ရင်ဘတ်ပေါ်က အမာရွတ်တွေကို မဖုံးကွယ်ဘဲကိုယ်ပိုင်အလှတရားတိုင်းဟာ တန်ဖိုးရှိကြောင် ရဲရဲဝံ့ဝံ့ဖော်ပြခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်

ရင်ဘတ်ပေါ်က အမာရွတ်တွေကိုအမာရွတ်တွေကိုမဖုံးကွယ်ဘဲမဖုံးကွယ်ဘဲ ကိုယ်ပိုင်အလှတရားတိုင်းဟာ တန်ဖိုးရှိကြောင် ရဲရဲဝံ့ဝံ့ဖော်ပြခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်

Miss Universe Myanmar သူဇာဝင့်လွင်ဟာ အလှတရားရော အရည်အချင်းပါ ပြည့်စုံသူ တစ်ယောက်ပါ။ သူမအသက် (၁၉) နှစ်အရွယ်မှာ ရင်သားမှာ အဆီကြိတ်စတင်တွေ့ရှိခဲ့ပြီးအ ချိန်မီ မခွဲစိတ်ပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိတာကြောင့်အ မြန်ခွဲစိတ်ခဲ့ရပါတယ်။ ခွဲစိတ်ထားတဲ့ အမာရွတ်ကနေတဆင့် အလာ့ဂျစ်တွေ ဖြစ်လာခဲ့ပြီးနောက် အရင်ထက်ပိုကြီးတဲ့အမာရွတ် တစ်ခု ဖြစ်သွားခဲ့ပါတယ်။

မော်ဒယ်လုပ်ငန်းတွေ စတင်လုပ်ကိုင်တဲ့အချိန်မှာ ဒီအမာရွတ်ကို လေဆာနဲ့ဖျက်ပစ်ဖို့ လုပ်ခဲ့ပေမယ့်အရေပြားပေါ်က အမာရွတ်တစ်ခုဟာ သူမရဲ့အရည်အချင်းနဲ့ကြိုးစားမှုတွေကို ရပ်တန့်ပစ်နိုင်မှာ မဟုတ်တာကြောင့် ဖျက်ပစ်မယ့် အစီအစဉ်ကို ရပ်တန့်လိုက်ပါတယ်။

Miss Universe Myanmar အဖြစ် ရွေးချယ်ခံရစဉ်တုန်းကလည်း မိသားစုတွေ ဂုဏ်ယူရတဲ့သမီးလေး ဖြစ်ခဲ့သလို အမျိုး သမီးတွေအတွက်လည်း အသိပညာပေးနိုင်တဲ့ Miss တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမဝင်ခင်ရော ဝင်နေစဉ်မှာရောအ ခက်အခဲတွေမျိုးစုံ တွေ့ကြုံခဲ့ရပေမယ့် စိတ်ဓာတ်ကျမနေဘဲဖြစ် လာတဲ့ အခက်အခဲတွေအပေါ်မှာ သင်ခန်းစာယူပြီး အရင်ကထက်ပိုတဲ့ ကြိုးစားမှုတွေနဲ့ အားလုံးရဲ့ရှေ့ကို အပြုံးမပျက်ထွက်လာခဲ့ပါတယ်။

Miss Universe National Costume ပွဲအတွက် အဓိက စီစဉ်ထားတဲ့ ဝတ်စုံရောက်မလာခဲ့ပေမယ့် ချင်းရိုးရာဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပြည်အတွက် ရတဲ့ဖက်က Speak Out လုပ်သွားခဲ့ပါသေးတယ်။

ဒီနေ့မှာလည်း သူမရဲ့အပြာရောင် Bikini ဝတ်စုံလေးနဲ့ လှရက် လွန်းတဲ့ပုံရိပ်တွေနဲ့အတူ အမျိုးသမီးတိုင်းဟာ ကိုယ်ပိုင်အ လှတရားရှိကြောင်းနဲ့ ဒီအလှတရားကို တန်ဖိုးထားဖို့လိုကြောင်း ပြောပြခဲ့ပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ရှုံ့ချနေဖို့မလိုဘဲ ရှိရင်းစွဲအလှတရားကို လက်ခံပြီး ချီးမွန်းပေးဖို့လိုတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်လည်း ရင်ဘတ်ကအမာ ရွတ်ကိုမဖုံးကွယ်ဘဲ ရဲရဲဝံ့ဝံ့ဖော်ပြခဲ့ပါတယ်။

ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး အမျိုးသမီးတွေအတွက် အသိပညာ ပေးတတ်တဲ့ Miss Universe Myanmar လေးကို ပွဲစဉ်တစ်လျှောက် အားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။မူးရင်းရေးသားသူကိုခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

Be the first to comment on "ရင်ဘတ်ပေါ်က အမာရွတ်တွေကို မဖုံးကွယ်ဘဲကိုယ်ပိုင်အလှတရားတိုင်းဟာ တန်ဖိုးရှိကြောင် ရဲရဲဝံ့ဝံ့ဖော်ပြခဲ့တဲ့ Miss Universe Myanmar သူဇာဝင့်လွင်"

Leave a comment

Your email address will not be published.


*