ကျပ်ငါးထောင်တန် ငွေစက္ကူ မီးရှို့သူ လင်မယားနှစ်ဦးကို ဖမ်းလိုက်ပါပြီ

က်ပ္ငါးေထာင္တန္ ေငြစကၠဴ မီးရႈိ႕ဖ်က္ဆီးသူ ႏွစ္ဦးကို ဖမ္းဆီးအေရးယူ

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ တရားဝင္ထုတ္လုပ္ထားေသာ ျမန္မာက်ပ္ေငြ ငါးေထာင္က်ပ္တန္ ေငြစကၠဴအား အြန္လိုင္းတြင္ Live လႊင့္မီးရႈိ႕ျပသူႏွစ္ဦးကို ဖမ္းဆီးအေရးယူထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ႏိုဝင္ဘာလ ၃၀ ရက္တြင္သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၇ ရက္ ေန႔လည္ ၁ နာရီခန႔္တြင္ Biggest Online Shopping Page တြင္ အမ်ိဳးသား တစ္ ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔မွ Live လႊင့္မီးရႈိ႕ျပခဲ့သျဖင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ စုံစမ္းေဖာ္ထုတ္ခဲ့ရာသဃၤန္းကြၽန္းၿမိဳ႕နယ္၊ ေလးေထာင့္ကန္ ရပ္ကြက္ေန အမ်ိဳးသားႏွင့္ ၎၏ဇနီးတို႔ျဖစ္ေၾကာင္း သိရွိရသျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ ၁၀၃/၁၀၇ ျဖင့္ အေရးယူေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒ၊ အခန္း(၁၆)၊ အပိုဒ္-၉၉(က) အရ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ ခြင့္ျပဳခ်က္မရွိဘဲ ေငြစကၠဴမ်ားအား ျဖတ္ေတာက္ျခင္း၊ ဆုတ္ၿဖဲျခင္း(သို႔) အျခား တစ္နည္းနည္းျဖင့္ ပုံသ႑ာန္ပ်က္ယြင္းေအာင္မျပဳလုပ္ရန္ တားျမစ္ခ်က္ထုတ္ျပန္ထားသည္ကို ေဖာက္ဖ်က္က်ဴးလြန္ခဲ့ေၾကာင္း ေတြ႕ရွိရသျဖင့္အေရးယူရန္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းသိရသည္။

ရွိန္းဝင္းထိုက္(ဓာတ္ပုံ-ရဲဇာနည္)

———–

ကျပ်ငါးထောင်တန် ငွေစက္ကူ မီးရှို့ဖျက်ဆီးသူ နှစ်ဦးကို ဖမ်းဆီးအရေးယူ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ထုတ်လုပ်ထားသော မြန်မာကျပ်ငွေ ငါးထောင်ကျပ်တန် ငွေစက္ကူအား အွန်လိုင်းတွင် Live လွှင့်မီးရှို့ပြသူနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုဝင်ဘာလ ၃၀ ရက်တွင်သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက် နေ့လည် ၁ နာရီခန့်တွင် Biggest Online Shopping Page တွင် အမျိုးသား တစ် ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှ Live လွှင့်မီးရှို့ပြခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာသင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် ရပ်ကွက်နေ အမျိုးသားနှင့် ၎င်း၏ဇနီးတို့ဖြစ်ကြောင်း သိရှိရသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ၁၀၃/၁၀၇ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ အခန်း(၁၆)၊ အပိုဒ်-၉၉(က) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်မရှိဘဲ ငွေစက္ကူများအား ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း(သို့) အခြား တစ်နည်းနည်းဖြင့် ပုံသဏ္ဍာန်ပျက်ယွင်းအောင်မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသဖြင့်အရေးယူရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ရှိန်းဝင်းထိုက်(ဓာတ်ပုံ-ရဲဇာနည်)

Be the first to comment on "ကျပ်ငါးထောင်တန် ငွေစက္ကူ မီးရှို့သူ လင်မယားနှစ်ဦးကို ဖမ်းလိုက်ပါပြီ"

Leave a comment

Your email address will not be published.


*