အိမ်မှာကြောင်တစ်ကောင်ရှိရင် ဒီနမိတ်တွေ သိထားပါ
ကြောင်နိမိတ်
၁။ အပျိုတွေ ကြောင်မြီး တက်နင်းမိရင် ကျိန်ဆဲခံရလို့ အဲ့နှစ် လင် မရပါဘူး။
(ရှပ်ပြာ ရှပ်ပြာ သွားတတ်သူများ တစ်နှစ်တစ်ခါနင်းရင်း ဟိုင်း သွားတတ်ပါတယ်။)
၂။ အိမ်မှာ ကြောင်မဲမွေးရင် အဲ့အိမ်က အပျိုတွေ ချစ် ကံခေတတ်ပါတယ်။
၃။ အိမ်ကအထွက် နောက်က ကြောင်လိုက်လာရင် ငွေရှာခိုင်းတာပါ။
အဲ့လူ ငွေရလာတတ်ပါတယ်။
၄။ ကြောင်တွေ ခြံရှေ့ အိမ်ရှေ့ ငုတ်တုတ်ထွက်ထိုင်နေရင် ငွေလာပေးမယ့်သူ မျှော်တာပါ။
၅။ အိမ် ဆောက်နေကတည်းက ခြံထဲ ကြောင်ထည့်မွေးပါ။
အဲ့အိမ် တော်ရုံ ကြွက်မလာပါဘူး။
၆။ အိမ်မှာ ကြောင်နက်ရှိရင် မျက်စေ့စွန်တဲ့အခါ သူ့အမြီးနဲ့ ပွတ်ပေးပါ။
နုရင် ပြန်ပျောက်ပါတယ်။
၇။ ကြောင်ချီပြီး ချောင်း၊ မြောင်း မကူးရပါဘူး။
ကိုယ်ပါ ရေနစ်တတ်ပါတယ်။
၈။ ကြောင်တွေ နားရွက် ခဏခဏကုတ်ရင် ၊ မျက်နှာပွတ်ရင် ဧည့်သည်မျှော်တာပါ။ လာတတ်ပါတယ်။
၉။ ကြောင်ကို ရေချိုးရင် သူက ပြန်ကျိန်ဆဲတတ်လို့ မိုးရွာတတ်ပါတယ်။
၁၀။ ကြောင်နှာချေရင် ငွေဝင်တတ်ပါတယ်။
ခဏခဏ ချေရင်တော့ အိမ်သား တစ်ယောက်ယောက် ဖျားတတ်ပါတယ်။
၁၁။ အိမ်သစ်ပြောင်းရင် လူ့ အရင် ကြောင် ပေးဝင်လိုက်ပါ။
အဲ့အိမ် အကျိုးပေးပါတယ်။
၁၂။ ကြောင်တွေ ခြေလေးဖက်လုံးသိမ်းပြီး ကျုံ့ကျုံ့လေး ထိုင်ရင် ရာသီဥတု အေးပါတယ်။
ပိုးလို့ပက်လက် အိပ်ရင်တော့ ရာသီဥတု ပူပါလိမ့်မယ်။
၁၃။ ကြောင်တွေ နံရံ၊ လိုက်ကာတွေကို ခဏခဏ ကုတ်ရင် လေခေါ်တာပါ။
လေတိုက်လာတတ်ပါတယ်။
၁၄။ ကြောင်လေးကောင်မွေးရင် စီးပွားတတ်ပါတယ်။
ငွေများများ ရတတ်ပါတယ်။အထီးချည်း မွေးရင် ပိုအကျိုးပေးပါတယ်။
၁၅။ ကြောင်ကို သရဲပူးလွယ်ပါတယ်။
ညကြီးမင်းကြီး လန့်ပြီး ကိုယ့်အကပ် မခံရင် ကပ်ပါလာတတ်လို့ သတိထားပါ။
၁၆။ အိမ်မှာကြောင်ရှိရင် ပညာသည်တွေ တိုက်ခိုက်တာကို အကာအကွယ် ဖြစ်ပါတယ်။
နုညံ့တဲ့ သတ္တဝါမို့ လူအစား သူတို့ ခံရတတ်ပါတယ်။
၁၇။ သခင် နာမကျမ်းဖြစ်ရင် ကြောင် ထွက်ပြေးတတ်ပါတယ်။
သို့သော် ပြေးခဲပါတယ်။ ကိုယ်စား သေသွားကြတာ များပါတယ်။
၁၈။ ကြောင်တွေ သစ်ပင်တွေ ပန်းတွေကြား ခဏခဏ ငေးမော နေရင် မမြင်ရတဲ့ နတ်ငယ်လေးတွေ ကြွလာလို့ပါ။
၁၉။ ကြောင်တွေ မျက်လုံးအပြူးသား ငေးနေရင်၊ ကွယ်ဝှက် ပုန်းနေရင် နာနာဘာဝ တွေ့လို့ပါ။
၂၀။ ကြောင်ကိုသတ်ရင် သူ့ သက်တမ်းစေ့လို့ သေမယ့်အချိန်ထိ သတ်တဲ့လူ ဒုက္ခရောက်ပါတယ်။
ခရက်ဒစ်
Be the first to comment on "အိမ်မှာကြောင်တစ်ကောင်ရှိရင် သိထားသင့်တဲ့ နိမိတ်များ .."