ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပြီး မလျော့သောဇွဲနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ ဆေးကျောင်းသူလေး ဟေလရီစိုး…

ပရိတ်သတ်ကြီးရေ အခုတစ်ခါ ချစ်စရာ အရမ်းကောင်းတဲ့ ပုံရိပ် လေးတွေ ကြောင့်ပရိသတ်တွေကြားမှာ နာမည် အရမ်းကြီးနေတဲ့ ဆေးကျောင်းသူ Photo Model လေး ဟေလရီစိုးနဲ့ မိတ်ဆက်ပေးပါရစေ။ကလေးလေးတစ်ယောက်လို ချစ်စရာအပြုံး၊ ဖြူဝင်းနုဖတ် တဲ့ အသားအရေနဲ့အရမ်းကို ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ကတော့ ရခိုင်တိုင်းရင်းသူလေး ဟေလရီစိုး(မေသဒ္ဓါ) ဘဲဖြစ်ပါတယ်။

စကားသံဝဲဝဲလေးနဲ့ သူမကတော့ ၂၀၁၈ ကနေစပီး သူမရဲ့အလှပုံလေးတွေကို ဆိုရှယ် မီဒီယာကနေ ပရိတ်သတ်ကို ချပြလေ့ရှိပါတယ်။ချစ်စရာ ကောင်းလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့် ယောင်္ကျားလေး မိန်းကလေးပရိတ်သတ်တွေ ကြား လူကြိုက်များလှပါတယ်။အနုပညာ အနေနဲ့ တော့ သရုပ်ဆောင်ပိုင်း ကိုပိုမိုနှစ်သက်ပြီးတစ်ဖြည်းဖြည်းချင်း သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။

သူမက ရုပ်ရည်လေးလဲ လှသလို ပညာအရည် အချင်း ကလည်း ဆေးတက္ကသိုလ်(၂)မှာဒုတိယနှစ် တက်နေတဲ့ ဆရာဝန်လောင်း ကျောင်းသူလေးဘဲဖြစ်ပါတယ်။အမေကနှလုံးမကောင်းတော့ နှလုံးအထူးကုဖြစ်အောင်လုပ်မယ် ဆိုပီးလည်းရည်မှန်းထားတဲ့ စိတ်ထားလည်းလှတဲ့ ဆရာဝန်မလေး တစ်ယောက် လည်း ဖြစ်ပါတယ်။

သူမက ယခုလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူ အမှန်တရားဘက်ကရပ်တည်ြင်္ပီး လူထုလှုပ်ရှားမ့မှာတတ်ကြွစွာနဲ့ပါဝင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ပြည်သူလူထုနဲ့အတူတစ်သားနတည်းရပ်တည်ခဲ့တဲ့သူမကိုပရိတ်သတ်တွေကလည်း အလွန်ချစ်ခင်ဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးကလည်း ပြည်သူနဲ့တစ်သားတည်းဓမ္မဘက်ကအပြည့်အဝရပ်တည်ပေးနေပြီး ပရိတ်သတ်အားပေးရကျိုးနပ်တဲ့ ဟေလရီစိုးကို အရင်ကထက်ပိုပြီး အားပေးကြပါအုံးနော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်..။

Credit

Be the first to comment on "ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ပြီး မလျော့သောဇွဲနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေတဲ့ ဆေးကျောင်းသူလေး ဟေလရီစိုး…"

Leave a comment

Your email address will not be published.


*