သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့သီဆိုပြီး လူငယ်ပရိသတ်တွေကြားမှာ ယနေ့ချိန်ထိတိုင်အောင်နေရာ ရယူထားတဲ့ တေးသံရှင် ထူးအယ်လင်း ကိုတော့ ပရိသတ်တွေ အားလုံး သိကြမယ်ထင်ပါတယ်။ထူးအယ်လင်းကတော့ ဖေဖော်ဝါရီ ပထမအပတ်ကနေစပြီး ပရိသတ်တွေ၊ ပြည်သူတွေနဲ့ အတူ အမှန်တရားအတွက် လမ်းပေါ်ထွက်ကာ တိုင်ပွဲဝင်ခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။
သူဟာ လူငယ်ယောကျာ်းလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ Biker တစ်ယောက်ဖြစ်ပြီး အများအကျိုးအတွက် ပရဟိတတွေ လုပ်ကာ ပျော်ပျော်ရွှင်ရွှင်နေတက် သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ရဖို့ အတွက် ပြည်သူတွေ ပရိသတ်တွေနဲ့ အတူ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ထူးအယ်လင်းဟာ လိုအပ်တဲ့ နေရာတွေမှာလည်း လှူဒါန်းမှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း စစ်ဘေးရှောင်တွေအတွက် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။
“ချောင်ပိတ်ရိုက်လွန်းရင် မထင်ထားတဲ့ ရလဒ်တွေ ထပ်ဆင့် ပွားများလာတော့မှာ မလွဲဧကန်ပဲ… အကောင်း အဆိုးကတော့ လုပ်ရပ်ပေါ်မှာမူတည်တယ်… သေချာတာက သက်မဲ့အရုပ်တွေမဟုတ်တော့… ဉာဏ်နဲ့ယှဉ်ပြီး မျက်တောင်တစ်ဆုံးမကြည့်ပဲ မျက်စိတစ်ဆုံး ကြည့်ပြီး အကောင်းဘက်ကို မြင်တွေးနိုင်ကြပါစေခင်ဗျာ… ပြေလည်ကြပါစေ……”ဆိုပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ အမုန်းခံနိုင်တယ်ဆိုတဲ့အကြောင်း သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်…။
Be the first to comment on "အမှန်တရားအတွက် လုပ်သင့်လုပ်ထိုက်တာကိုလုပ်မယ် လို့ ပြောလာတဲ့ ထူးအယ်လင်း"