Outline VPN တစ်ခုကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ ?

Outline VPN Server ကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ ?

အခုခေတ် အခြေအနေအရ တချို့ App တွေ ၊ ဝက်ဘ်ဆိုက်တွေကို ကြည့်လို့ မရတဲ့အတွက် VPN တွေကို အသုံးပြုနေကြရပါတယ်။ VPN အများစုကို အခမဲ့ အသုံးပြုလို့ရပေမယ့် အမြန်နှုန်းကန့်သတ်တာတွေ၊ အချိန်ကန့်သတ်တာတွေရှိပါတယ်။ အခကြေးငွေပေးမှပဲ ကန့်သတ်ချက်တွေ မရှိတာပါ။ အဲဒီလို အကန့်အသတ် မရှိဘဲ မြန်မြန်ဆန်ဆန်နဲ့ အင်တာနက် သုံးဖို့အတွက် ကိုယ်ပိုင် VPN Server ၁ ခု တည်ထောင်နည်းကို ပြောပြချင်ပါတယ်။

အဲဒါကတော့ Outline VPN ဖြစ်ပါတယ်။ Getoutline.org ကို သွားပြီး Outline Manager ကို သင့် ကွန်ပြူတာမှာ Download လုပ်ပါ။ Windows , Linux , Mac အတွက် Version တွေ ရှိပါတယ်။ Outline Manager က VPN Server အနေနဲ့ သုံးမယ့် Cloud ထဲက Server နဲ့ ချိတ်ပေးတဲ့ အလုပ်ကို လုပ်တယ်။ ဒါ့အပြင် Server ကို တခြား Device ချိတ်ပြီး VPN အနေနဲ့သုံးနိုင်အောင် Key တွေ ထုတ်ပေးပါတယ်။

နောက် ဆော့ဖ်ဝဲ ၁ ခုက Outline ဖြစ်ပါတယ်။ အဲဒါက VPN Client App ဖြစ်ပြီး Android , iOS , Windows စတဲ့ ပလက်ဖောင်းများစွာ ထုတ်ပေးထားပါတယ်။ အဲဒါကို သင့် ဖုန်းမှာ အင်စတော လုပ်ပါ။

Outline Manager အသုံးပြုနည်း

Outline Manager မှာ Server ကို Set Up လုပ်ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Cloud Server ၁ ခုနဲ့ ချိတ်ဆက်ပေးရမှာပါ။ Cloud Service တွေထဲမှာ Digital Ocean , Google Cloud , Amazon Lightsail စတာတွေ ပါပါတယ်။ Cloud Service တွေနဲ့ ချိတ်ဆက်နည်းတွေကိုလည်း အဲဒီမှာ ပြောပြပေးထားပါတယ်။ အလွယ်ဆုံးက Amazon Lightsail နဲ့ ချိတ်ဆက်တာပါပဲ။ Set Up ကို နှိပ်ရင် Amazon Lightsail ဝက်ဘ်ဆိုက်ကို ရောက်သွားမှာပြီး Amazon Lightsail မှာ Register အရင် လုပ်ရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့အတွက် Credit Card , Paypal တို့ကို အသုံးပြုရမှာပါ။

Amazon Lightsail မှာ Log In လုပ်ပါ။Create Instant ကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ Time Zone ကို ရွေးပြီး Server တစ်ခုကို Create လုပ်ရမှာပါ။အဲဒီမှာ Amazon Lightsail ရဲ့ Server တွေရှိတဲ့ နိုင်ငံတွေကို မြင်ရမှာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံထဲက ၁ ခုကို ရွေးပြီး Cloud Server ၁ ခု အဖြစ်ဖန်တီးပြီးရင် VPN Server အဖြစ် အသုံးပြုလို့ရမှာပါ။ နိုင်ငံ ၁ ခုကို ရွေးပြီး Settings ထဲသွားရင် Server ရဲ့ သတင်းအချက်အလက်တွေကို တွေ့ရမှာပါ။ ပြီးရင် Outline Manager မှာ Amazon Lightsail ရဲ့ Cloud Server တွေကို Set Up လုပ်လို့ရမှာပါ။

(Amazon Lightsail မှာ Server တစ်ခု ဘယ်လိုပြုလုပ်မလဲဆိုတာ ပုံလေးတွေကို ကြည့်လိုက်ပါ။တည်ဆောက်ပြီးရင်တော့ Outline Manager မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်သွားရုံပါပဲ။)

Amazon Lightsail မှာ Server အသုံးပြုခက ၁ လကို ၅ ဒေါ်လာလောက်ကျသင့်မှာပါ(၃.၅ ဒေါ်လာတန်လဲ ရပါတယ်)။ Connection Tab ထဲသွားရင် My Access Key ကို တွေ့ရမှာ ဖြစ်ပြီး အဲဒါက Device တွေက Outline VPN App မှာ ထည့်သုံးလို့ရအောင် Key တွေ ထုတ်ပေးတာပါ။ အဲဒီကနေ Key တွေထုတ် ကော်ပီကူးပြီး VPN သုံးချင်တဲ့ Device တွေကို မျှဝေနိုင်ပါတယ်။

ဒါဆိုရင် ဈေးသက်သက်သာသာနဲ့ အမြန်နှုန်းလည်း မကျစေဘဲ ကိုယ်ပိုင် VPN ၁ ခုကို အသုံးပြုနိုင်ပါပြီ။

Be the first to comment on "Outline VPN တစ်ခုကို ကိုယ်တိုင် ဘယ်လို ဖန်တီးမလဲ ?"

Leave a comment

Your email address will not be published.


*