်တွေတိုးလာတာမျိုးတွေကြုံနေရတတ်ပါတယ်။ ငွေကြေးကံ မြင့်မားနေ ပေမယ့် ဝယ်ချင်တာတွေလဲ ရှိတာမို့လက်ထဲငွေကတော့ မမြဲနိုင်ဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး ငွေကစားတာမျိုးတွေ၊ ငွေကြေးလဲလှယ်ပေးတာမျိုးတွေသတိနဲ့လုပ်ပါ။ လူငယ်များ မိဘက ဟိုမသွားရ၊ဒီမသွားရနဲ့ တားမြစ်နေတာကြောင့် စိတ်ကျဉ်းကြပ်ပင်ပန်းတယ်လို့ ထင်နေတတ်ပါတယ်။

အလုပ်ရှာနေသူများ မိမိနဲ့သင့်တော် တဲ့အလုပ်နေရာတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အပူကိစ္စတွေများနေတတ်ပါတယ်။ အိမ်ထောင် ဘက်နဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေကြုံနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကအလုပ်များနေတာမို့ မိမိကို အဆက်အသွယ်လုပ်တာ နည်းနေပါလိမ့်မယ်။ ပညာရေးမှာတော့ ကိုယ်တိုင်က သင်ယူလိုစိတ်၊သင်ကြားလိုစိတ် ကင်းဝေးနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၆/၀
အထူးဟော ကျန်းမာရေးအနည်းငယ်အားနည်းနေတတ်ပါတယ်
ယတြာ ပဲပလာတာ ဘုရားကပ်ပါ

အင်္ဂါ

စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ အောက်လက်ငယ်သား၊သားသမီးတွေကြောင့် မိမိတို့ဂုဏ်တတ် တာမျိုးတွေကြုံရတတ်ပါတယ်။ ဝယ်လိုတဲ့ အိုင်တီပစ္စည်းများ ဝယ်လို့ကောင်းတဲ့ကာလပါပဲ။ စူးစမ်းလိုစိတ်များတဲ့ သူတွေ၊ အမြဲတမ်းအလုပ်အပေါ်ဆင်ခြင်သုံးသပ်နေတဲ့သူတွေကတော့ အခွင့်အလမ်းကောင်းတွေကိုဖမ်းဆုပ်ယူနိုင် ပါလိမ့်မယ်။ နေ့ချင်းပြန်ခရီးတိုလေးတွေသွားနေရတတ်ပါတယ်။

ကောင်းသောခရီး ၊အဆင်ပြေသောခရီးတွေဖြစ်ပါ လိမ့်မယ်။ လေးလေးနက်နက် တွေးတောလုပ်ကိုင်ရတဲ့ အလုပ်တွေဒီကာလမှာ အထူးဦးစားပေးလုပ်ကိုင်လိုက်ပါ။ လူမှုရေးကိစ္စတွေမှာ အားကောင်းနေတတ်သလို ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်လာတတ်ပါတယ်။ ကြွား ဝါတာမျိုးတွေ၊လူအထင်ကြီးစေချင်တဲ့စိတ်ကြောင့်အတွင်းရေးထုတ်ဖော်ပြောမိတာမျိုးတွေတော့ရှောင်ပါ။ ကိုယ့် သေတွင်းကိုယ်တူးသလိုဖြစ်သွားတတ်ပါတယ်။

စုတ်ကိစ္စအရှုပ်အထွေးတွေ ဝင်လာတတ်ပါတယ်။ တတ်နိုင်သ၍ ကင်းကင်းရှင်းရှင်းနေနိုင်ဖို့လိုပါတယ်။ ကျန်းမာရေး အားနည်းတာမျိုးမတွေ့ရပါဘူး။ ကျန်းမာရေးအားကောင်းနေ တတ်ပါတယ်။အချစ်ရေးမှာ လူကြီးမိဘတွေရဲ့အနှောင့်အယှက်တွေ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်ပြေချောမွေ့တာများပါတယ်။ ပညာရှာနေသူများ ကိုယ်တိုင်က အသစ်အသစ်တွေကိုပဲသင်ချင်စိတ်ဖြစ်နေရ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၇
အထူးဟော ကံမြင့်မားနေမည်
ယတြာ..အသုပ်စုံဘုရားကပ်လှူလိုက်ပါ..

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်းအလုပ်အကိုင်စီးပွားတွေတိုးတတ်လာနိုင်ပါတယ်။ မိမိဖြစ်ချင်တာတွေ ဖြစ်လာနိုင်တဲ့ကာလ ပါပဲ။ စိတ်ချမ်းသာစရာကိစ္စတွေများနေတတ်ပါတယ်။ လူသိများတာ၊ကျော်ကြားတာ၊သတင်းကောင်းနဲ့ ကျော်ကြား တာမျိုးတွေရှိလာတတ်ပါတယ်။ ကြားကနေ ညှိနှိုင်းပေးတာတွေ အကျိုးဆောင်ပေးတာတွေ လုပ်ရတတ်ပါတယ်။ ပွဲစားအလုပ်များအထူးအားကောင်းနေတတ်ပါတယ်။

ငွေရှာရလွယ်ပေမဲ့ အလှူအတန်းကိစ္စတွေကြောင့်ငွေကုန်လူ ပန်းဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီကြောင့် အလုပ်ကောင်းတွေရလာ တတ်ပါတယ်။ ရွှေဝင်လာတတ်ပါတယ်။ ရပ်ဝေးကနေ မိမိကြားချင်နေတဲ့သတင်းကောင်းတွေကြားလာရတတ်ပါ တယ်။စိတ်ကူးတွေထဲမှာတော့ တွေးထားပြီး လက်တွေ့မလုပ်ဖြစ်သေးတဲ့အလုပ်တွေ စတင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။

ကျန်းမာရေးကံအားကောင်းပါတယ်။ ဒါပေမယ့် အရက်သောက်တတ်သူများဒီကာလမှာ သတိထားရမယ်။ အရက် ကြောင့် ရောဂါဖြစ်လာတတ်လို့ပါပဲ။ အချစ်ရေး စန်းအားကောင်းနေတဲ့အတွက် ချစ်သူခင်သူပေါများတာတွေ ဖြစ်ရတတ်ပါတယ်။ချစ်သူသစ်တွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးလဲ စိတ်ချမ်းသာရမယ့် ကာလပါပဲ။ ပညာ ရေးအတွက် စိတ်အေးချမ်းရမယ့်ကာလတွေလဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း..၁/၉/၄
အထူးဟော ပျော်စရာအချိန်တွေပဲဖြစ်ပါတယ်။
ယတြာ..အကြော်စုံဘုရားကပ်လှူလိုက်ပါ

ကြာသပတေး

စိတ်ပူစရာအနေအထားမဟုတ်ပေမဲ့ ဒီကာလဟာ အဘက်ဘက်ကကံအင်အားနည်းပါးနေတာကိုမြင်ရပါ တယ်။အထူးသဖြင့် ငွေကြေးစီးဆင်းမှုအပိုင်းအားနည်းချက်များတာကိုတွေ့ရတတ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီး လုပ်တော့လုပ်ရပါရဲ့ လုပ်အားခကြန့်ကြာတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ အတိတ်က မိတ်ဆွေတွေ ဆီကနေတော့ အဆက်အသွယ်တွေရလာတတ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုအပိုင်းတွေအားနည်းတာမို့ ဒီကာလမှာ ဘာမှ ရင်းနှီးမြုပ်နှံမှုတွေမလုပ်ပါနဲ့။ ခက်ခဲနေတဲ့ဆရာသမားတွေကို ကူညီပေးရတတ်ပါတယ်။ ပရဟိတလုပ်နေကြတဲ့သူ တွေကတော့ အညံ့တွေကြားတွေက ကံကောင်းမှုတွေကြုံနေရတတ်ပါတယ်။ စိတ်ပင်ပန်းစရာတွေများနေတော့ တတ်နိုင်သလောက်စိတ်ကိုဖြေလျော့သင့်တဲ့ကာလပဲဖြစ်ပါတယ်။ ကျန်းမာရေး အညံ့အဆိုးသိပ်မရှိပေမဲ့ ဝမ်းဗိုက် အစာအိမ်အားနည်းချက်ရှိပါတယ်။

အစားမှားလို့မဖြစ်တဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးကံကတော့ အားကောင်း နေတဲ့ ကာလပါပဲ။ ချစ်သူအတွက် အချိန်ပေးနိုင်ဖို့တော့လိုအပ်ပါတယ်။ချစ်သူနဲ့စိတ်ချင်းဆက်နေတဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်ရမဲ့ကာလပါပဲ။ ပျော်ရွှင်တဲ့မိသားစုဘဝကိုရလွယ်နိုင်တဲ့ကာလပဲဖြစ်ပါ တယ်။ပညာရေးမှာတော့ ဒီကာလဟာအားနည်းချက်များပါတယ်။ ပညာရေးမှာ သင်ကြားပေးရသူရော၊ သင်ယူနေ တဲ့ကျောင်းသားရော ပညာရေးအတွက်စိတ်ရှုပ်နေရချိန်ပါပဲ။

အကျိုးပေးဂဏန်း ၂/၃/၉
အထူးဟော ကံအနည်းငယ်ညံ့ဖျင်းနေတတ်ပါတယ်
ယတြာ မှိုနဲ့ကန်စွန်းရွက် ကြော်ပြီးဘုရားကပ်ပါ

သောကြာ

ဒီကာလမှာ ကြိုတင်ကြံရွယ်ပြီးလုပ်ဆောင်တဲ့အလုပ်တွေက အဆင်မပြေဖြစ်ရတတ်ပါတယ်။ဘာလုပ်လုပ် မီးစင်ပြီးကမှအဆင်ပြေတတ်ပါတယ်။ Plan ချပြီးလုပ်လေလေအလွဲအချော်များလေပါပဲ။ ခရီးရှည်တွေသွားဖို့ စီစဉ် ထားရင်ပြတ်သွားတတ်ပါတယ်။ ဒီကာလအတွင်း စကြုံလာတဲ့ အလုပ်သစ်၊စီးပွားသစ်၊လမ်းကြောင်းသစ်တွေက ထူးခြားတဲ့တက်လမ်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။

မိသားစုအတွက် ငွေကုန်စရာလေးတွေပေါ်လာရတတ်ပါတယ်။ မိမိ အတွက်ထက် အများအတွက်စိတ်ရောကိုယ်ပါကူညီပေးရတတ်ပါတယ်။ အိမ်ခေါင်းရင်းဘက်ကမီးဖွားတဲ့သတင်း တွေကြားလာရင်တော့ ထီထိုးလိုက်ပါ။ လူငယ်များ လူကြီးမိဘတွေဆီက အကူအညီတွေအထောက်အပံ့တွေရလာ တတ်ပါတယ်။ စိတ်ထဲ မတင်မကျဖြစ်စရာ ဆုံးဖြတ်ရခက်စရာအနေအထားလေးတွေကြုံရတတ်ပါတယ်။

စန်းအား ကောင်းနေတော့ လူချစ်လူခင်များပြီးမိတ်ဆွေတွေတိုးပွားလာနိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့အထူး အားနည်းနေတာကိုတွေ့ရပါတယ်။ အချဉ်တွေအစားများပြီးဝမ်းပျက်ဝမ်းလျောဆိုတာမျိုးဖြစ်တတ်ပါတယ်။ အချစ် ရေး မှာတော့ ချစ်သူနဲ့ စိတ်ကူးက အစ တစ်ထပ်တည်းကျနေတာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးအားနည်း ချက် တွေများနေရတတ်ပါတယ်။ အိမ်တွင်းရေးအပူရှိနေတတ်ပါတယ်။ ပညာရေးမှာတော့ ငွေကြေးရင်းနှီးမှုများတဲ့ ပညာ ရပ်တွေကိုအကုန် အကျခံသင်နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/၆
အထူးဟော ထင်သလောက်တော့မလွယ်ကူတဲ့ကာလပါ
ယတြာ…သရက်သီး ဆယ်စိပ်ဘုရားလှူပါ

စနေ

အလုပ်ကို ဘယ်လိုအားထည့်ပြီးလုပ်မလဲဆိုတာမျိုးတွေးထား၊စဉ်းစားထားပါ။ အလုပ်အကိုင်အခွင့်အလမ်း သစ်တွေရလာတတ်ပါတယ်။စီးပွားရေးပြန်လည်ဦးမော့လာတတ်ပါတယ်။ အလုပ်အတွက် အချိန်ပေးဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ချဲ့ထွင်ထားတဲ့အလုပ်တွေ၊ ရပ်ဝေးကအလုပ်တွေအဆင်ပြေလာတတ်ပါတယ်။ မိမိဝန်ထမ်းတွေကို အားထားရမဲ့ကာလပါပဲ။

ဘာလုပ်လုပ် လူငယ်တွေနဲ့တိုင်ပင်ပြီးလုပ်ကြည့်တာက ပိုမိုအဆင်ပြေတတ်ပါတယ်။ နေရာအပြောင်းအလဲ ရှိနေမည်။ မိသားစုတွင် ခြံ၊ ကား၊ အခန်းနှင့် ပတ်သက်၍ စကားပြောဆိုရတတ်သည်။ စကားပြောဆိုမှုများ အောင်မြင်မည်။ ကံတတ်လမ်းပွင့်မည်။ မိတ်သစ်၊ ဆွေသစ် တိုးပွားမည်။ ခရီးဝေး၊ အရပ်ဝေး သွားရောက်ရန် ရည်ရွယ်ချက်များ ရှိပါက ယခုကာလများအတွင်း အလိုရှိရာ စီစဉ်ဆောင်ရွက်ပါ။ အမျိုးသမီး မိတ်ဆွေ၊ အကြီးအကဲ အကူအညီကောင်းများ ရရှိမည်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူကမိမိအပေါ် စိတ်ပျက် နေတတ်ပါတယ်။ ချစ်သူကို သံသယတွေနဲ့ပြောဆိုတာမျိုးတွေတတ်နိုင်သလောက်ရှောင်ပါ။ အိမ်ထောင်ရေးမှာ တော့ စိတ်ညစ်စရာမရှိပေမဲ့ အိမ်ထောင်ဘက်ရဲ့အမျိုးတွေက စိတ်ဒုက္ခပေးတတ်ပါတယ်။ ပညာရေးမှာတော့လိုချင် နေတဲ့ပညာရေးတွေ သင်ခွင့်ရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ပူစရာမရှိပါဘူး။ အကြောတတ်စေမယ့် သွေးတိုးစေမယ့်အစားသောက်တွေရှောင်ဖို့ပဲလိုပါတယ်။

အကျိုးပေးဂဏန်း ၄/၅/၀
အထူးဟော အလုပ်တွေကောင်းလာမယ်..
ယတြာ လက်ဖက်သုပ်ဘုရားကပ်လှူပါ

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 09 44 5555 695

Be the first to comment on "တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း 20.5.2021 မှ 26.5.2021"

Leave a comment

Your email address will not be published.


*