မြန်မာငွေ ရှားပါးမှု ပြဿနာ တကယ်ဖြစ်လာနိုင်မလား ..?

မြန်မာငွေ ရှားပါးမှု ပြဿနာ တကယ်ဖြစ်လာနိုင်မလား

တစ်နေ.က ရွှေကိုင်မလား ဒေါ်လာကိုင်မလားဆိုတဲ့ပို.စ် ရေးလိုက်တော့ မိတ်ဆွေတစ်ယောက်က သူ. အတွေ.အကြုံတွေ လာပြောပြပါတယ်။

ခင်ညွန်.လက်ထက်ကတည်းက နိုင်ငံခြားငွေ စီမံချက်ရှိပါတယ်တဲ့။ နိုင်ငံခြားက ငွေလွှဲအများစုဟာ သူတို.လူတွေပါတဲ့။ စလုံး၊ ထိုင်း၊ တရုတ်နဲ. မလေးက ငွေတွေကို နောက်ကွယ်ကနေ သူတို.ဒိုင်ခံ မြန်မာငွေလဲပေးနေတာတဲ့။

အရင် NLD အစိုးရခေတ်ကတည်းကိုက မအလတို.ဆီမှာ ရွှေက တန်ချိန်ကို ထောင်ချီရှိတာပါတဲ့။ ထိုင်းအစိုးရနဲ. နွယ်တဲ့ ဘဏ်တစ်ခုတည်းမှာကို တန်ချိန် ၂၀၀၀ ရှိပါတယ်တဲ့။ စစ်တပ်ထဲက စီးပွားရေး တာဝန်ခံတွေကိုယ်တိုင် တရုတ်ပြည်မှာ ရောင်းဖို. ကိုဗစ် မဖြစ်ခင် တစ်နှစ်ဝန်းကျင်လောက်ကတည်းက ရောင်းဖို. အစီအစဉ်ရှိခဲ့ဖူးပါတယ်တဲ့။

ရေနံ၊ ဓာတ်ငွေ.၊ ကျောက်မျက်၊ သစ် နဲ. သံယဇာတတွေ ရောင်းတဲ့ လမ်းကြောင်းသာမက တခြား တရားဝင် မဝင် လမ်းကြောင်းတွေက ဖန်တီးထားပြီးသားပါတဲ့။

အထက်က သတင်းကို မိတ်ဆွေတို. ဆွေးနွေးပြီး အတည်ပြုပေးဖို. တောင်းဆိုလိုပါတယ်။

ကျနော်တခြားနေရာတွေကနေ ကြားဖူးတာက မြန်မာငွေထက် ဒေါ်လာ နဲ. ရွှေတွေကိုပဲ မအလ နဲ. စစ်တပ်အသိုင်းအဝိုင်းက စုထားတာပါတဲ့။ သူတို. ကိုယ်တိုင်လည်း မြန်မာငွေကို တန်ဖိုး မထားခဲ့မိတဲ့ပုံ ပေါ်ပါတယ်။

ဒီသတင်းတွေသာ မှန်ရင်တော့ မြန်မာငွေရှားပါးမှုဟာ ဖြစ်လာနိုင်ဖို. ရာခိုင်နှုန်း များလာပြီ လို. ထင်မြင်မိပါတယ်။ ဒီလိုပြောလို.၊ ရွှေဈေး၊ ဒေါ်လာဈေးကို ဖျက်ဖို. ရည်ရွယ်တာ မဟုတ်ဘူးဆိုတာတော့ သက်ဆိုင်သူများ နားလည်ပေးကြပါ။ မြန်မာငွေ စုတာ၊ မစုတာကတော့ ကံယာကံရှင်တွေကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါ။

ဖြည့်စွတ်ချက်

မိတ်ဆွေ တစ်ယောက်မက လာပြောပြချက်အရတော့ ရွှေတန်ချိန် ထောင်ချီဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

ရာချီတောင်ဖြစ်နိုင်ဖို့ မလွယ်ဘူး ထင်ပါတယ်။ ဆက်ပြီးကွန်ဖန်းပေးကြပါ။ထိုင်းဖက်က ငွေလွှဲတွေကတော့ အရင်ကတော့ မသိဘူး အခုကတော့ မအလတို. လုပ်ဖို. မလွယ်ပါဘူးတဲ့ခင်ဗျာ။ သိသူများ ဆက်ပြီး ကွန်ဖန်းပေးကြပါ။

မူရင်းပိုစ့်

CRD_Kyaw Kyaw Lin

Be the first to comment on "မြန်မာငွေ ရှားပါးမှု ပြဿနာ တကယ်ဖြစ်လာနိုင်မလား ..?"

Leave a comment

Your email address will not be published.


*