ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ခေတ်မှီ လ က် န က် အင်အား ပြည့်စုံအောင်တပ်ဆင်နိုင်ရေးအတွက်ပြင်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေ ၁၆ ရက်တွင် ပြည်သူများထံသတင်းစကားပါးခဲ့သည်။…
သို့သော်လည်း ခေတ်မီတပ်မတော်တစ်ခုဖြစ်စေရန် နှင့်ပြည်သူလူထုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန်အတွက် ထိုက်တန်သည့်အချိန်တစ်ခုလိုအပ်သည်ဟု ၎င်းကဆိုသည်။”ခေတ်မီလ က် န က်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ နည်းစနစ်…
စုဖွဲ့မှုပုံစံကစပြီးလိုအပ်တာတွေစနစ်တကျလေ့ကျင့်သင်ကြားပေးရတာ၊စစ်အင်အား လ က် န က်အင်အား ပြည့်စုံအောင်ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်တန်တဲ့အချိန်ကာလတစ်ခုလိုအပ်တယ်ဆိုတာ ပြည်သူလူထုအားလုံးလည်း…
လက်ခံနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။ထို့အပြင် မင်းတပ်မြို့က ပြည်သူများအား အကာအကွယ်မပေးနိုင်ခဲ့သည့် အတွက်လည်း စိ တ် ထိ ခို က် နာ ကျ င် ခံစားရကြော င်း၊စစ်အာဏာရှင်များ၏ ရ က် ရ က် စ က် စ က်…
ဖိ နို ပ် မှုများကို အသက်စွန့်ပြီး ခု ခံ တွ န်း လှန်ခဲ့ကြသည့် မင်းတပ်မြို့က သူရဲကောင်းပြည်သူများအပါ အဝင် တစ်နိုင်ငံလုံးမှပြည်သူများကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း၎င်းကပြောသည်။” ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့…
မင်းတပ်ပြည်သူတွေခံစားနေရတဲ့ ဒု က္ခ ကို လက်ပိုက် ကြည့်နေတာမဟုတ်ဘဲ တစ်စုံတစ်ရာသက်သာမှုရစေဖို့ မင်းတပ်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ နိုင်ငံ တကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကိုဆက်သွယ်ဆွေးနွေးပြီး အကူအညီတောင်းခံတာတွေ…
ဆောင်ရွက်ခဲ့သလိုမြေပြင်ကပြည်သူလူထုနဲ့ချိတ်ဆက်ပြီးတော့လည်း ကူညီထောက်ပံ့မှုတွေအလျှင်အမြန်ရောက်ရှိအောင်ဆောင်ရွက်ပေးလျှက်ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန် ကြီးချုပ်က ပြောဆိုခဲ့သည်။…
မေလ ၁၆ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းတစ်လပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။ သက်တမ်းတစ်လပြည့်နေ့တွင် ပြည် ထောင်စုဝန်ကြီးချုပ်က ပြည်သူများအား ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။…
Be the first to comment on "လက်နက် အင်အား ပြည့်စုံအောင်ပြင်ဆင်နေကြောင်း NUG က သတင်းစကားပါး.."