သို့/ ချစ်ရပါသော သားငယ်၊ သားဖေကြီးတို့ အိမ် လေး ဆီကို ပြန်လာခွင့်မရခဲ့တာ၂၇.၃.၂၀၂၁ နေ့ကတည်းကသားမေကြီးကလည်းထမင်းလေးခူးပြီး ထမင်းဝိုင်းမှာ သားငယ် ကြိုက်တတ်တဲ့ဟင်း လေးတွေနဲ့ ခွန့်ကျွေးဖို့စောင့်နေလေရဲ့ သား.ကိုကိုကြီး ကလည်း သူ့ညီလေး သွားချင်တဲ့နေရာလေးတွေ ပြောချင်တဲ့စကား လေးတွေ နားထောင်ပေးဖို့ စောင့်ကြိုနေတယ်သား
သားညီမငယ်လေးက သူ့ကိုလေး ဝယ်ပေးနေကြ မုန့်လေးတွေ အရုပ်ကလေးတွေ မျှော်နေရှာတယ် သားညီမငယ်လေးက သူ့ကိုလေးကျောင်းပို့နေကြမှို့သူ့စာကြည့်စားပွဲလေးမှာ မျှော်နေရှာတယ်သူ့ကိုလေး မျက်စေ့ကွယ်သွားတာလက်ဖြတ်လိုက်ရတာခြေထောက်တွေ လမ်းမလျှောက်နိုင်တော့တာခုထိ မသိရှာဘူး
သားမွေးထားတဲ့ခွေးလေး ဖွေး ဖွေး ကလည်း အစား ကောင်းကောင်းမစားတော့ဘူး တိ/ကု ဆရာဝန် နဲ့ပြနေရပြီ အထူးသဖြင့် မေကြီးက ဆီချို ရောဂါကြီးနှင့် သမားတော်ကြီးဆေးတွေ သားငယ် ပြန်လာမှ သောက်မယ်တဲ့ ဖေကြီးအတွက်တော့မပူနဲ့ကွဲပြဲသွားတဲ့နှလုံးသားလည်း အနာမကျက်ချင်ဘူးသားငယ် အပြန်လမ်းကို ထမရည်(ထမင်းရည်) သောက်ပြီးလမ်းရှင်းပေးဖို့ဓားသွေးစောင့်နေတယ်
သားငယ် ရဲ့ဖေကြီး
————
သို႔/ ခ်စ္ရပါေသာ သားငယ္၊ သားေဖႀကီးတို႔ အိမ္ ေလး ဆီကို ျပန္လာခြင့္မရခဲ့တာ၂၇.၃.၂၀၂၁ ေန႔ကတည္းကသားေမႀကီးကလည္းထမင္းေလးခူးၿပီး ထမင္းဝိုင္းမွာ သားငယ္ ႀကိဳက္တတ္တဲ့ဟင္း ေလးေတြနဲ႔ ခြန႔္ေကြၽးဖို႔ေစာင့္ေနေလရဲ႕ သား.ကိုကိုႀကီး ကလည္း သူ႔ညီေလး သြားခ်င္တဲ့ေနရာေလးေတြ ေျပာခ်င္တဲ့စကား ေလးေတြ နားေထာင္ေပးဖို႔ ေစာင့္ႀကိဳေနတယ္သား
သားညီမငယ္ေလးက သူ႔ကိုေလး ဝယ္ေပးေနၾက မုန႔္ေလးေတြ အ႐ုပ္ကေလးေတြ ေမွ်ာ္ေနရွာတယ္ သားညီမငယ္ေလးက သူ႔ကိုေလးေက်ာင္းပို႔ေနၾကမႈိ႕သူ႔စာၾကည့္စားပြဲေလးမွာ ေမွ်ာ္ေနရွာတယ္သူ႔ကိုေလး မ်က္ေစ့ကြယ္သြားတာလက္ျဖတ္လိုက္ရတာေျခေထာက္ေတြ လမ္းမေလွ်ာက္ႏိုင္ေတာ့တာခုထိ မသိရွာဘူး
သားေမြးထားတဲ့ေခြးေလး ေဖြး ေဖြး ကလည္း အစား ေကာင္းေကာင္းမစားေတာ့ဘူး တိ/ကု ဆရာဝန္ နဲ႔ျပေနရၿပီ အထူးသျဖင့္ ေမႀကီးက ဆီခ်ိဳ ေရာဂါႀကီးႏွင့္ သမားေတာ္ႀကီးေဆးေတြ သားငယ္ ျပန္လာမွ ေသာက္မယ္တဲ့ ေဖႀကီးအတြက္ေတာ့မပူနဲ႔ကြဲၿပဲသြားတဲ့ႏွလုံးသားလည္း အနာမက်က္ခ်င္ဘူးသားငယ္ အျပန္လမ္းကို ထမရည္(ထမင္းရည္) ေသာက္ၿပီးလမ္းရွင္းေပးဖို႔ဓားေသြးေစာင့္ေနတယ္
သားငယ္ ရဲ႕ေဖႀကီး
Be the first to comment on "စိတ်မကောင်းစွာ ရေးသားထားတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဖခင်"